ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ဆန်ချိူအတွက် ရောင်းချနိုင်မယ့်ရက် သတ်မှတ်ပေးလိုက်တဲ့ ဒေါ့မွန်

ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ဆန်ချိူအတွက် ရောင်းချနိုင်မယ့်ရက် သတ်မှတ်ပေးလိုက်တဲ့ ဒေါ့မွန် ——————— ဒီရက်ပိုင်းအတွင်းမှာ လှုပ်ခက်နေတဲ့ ဆန်ချိူ နဲ့ ယူနိုက်တက် တို့ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး ဒေါ့မွန်အသင်းတာဝန်ရှိသူတွေကတော့ ယူနိုက်တက် အနေနဲ့ ဆန်ချိူကို ဆန်ချိုကို ကမ်းလှမ်းနိုင်မယ့်နောက်ဆုံးရက် သတ်မှတ်ပေးလိုက်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ခေါ်ယူချင် ခေါ်ယူလို့ရမယ့် နောက်ဆုံးရက်ကို ယူနိုက်တက်အတွက် သတ်မှတ်ပေးခဲ့ပေမဲ့လည်း မူရင်းသတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ ပြောင်းလည်းသွားမှာမဟုတ်ကြောင်းလည်း ဆိုပါတယ်။ ယူနိုက်တက် ဘက်က ဒေါ့မွန်သတ်မှတ်ထားတဲ့ ဈေးနှုန်းရဲ့တစ်ဝက်လောက်နဲ့ ဆန်ချိူကို ခေါ်ယူချင်တဲ့ သဘောရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ ဒေါ့မွန် နဲ့ ဆန်ချိုရဲ့ စာချုပ်သက်တမ်းက ၂၀၂၂ခုနှစ် မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်ရာသီကုန်ကျမှသာ ဒေါ့မွန်ဘက်က ညှိုနှိုင်းမှု အနေအထားကို လျှော့ပေးလာနိုင်ပါတယ်။ လက်ရှိမှာတော့ […]

Continue Reading

ဘုန်းမောက်နဲ့ပွဲမှာ လှပတဲ့ ဖရီးကစ်နောက်ကွယ်က ဇာတ်လိုက်ကို ဖာနန်ဒက်စ် ဖွင့်ဟပြောကြား

ဘုန်းမောက်နဲ့ပွဲမှာ လှပတဲ့ ဖရီးကစ်နောက်ကွယ်က ဇာတ်လိုက်ကို ဖာနန်ဒက်စ် ဖွင့်ဟပြောကြား —————— မန်ချက်စတာယူနိုက်တက် အသင်းက ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဖရီးကစ် ကနေတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က အဆိုပါဖရီးကစ်သွင်းဂိုးနဲ့ ပတ်သက်ပြီး အသင်းဖော်ပေါ့ဂ်ဘာရဲ့အကြံပေးမှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ အဆိုပါ ဖရီကစ်ဟာ တော်တော်လေးလှပခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာ နဲ့ ဖာနန်ဒက်စ်တို့ နှစ်ဦး ကန်သွင်းဖို့ နေရာယူခဲ့ကြတာဖြစ်ပြီး ပေါ့ဂ်ဘာက သူ့ကို ဘယ်နေရာကိုကန်သွင်းဖို့အကြံပေးခဲ့ကြောင်း ဖာနန်ဒက်စ်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်က သူရဲ့ အင်စတာဂမ် အကောင့်မှာ ပေါ့ဂ်ဘာ နဲ့ သူနဲ့ ဖရီးကစ်ကန်သွင်းဖို့ နေရာယူထားကြတဲ့ ပုံကို တင်ထားခဲ့တာဖြစ်ပြီး “ခင်ဗျားသာ ပေါလ်ပေါ့ဂ်ဘာ ရဲ့ အကြံပေးမှုကို ယုံကြည်မယ်ဆိုရင် […]

Continue Reading

ဂရင်းဝုဒ်က ရွန်းနီ၊ ရော်နယ်ဒို တို့ နဲ့ မတူညီပဲ ကွဲပြားခြားနားတဲ့ ကစားသမားလို့ ဆိုးလ်ရှား ထုတ်ဖော်ချီးကျူး

ဂရင်းဝုဒ်က ရွန်းနီ၊ ရော်နယ်ဒို တို့ နဲ့ မတူညီပဲ ကွဲပြားခြားနားတဲ့ ကစားသမားလို့ ဆိုးလ်ရှား ထုတ်ဖော်ချီးကျူး ——————— မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားက အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဂရင်းဝုဒ် ရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အကယ်ဒမီထွက်ကစား သမားလေးတစ်ဦးဖြစ်တဲ့ ဂရင်းဝုဒ် ဟာ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိရှိလာခဲ့ပြီဖြစ်သလို ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း ၁၅ ဂိုး အထိသွင်းယူထားပါတယ်။ ဂရင်းဝုဒ် ရဲ့ အသက်အရွယ်နဲ့ အဆုံး သတ်သေချမှုတွေအပေါ် ဆိုးလ်ရှားက ချီးကျူးခဲ့တာဖြစ်ပြီး ၂၀၀၃ – ၂၀၀၄ ရာသီက အဲဗာတန်မှာ ၉ ဂိုးသွင်း သွင်းခဲ့တဲ့ […]

Continue Reading

ဖော်လန် ကိုင်တွယ်နေတဲ့အသင်းက တိုက်စစ်မှူးလေးကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ဆိုးလ်ရှား

ဖော်လန် ကိုင်တွယ်နေတဲ့အသင်းက တိုက်စစ်မှူးလေးကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ဆိုးလ်ရှား ———————- မန်ချက်စတာယူနိုက်တက် အသင်းဟာ တောင်အမေရိက ရဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့်လေးတစ်ဦးဖြစ်တဲ့ ဖာကွန်ဒို ပယ်လစ်စတီ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ The Athletic ကဖော်ပြခဲ့ပါတယ်။ ဒီကစားသမားလေးဟာ ဖော်လန် ကိုင်တွယ်နေတဲ့ ပီနာရိုလ် အသင်းမှာ ကစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ဒီတိုက်စစ်မှူးလေးဟာ လက်ရှိကစားနေတဲ့ ကလပ်အသင်းနဲ့စာချူပ်သက်တမ်း ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတယ်လို့သိရပါတယ်။ လက်ရှိ ပီနာရိုလ် အသင်းကို ကိုင်တွယ်နေသလို မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဖော်လန်ကိုယ်တိုင်ကလည်း သူ့ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဆိုးလ်ရှားအနေနဲ့ ပယ်လစ်စတီ ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ ပယ်လစ်စတီ ဟာ မြန်နှုန်းမြင့် ကစား သမားတစ်ဦးဖြစ်သလို […]

Continue Reading

မန်ချက်စတာယူနိုက်တက် အဓိကထား အင်အားဖြည့်တင်းရမယ့်နေရာ နှစ်ခုကို ပေါလ်စခိုးလ် ထောက်ပြ

မန်ချက်စတာယူနိုက်တက် အဓိကထား အင်အားဖြည့်တင်းရမယ့်နေရာ နှစ်ခုကို ပေါလ်စခိုးလ် ထောက်ပြ ——————- Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်ကတော့ အသင်းဟောင်းရဲ့ ဘယ်နေရာတွေက အင်အားဖြည့်တင်းဖို့ လိုအပ်လဲဆိုတာကို ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ ပေါလ်စ်ခိုးလ်က ယူနိုက်တက် တို့ လီဗာပူးလ်၊ မန်စီးတီးတို့ကို အမှီလိုက်နိုင်ဖို့ဆိုရင် အသင်းရဲ့ အဓိက နေရာကနှစ်ခုကို အင်အားဖြည့်တင်းဖို့ လိုအပ်ကြောင်းပြောဆိုခဲ့တာဖြစ်ပြီး အထောင်တိုက်စစ်မှူး တစ်ဦး နဲ့ ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ အကြံပြုခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းကပြောကြားခဲ့ရာမှာတော့” ယူနိုက်တက်နေအနဲ့ အခုဆိုရင် ခါးသီးပြိုင်ဘက် လီဗာပူးလ်နဲ့ ရမှတ် ၃၀ ကွာဟနေပါပြီ။ ဒါဆိုရင် နှစ်သင်ကြားကွာခြားချက်က ကြီးမားသွားပါပြီ၊ လက်ရှိလီဗာပူးလ်အသင်းက မန်စီးတီးလိုအသင်းကိုတောင် ရမှတ် ဘယ်လောက်ဖြတ်ထားလဲ၊ အခုလိုပြောလို့ သူတို့လိုအသင်းတွေကို အမှီလိုက်ဖို့ငွေသန်းချီးသုံးဖို့ ဆိုလိုတာမဟုတ်ဘူးနော်၊ […]

Continue Reading

ဂရင်းဝုဒ် ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ အိုလေဂန်နာ ဆိုးလ်ရှား

ဂရင်းဝုဒ် ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ အိုလေဂန်နာ ဆိုးလ်ရှား ——————– အိုးထရက်မှာ ဘုန်းမောက်အသင်းကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ကို နည်းပြဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးလိုက်ပြီး ၎င်းအနေနဲ့ မကြာခင် အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်း ခံရလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာ ဘယ်ခြေညာခြေ နဲ့ သွင်းဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေးဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၈)ဂိုးအထိရှိလာခဲ့ပြီး ၁၈ နှစ်အရွယ်ဖြင့် ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးသွင်းယူထားသည့် ရွန်းနီ၏စံချိန်ကို လိုက်မှီဖို့ ၁ ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားကပြေကြားခဲ့ရာမှာတော့” ဒီခြေစွမ်းအတိုင်းသာ ဆက်ပြီးထိန်းထားနိုင်ခဲ့မယ်ဆိုရင် သိပ်မကြာခင် အနာဂတ်မှာ မေဆွန်ကို အင်္ဂလန် အသင်းရဲ့တိုက်စစ်မှူးအဖြစ်မြင်တွေ့ရဖို့ရှိနေပါပြီ၊ […]

Continue Reading

၁၆ (ပွဲ)ဆက်ရှုံးပွဲမရှိနဲ့ အိမ်ကွင်းမှာ ဂိုးမိုးရွာချလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

၁၆ (ပွဲ)ဆက်ရှုံးပွဲမရှိနဲ့ အိမ်ကွင်းမှာ ဂိုးမိုးရွာချလိုက်တဲ့ မန်ချက်စတာယူနိုက်တက် ——————— မန်ချက်စတာယူနိုက်တက် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်။ ဖာနန်ဒက်စ် တို့ တိုက်စစ်အစွမ်းပြပြီး ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီညနေအစောပိုင်းကတည်းက ပေါ့ဂ်ဘာ နဲ့ ဖာနန်ဒက်စ် လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့လို့ မပါနိုင်ဘူးဆိုတဲ့ ကောလဟာလ သတင်းတွေကလည်း တက်တက်စင်အောင်လွဲချော်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လူစုံ တက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ စတန်နင်းစလက် က မက်ဂွဲယားရဲ့ခြေနှစ်ချောင်းကြားထဲကနေ ဘောလုံးကို လှလှပပဆွဲထုတ်ပြီး အပိုင်ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ ဦးဆောင်ဂိုးက သိပ်မကြာလိုက်ပဲ ဂရင်းဝုဒ် ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ် တို့က […]

Continue Reading

လာမယ်ရာသီမှာ ကစားသမားတစ်ဦးနှစ်ဦးလောက်ခေါ်ယူဖို့ ဆိုးလ်ရှား ထုတ်ဖော်ပြောကြား

လာမယ်ရာသီမှာ ကစားသမားတစ်ဦးနှစ်ဦးလောက်ခေါ်ယူဖို့ ဆိုးလ်ရှား ထုတ်ဖော်ပြောကြား ———————- မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလေဂန်နာဆိုးလ်ရှားက လာမယ့် ရာသီသစ်မှာ ဆုဖလားတွေကို ယှဉ်ပြိုင်စိန်ခေါ်နိုင်ဖို့အတွက် လာမယ့်အပြောင်းအရွှေ့ ဈေးကွက်မှာ မှန်ကန်တဲ့ လူသစ်ခေါ်ယူမှု တစ်ခု နှစ်ခုလောက်လုပ်ဖို့လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်တယ်လို့သိရပါတယ်။ နည်းပြ ဆိုးရှားက လီဗာပူးလ် နဲ့ မန်စီးတီးတို့ကို ယှဉ်နိုင်ဖို့ ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်တယ်လို့ ယူဆနေပေမယ့်လည်း အသင်းပေါ်ကို အမှန်တစ်ကယ်ပေးဆပ်ချင်သူမျိူးကိုသာခေါ်ယူချင်ကြောင်း ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့ “ မန်ချက်စတာယူနိုက်တက် အတွက် ကစားပေးနိုင်တဲ့ DNA မျိုး ရှိရဲ့လား အရင်ဆန်းစစ်ပြီးမှသာ ကစားသမားသစ်တွေခေါ်ယူသွားချင်ပါတယ်။ အသင်းက ကစားသမားတစ်ယောက်ကို ခေါ်ချင်တယ်၊ ဒါပေမဲ့ မှန်ကန်တဲ့ ကစားသမား မဟုတ်ဘူးလို့ ခံစားရရင်တော့ ခေါ်မှာမဟုတ်ပါဘူး။ အသင်းကိုရောက်ပြီးသား ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်က အသင်းကိုပေးဆပ်ချင်စိတ်၊ […]

Continue Reading

ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာ ကို စိတ်ဝင်စားလာတဲ့ လီဗာပူးလ်

ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာ ကို စိတ်ဝင်စားလာတဲ့ လီဗာပူးလ် ———————- ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်နေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ သီယာဂိုအယ်လ်ကန်တာရာဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာလိုကြောင်း တရားဝင်ပြောဆိုသွားခဲ့တဲ့ နောက်မှာ အခုလိုသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်သလို စပိန်ကွင်းလယ်လူကို လီဗာပူးလ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းမှုတစ်စုံတစ်ရာတော့ မရှိသေးဘူးလို့ဆိုပါတယ်။ ဘိုင်ယန်အသင်း C.E.O ရူမင်နစ်ဂီကတော့ ကစားသမားဟာအသင်းကထွက်ခွာချင်နေတယ်လို့ အတည်ပြုခဲ့ပြီး သူတို့ကလည်း ရောင်းချသွားဖို့ပြင်ဆင်နေတယ်လို့ဆိုခဲ့ပါတယ်။၎င်းက “ကစားသမားတစ်ယောက်ကို လာမယ့်နှစ်မှာမှ အလွတ်ထွက်ခွာခွင့်ပေးရတာမျိုး ကျွန်တော်တို့မဖြစ်ချင်ပါဘူး၊ ဒါက အရမ်းရှင်းပါတယ်” လို့ ဆိုခဲ့တာဖြစ်ပြီး သီယာဂိုကို ရောင်းချသွားမယ်လို့ သွယ်ဝိုက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အယ်လ်ကန်တာရာဟာ ၂၀၁၃ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းထံပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၂၃၀ အထိကစားပေးထားကာ ၃၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ [unicode] ဘိုငျယနျမွူးနဈအသငျးကှငျးလယျလူသီယာဂိုအယျလျကနျတာရာဟာ လီဗာပူးလျကို […]

Continue Reading

စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ပေါ့ဂ်ဘာကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ဆိုးလ်ရှား

စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ပေါ့ဂ်ဘာကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ဆိုးလ်ရှား ———— မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားကတော့ သူ့ရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာ ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ကြောင်း စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားဆုရှင် ကွင်းလယ်လူဟာ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ရောက်လာခဲ့ပြီးနောက် အသင်းအတွက်ချေပဂိုးရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကနေ အချိန်အကြာကြီး ဝေးကွာနေရာကနေ မနေ့ညက ကစားခဲ့တဲ့ စပါး အသင်းနဲ့ ပွဲစဉ်မှာ ပထမပိုင်း စပါးအသင်းက ၁ – ၀ ဂိုးနဲ့ ဦးဆောင်ထားချိန် ဖရက်ဒ်ရဲ့နေရာမှာ လူစားလဲဝင်ရောက်လာခဲ့သူဖြစ်ပြီး မိနစ် ၈၀ အရောက်မှာတော့ အသင်းအတွက်အရေးပါတဲ့ ပင်နယ်တီကို ရရှိစေခဲ့ပါတယ်။ပေါ့ဂ်ဘာကြောင့်ရရှိခဲ့တဲ့ […]

Continue Reading