ပေါ့ဂ်ဘာအတွက် ဒိုင်ဘာလာကို ရောင်းချသွားဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

ပေါ့ဂ်ဘာအတွက် ဒိုင်ဘာလာကို ရောင်းချသွားဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ် ——————— ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းကနေပြောင်းရွှေ့ဖို့ တာဆူနေတဲ့ ပေါ့ဂ်ဘာ ကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းက သူတို့အသင်းရဲ့ကြယ့်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာကို ရောင်းချပြီး ငွေကြေးရှာဖွေသွားမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာနဲ့ နည်းပြဆိုးလ်ရှားတို့ကြား လူမှုမီဒီယာတွေပေါ်မှာ အချင်းများမှုတွေကြောင့် ဂျူဗင်တပ်အသင်းကလည်းပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ သတ်မှတ်ထားတယ်လို့သိရပါတယ်။ အဆိုပါ ပမာဏာအတိုင်းခေါ်ယူဖို့ဆိုရင် အသင်းက ကစားသမားကိုရောင်းချမှုတွေပြုလုပ်ရမှာဖြစ်လို့ ဂျူဗင်တပ်စ်အသင်းက ဒိုင်ဘာလာကို ရောင်းချဖို့ စီစဉ်နေခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့် ပေါင်သန်း (၁၀၀) ဆိုတဲ့ ပြောင်းရွှေ့ကြေးက သူ့ကိုခေါ်ယူဖို့အတွက် အဟန့်အတားတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ ဒိုင်ဘာလာကတော့ လက်ရှိရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသလို သွင်းဂိုး […]

Continue Reading

  မာတီနက်ဇ်ကို မန်ယူ၊ ဘာကာ တို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာ

မာတီနက်ဇ်ကို မန်ယူ၊ ဘာကာ တို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာ ———————– အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ လော်တာရို မာတီနက်ဇ် ကို ဘာစီလိုနာအသင်းက အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေချိန်မှာ လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မာတီနက်ဇ်ကို အင်တာမီလန်နဲ့ ချုပ်ဆိုထားတဲ့လျော်ကြေးငွေပေးချေကာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပြီး အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ကစား သ မားအတွက် စာချူပ်လျော်ကြေးကို ယူရို ၁၁၁သန်းအထိ သတ်မှတ်ထားတယ်လို့သိရပါတယ်။ အသက် ၂၂နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ အင်တာမီလန်အတွက်ခြေစွမ်းပြကစားပေးနေသူဖြစ်ပြီး နည်းပြကွန်တီရဲ့ အဓိကအားထားရတဲ့ တိုက်စစ်မှူးအဖြစ် ရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အပြင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကလည်း […]

Continue Reading

 အင်တာမီလန် နဲ့ ဂိုးသွင်းစံချိန်သစ်တွေရေးထိုးပြီး ယူနိုက်တက်တို့ မှားယွင်းကြောင်းသက်သေပြနေတဲ့ လူကာကူ

အင်တာမီလန် နဲ့ ဂိုးသွင်းစံချိန်သစ်တွေရေးထိုးပြီး ယူနိုက်တက်တို့ မှားယွင်းကြောင်းသက်သေပြနေတဲ့ လူကာကူ ——————– မန်ချက်စတာယူနိုက်တက် အသင်းကနေ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန်အသင်းနဲ့ အတူ စံချိန်သစ်တစ်ခုရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။ လူကာကူ ဟာ အင်တာမီလန်အသင်းရဲ့ ဒိတ်ဒိတ်ကျဲကစားသမားတွေဖြစ်တဲ့ ရိုနယ်ဒို ၊ အက်ဒရီယာနို နဲ့ ခရက်စပိုတို့လို တိုက်စစ်မှူးတွေ ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းထက် ပိုကောင်းတဲ့ မှတ်တမ်းကိုပိုင်ဆိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ ကလပ်အသင်းသမိုင်းတစ်လျောက် ပွဲအရေအတွက်အနဲဆုံးနဲ့ အမြန်ဆုံး သွင်းဂိုး (၂၀) သင်းယူနိုင်တဲ့ ကစားသမားအဖြစ် လူကာကူ က မှတ်တမ်းဝင်ခဲ့တာပါ။ လူကာကူ ဟာ အင်တာမီလန်အသင်းနဲ့ အတူ ကစားခဲ့တဲ့ ပွဲပေါင်း ၂၉ ပွဲမှာ သွင်းဂိုး ၂၀ ထိကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး […]

Continue Reading

စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်တန်ဖိုးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တဲ့ အဲရစ်ဆင်

စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်တန်ဖိုးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တဲ့ အဲရစ်ဆင် ——————— ပရီးမီးယားလိဂ် စပါးအသင်းကနေ စီးရီးအေကလပ် အင်တာမီလန်အသင်းထံ ပေါင် (၁၇)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ဟာ စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်မှာ တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့တယ်လို့သိရပါတယ်။ ကစားသမားများ၏ အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးများကို စနစ်တကျ တွက်ချက်ဖော်ပြပေးနေသော ဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ Transfermarkt က အဲရစ်ဆင်၏ လက်ရှိဈေးကွက်ပေါက်ကြေးအား ပေါင် (၈၁)သန်း သတ်မှတ်ထားရာ အဲရစ်ဆင်ဟာ စီးရီးအေတွင် ဈေးကွက်တန် ဖိုးအမြင့်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ စပါးအ သင်းသည် အဲရစ်ဆင်အား စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့ပေမယ့်လည်း အဲရစ်ဆင်က လက်မခံခဲ့ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်မပေးရရန်အတွက် စာချုပ်သက်တမ်းကုန်ရန် (၆)လအလိုမှာ ပေါင် (၁၇)၀န်းကျင်ဖြင့် အသင်းကနေထွက်ခွာခွင့်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ပမာဏနည်းပါးခဲ့ပေမယ့် ကစားသမားကိုပေးချေရမယ့်လုပ်ခလစာမှာတော့ မြင့်မားစွာပေးချေခဲ့ရပြီး တစ်ပတ်လုပ်ခပေါင် (၃၂ဝဝဝဝ) အထိပေးချေသွားရမှာဖြစ်ပါတယ်။ […]

Continue Reading

 စီးရီးအေမှာ ဂိုးရဖို့ ရုန်းကန်ရတယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့ စကားကို တုန့်ပြန်ပြောဆိုလိုက်တဲ့ လူကာကူ

စီးရီးအေမှာ ဂိုးရဖို့ ရုန်းကန်ရတယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့ စကားကို တုန့်ပြန်ပြောဆိုလိုက်တဲ့ လူကာကူ —————————- ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာသွားတဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူ က ၎င်းအနေဖြင့် စီးရီးအေကို မပြောင်းရွှေ့မီမှာ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သတိပေးပြောဆိုမှုတွေရရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူ ဟာ အင်တာမီလန် အသင်းအတွက် စီးရီးအေ ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၁၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီဂိုးအရေအတွက်ဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး လူကာကူထက် ၂ သာလွန်နေတဲ့ ပမာဏလည်းဖြစ်ပါတယ်။ လူကာကူ က ပြောကြားခဲ့ရာမှာတော့” သူ(ရော်နယ်ဒို) က စီးရီးအေဟာ ကမ္ဘာပေါ်မှာ ခံစစ်အမာကြောဆုံး၊ အကောင်းဆုံးလိဂ်တစ်ခုဖြစ်တယ်ဆိုတာ ပြောခဲ့ပါတယ်။ သူဟာ ဘယ်နေရာမှာမဆိုဂိုးသွင်းယူနိုင်ပေမယ့် […]

Continue Reading

ဟက်ထရစ်ရမယ့်အခွင့်အရေးကို မယူပဲ အသင်းဖော်ကို ဂိုးပေးသွင်းခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူ

ဟက်ထရစ်ရမယ့်အခွင့်အရေးကို မယူပဲ အသင်းဖော်ကို ဂိုးပေးသွင်းခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူ —————————- မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဂျီနိုအာ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်တာမီလန်အသင်းက ဂျီနိုအာအသင်းကို ၄ – ၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အင်တာမီလန် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်းပွဲကစားချိန် ၃၁ မိနစ်မှာ လူကာကူ၊ ပွဲကစားချိန် ၃၂ မိနစ်မှာ ဂတ်လီယာဒီနီ၊ နဲ့ ဒုတိယပိုင်းပွဲကစားချိန် ၆၄ မိနစ်မှာ အက်စ်ပိုစီတို နဲ့ ပွဲကစားချိန် ၇၁ မိနစ်မှာ လူကာကာ တို့ က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ အဆိုပါပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူကာကူဟာ တစ်ဦးတည်း သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သလို ဟက်ထရစ်ရရှိမယ့် အခွင့်အရေးတစ်ခုကိုငြင်းဆန်သွားခဲ့တယ်လို့သိရပါတယ်။ အင်တာမီလန်တိုက်စစ်မှူး […]

Continue Reading

အံ့အားသင့်စရာလေပေါ်ပျံဝဲခေါင်းတိုက်ချက်ကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုကိုခံနေရတဲ့ ရော်နယ်ဒို

အံ့အားသင့်စရာလေပေါ်ပျံဝဲခေါင်းတိုက်ချက်ကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုကိုခံနေရတဲ့ ရော်နယ်ဒို —————————— ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ဆမ်ဒိုးရီးယားကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေအံ့အားမှင်သက်စေလောက်တဲ့ လေပေါ်ပျံဝဲ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးသွင်းယူသွားတာကိုတွေ့ရပါတယ်။ ရော်နယ်ဒို ဒီဂိုးကြောင့်ပဲ ဂျူဗင်တပ်စ် အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကို သွင်းယူဖို့ အတွက်မဖြစ်နိုင်တဲ့ အနေအထားကို ရောက်အောင် ခုန်ပြကာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူသွားပါတယ်။ ဘယ်နောက်ခံလူ ဆန်ဒရိုရဲ့ဖြတ်တင်ဘောက ပြိုင်ဘက်နောက်ခံလူတွေရဲ့ခေါင်းပေါ်ကနေ ကျော်လာချိန် ညာဘက်အစွန်ဆုံးမှာ ရှိနေတဲ့ ရော်နယ်ဒိုက လူတစ်ရပ်စာ အမြင့်လောက်အထိ ခုန်ကာ ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဆက်ဆူအိုလို၊ လာဇီယို၊ လေဗာကူဆင်၊ အူဒီးနိစ်၊ ဆမ်ဒိုးရီးယားတို့နဲ့ ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်၂၀၁၈ နွေရာ သီက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရောက်လာပြီးနောက် ပွဲဆက် အများဆုံး ဂိုးသွင်းယူနိုင်ခဲ့တာ […]

Continue Reading

လူမစုံတဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ အနိုင်မရခဲ့လို့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်သွားရတဲ့ အင်တာမီလန်

လူမစုံတဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ အနိုင်မရခဲ့လို့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်သွားရတဲ့ အင်တာမီလန် —————————— အုပ်စု (G) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန် အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်တာမီလန် အသင်းက အိမ်ကွင်းမှာ လူစုံမပါဝင်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အနိုင်မရခဲ့လို့ အုပ်စုအဆင့်နဲ့တင် လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။ ဒီပွဲမှာ နိုင်တာနဲ့ နောက်တစ်ဆင့်တက်မှာဖြစ်လို့ အင်တာမီလန်အသင်းဟာ လူစုံပွဲထုတ်ခဲ့ပြီး ဘာစီလိုနာအသင်းကို ရင်ဆိုင်ခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာကတော့ မက်ဆီမပါဝင်တဲ့အပြင် ဆွာရက်ဇ်ကိုလည်း ဒုတိယပိုင်းမှာမှ အသုံးပြုခဲ့ပြီး ကားလက်စ်ပီရက်ဇ်၊ ဂရက်ဇ်မန်း၊ ဖာပို တို့လိုကစားသမားတွေကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ လူစုံမပါတဲ့ ဘာစီလိုနာအသင်းကို ဖိအားပေးကစားနိုင်ခြင်းမရှိခဲ့ပဲ ပွဲချိန် ၂၃ မိနစ်မှာပဲ အဖွင့်ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမား ကားလက်စ်ပီရက်ဇ်က သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ […]

Continue Reading

 ဘောလွန်းဒီအောဆု မက်ဆီ လက်ခံရယူနေချိန်မှာ ရော်နယ်ဒိုလည်း ဆုတစ်ခုလက်ခံရယူနေ

ဘောလွန်းဒီအောဆု မက်ဆီ လက်ခံရယူနေချိန်မှာ ရော်နယ်ဒိုလည်း ဆုတစ်ခုလက်ခံရယူနေ ——————————- မက်ဆီနဲ့ ရော်နယ်ဒို ဆိုတာ ဘောလုံးလောက ကို ဆယ်စုနှစ်တစ်ကြာအောင်စိုးမိုးခဲ့ကြသူတွေဖြစ်ပြီး ညကပြုလုပ်တဲ့ ဘောလွန်း ဒီအောဆုပေးပွဲမှာ ရော်နယ်ဒိုကို မြင်တွေ့ခဲ့ရခြင်းမရှိပဲ ၆ ကြိမ်မြောက် ဘောလွန်း ဒီအောဆုကို မက်ဆီ လက်ခံရယူချိန်မှာ ရော်နယ်ဒိုတစ်ယောက်လည်း စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူသွားခဲ့တယ်လို့ သိရပါတယ်။ ဘောလွန်းဒီအော ဆုပေးပွဲကို ရော်နယ်ဒို မတက်ရောက်ဖြစ်ခဲ့တာကတော့ မီလန်မှာ ပြုလုပ်ခဲ့တဲ့ စီးရီးအေအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို တက်ရောက်နေခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ဆုပးပွဲမတိုင်ခင်မှာ သတင်းတွေကြိုတင်ထွက်ပေါ်လာခဲ့တဲ့အတိုင်း မက်ဆီကပဲ ရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ သူ့ရဲ့မဟာပြိုင်ဘက်ကြီးက တစ်ကြိမ်အသာစီးရရှိသွားခဲ့လို့ လိုက်မီနိုင်ဖို့ ထပ်မံကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဘလွန်းဒီအောဆုမှာတော့ မက်ဆီကို ပြန်လည်လိုက်မီဖို့က ခက်ခဲဖွယ်တော့ရှိနေပါတယ်။ ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းကို […]

Continue Reading

ဒိုင်ဘာလာ ရဲ့ မှော်ဝင်သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုမီဒီယာတွေပေါ်မှာ အသီးသီးချီးကျူးခဲ့ကြတဲ့ ပရိသတ်များ

ဒိုင်ဘာလာ ရဲ့ မှော်ဝင်သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုမီဒီယာတွေပေါ်မှာ အသီးသီးချီးကျူးခဲ့ကြတဲ့ ပရိသတ်များ ————————— ဂျူဗင်တပ်စ် အသင်းနဲ့ အက်သက်လက်တီကို မက်ဒရစ် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ၁ – ၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂျူဗင်တပ်စ်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဒိုင်ဘာလာ ရဲ့ အံ့အားသင့်ဖွယ် ဖရီးကစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက် ဂျူဗင်တပ်စ်အသင်းရဲ့ ကစားပုံက အကောင်းကြီးမဟုတ်ခဲ့ပဲ အခွင့်အရေးရရှိမှုအပိုင်းမှာ အက်သက်လက်တီကို မက်ဒရစ်အသင်းကတောင် အသာစီးနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ဒိုင်ဘာလာရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုမီဒီယာတွေပေါ်ချီးကျူးမှုတွေလည်းရှိလာခဲ့ပါတယ်။ ဒိုင်ဘာလာဟာ ပထမပိုင်းပြီးခါနီးမှာ ဂိုးဧရိယာဘယ်ဘက်နားမှာရရှိတဲ့ပြစ်ဒဏ်ဘောကို ဘယ်ခြေနဲ့ တိုက်ရိုက်ကန်သွင်းယူသွားတာဖြစ်ပါတယ်။ ၎င်းကန်သွင်းယူခဲ့တဲ့ နေရာဟာ ဂိုးရရှိဖို့ဖြစ်နိုင်ခြေနည်းပါးခဲ့သလို တစ်ဖက်အသင်း ဂိုးသမားကလည်း အော့ဘလက်ခ်ဖြစ်နေတာကြောင့် ပရိသတ်တွေက အခုလိုချီးကျူးပြောဆိုခဲ့ကြတာပါ။ လူမှုမီဒီယာတွေပေါ်မှာ […]

Continue Reading