ဆောင်းရာသီဈေးကွက်အတွင်းမှာ ယူနိုက်တက် တို့ ကစားသမားသစ်ထပ်ခေါ်နိုင်ဖွယ်ရှိမရှိ ဖာဒီနန် ထုတ်ဖော်ပြောကြား
ဆောင်းရာသီဈေးကွက်အတွင်းမှာ ယူနိုက်တက် တို့ ကစားသမားသစ်ထပ်ခေါ်နိုင်ဖွယ်ရှိမရှိ ဖာဒီနန် ထုတ်ဖော်ပြောကြား ————————- မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိဆောင်းရာသီ ဈေးကွက်ထဲမှာ ကစားသမားခေါ်ယူမှာမဟုတ်တော့ဘူးလို့ နောက်ခံကစား သမားဟောင်တစ်ဦးဖြစ်တဲ့ ဖာဒီနန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက် တို့ဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကြိုတင်သဘောတူညီမှု ရယူထားခဲ့တဲ့ ဒီယယ်လို တစ်ဦးသာခေါ်ယူထားသေးတာဖြစ်ပါတယ်။ သို့သော်လည်း ဖာဒီနန်ကတော့ ဆိုးလ်ရှားအနေနဲ့ ဈေးကွက်ထဲမှာ နောက်ထပ် ကစားသမားတွေခေါ်ယူသင့်သေးတယ်လို့ ယူဆနေတာဖြစ်ပါတယ်။ ဖာဒီနန်က” ကျွန်တော်ကတော့ အိုလီ ကစားသမားတွေထပ်ခေါ်မယ်လို့ မထင်တော့ပါဘူး။ ယူနိုက်တက် က ကစားသမားသစ်တွေခေါ်ချင်တောင်မှ အခြားအသင်းက သူတို့ကစားသမားတွေကို ရောင်းချမှာလားဆိုတာ မသေချာပါဘူး။ ဒါကြောင့် ယူနိုက်တက်က ဒီအပြောင်းအရွေ့မှာ ကစားသမားခေါ်ယူမှု ထပ်မလုပ်တော့ဘူးလို့ ထင်မိပါတယ်။ နောက်ထပ်ကစားသမားသာ ခေါ်ယူခဲ့မယ်ဆိုရင် ကျွန်တော့်အံ့ဩမိမှာပါ ” လို့ ဖာဒီနန်ကပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ […]
Continue Reading