ဘာစီလိုနာ အသင်းမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေကို ဂရက်ဇ်မန်း ဖွင့်ဟပြောကြား

ဘာစီလိုနာ အသင်းမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေကို ဂရက်ဇ်မန်း ဖွင့်ဟပြောကြား ——————————– ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အန်သိုနီ ဂရက်ဇ်မန်းကတော့ လက်ရှိဘာစီလိုနာအသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ၀န်ခံပြောကြားသွားခဲ့ပါတယ်။ ဂရက်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ပေါင် ၁၀၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့ ရာသီအစပွဲစဉ် ၁၅ပွဲ ကစားအပြီး မှာ ဂရစ်ဖ်မန်းဟာ ၄ဂိုးသာ သွင်းနိုင်ခဲ့ပြီး ပိုဆိုးအချက်တစ်ခုကတော့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီနဲ့ လက်ရှိအချိန်အထိ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိသေးသလို ကွင်းအတွက်မှာလည်း တွဲဖက်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းက Marca နဲ့ အင်တာဗျူးမှာပြောကြားခဲ့တာကတော့ “ဘာစီလိုနာမှာ အသားကျဖို့ အခုချိန်ထိ […]

Continue Reading

ဟာဇက်ညီနောင် ဂိုးတွေအပြိုင်သွင်းပြီး အုပ်စုပထမနေရာရယူသွားခဲ့တဲ့ ဘယ်လ်ဂျီယံ

ဟာဇက်ညီနောင် ဂိုးတွေအပြိုင်သွင်းပြီး အုပ်စုပထမနေရာရယူသွားခဲ့တဲ့ ဘယ်လ်ဂျီယံ ————————— ယူရို ၂၀၂၀ ခြေစစ်ပွဲကို နှစ်သင်းစလုံးအောင်မြင်ထားပြီးဖြစ်ပေမယ့် အုပ်စု ပထမနေရာအတွက် အင်တိုက်အားတိုက်ကစားသွားခဲ့ကြတဲ့ ရုရှားနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ရဲ့ ပွဲစဉ်ကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်။ နှစ်သင်းစလုံး ဟာ ဒီပွဲကို အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းက အဝေးကွင်းက ၄ – ၁ နဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ဟာဇက် ညီနောင်၊ လူကာကူ၊ ဒိုင်ယာမာတင်စ်၊ ဒီဘရိုင်း ၊ ဝစ်ဆဲလ် တို့ရဲ့ ဘယ်လ်ဂျီယံရဲ့ကစားအားနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ရုရှားအသင်းယှဉ်ကစားဖို့ ခက်ခဲခဲ့သလို ထိန်းချူပ်ဖို့လည်းခက်ခဲခဲ့ပါတယ်။ ပွဲချိန် (၁၉)မိနစ်မှာပဲ အီဒင်ဟာဇက်ရဲ့ပေးပို့မှုကနေ သော်ဂန်ဟာဇက်က အဖွင့်ဂိုးစတင်သွင်းယူခဲ့သလို ပွဲချိန် ၃၃၊၄၀ မိနစ်တွေမှာ ဟာဇက်က ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းကို […]

Continue Reading

လက်ရှိ ဘောလုံးလောကမှာ မက်ဆီက ပြီးပြည့်စုံတဲ့ ကစားသမားဆိုတာ ငြင်းစရာကိုမလိုတာပါ#ပီလီ

လက်ရှိ ဘောလုံးလောကမှာ မက်ဆီက ပြီးပြည့်စုံတဲ့ ကစားသမားဆိုတာ ငြင်းစရာကိုမလိုတာပါ#ပီလီ ——————————— ဘရာဇီးလ် အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပီလီကတော့ လက်ရှိဘောလုံးကမ္ဘာမှာ မက်ဆီက ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ သူ့ရဲ့ ခြေစွမ်းကို ဆယ်စုနှစ်တစ်ခုကြာအောင်ထိန်းသိမ်းထားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း ဘာစီလိုနာ အသင်းနဲ့ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေသလို ဂိုးဖန်တီးမှုများစွာကို ပြုလုပ်ထားနိုင်တာခဲ့ပါတယ်။ ၎င်းဟာ ဘောလုံးလောကရဲ့ ဂန္တဝင်ကြီးတွေ ဖြစ်တဲ့ ပီလီ ၊ မာရာဒိုနာ ၊ ဂျိုဟန်ခရိုက်တို့နဲ့ တစ်တန်းတည်းထား နှိုင်းယှဉ်ခံရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မျက်မြောက်ခေတ်ဘောလုံးလောကမှာ ကစားနေတဲ့ သူတစ်ယောက်နဲ့ တွဲကစားခွင့်ရမယ်ဆိုရင် ဘယ်သူနဲ့ တွဲကစားချင်သလဲဆိုတဲ့ မေးခွန်းကို ပီလီကဖြေကြားခဲ့ရာမှာတော့” လီယွန်နယ် မက်ဆီကိုပဲရွေးရပါလိမ့်မယ်၊ သူက တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် ဂိုးဖန်တီးမှု၊ ဘောလုံးနဲ့ လိမ်ခေါက်ဖြတ်ကျော်မှု၊ ဂိုးသွင်းယူနိုင်မှုတွေမှာ […]

Continue Reading

ဆယ်တာဗီဂို နဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် ရော်နယ်ဒို ရဲ့ စံချိန်ကို လိုက်မှီခဲ့တဲ့ မက်ဆီ

ဆယ်တာဗီဂို နဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် ရော်နယ်ဒို ရဲ့ စံချိန်ကို လိုက်မှီခဲ့တဲ့ မက်ဆီ —————————– ဒီနေ့မနက် အစောပိုင်းကစားခဲ့ ဘာစီလိုနာ အသင်းနဲ့ ဆယ်တာဗီဂို အသင်းတို့ ရဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ၄ – ၁ နဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၃ မိနစ်၊ ၄၅ မိနစ်၊ ၄၈ မိနစ်တွေမှာ မက်ဆီက ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာ ဘက်စ်ကွက်က စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆယ်တာဗီဂို အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန် ၄၂ မိနစ်မှာ အိုလာဆာ ကသွင်းယူခဲ့တာပါ။ ဒီပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ဟာ […]

Continue Reading

ဆလားဘီးယားပရပ် နဲ့ ပွဲစဉ်မှာ မက်ဆီ နဲ့ ဂရစ်ဖ်မန်း  ရဲ့ အခြေအနေကို ပရိသတ်တွေ သတိထားမိခဲ့ကြ

ဆလားဘီးယားပရပ် နဲ့ ပွဲစဉ်မှာ မက်ဆီ နဲ့ ဂရစ်ဖ်မန်း  ရဲ့ အခြေအနေကို ပရိသတ်တွေ သတိထားမိခဲ့ကြ —————————– မနေ့ညက ကစားခဲ့ ဘာစိလိုနာ အသင်းနဲ့ ဆလားဘီးယားပရပ်တို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ် နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ အဆိုပါပွဲစဉ်ကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အုပ်စုအဆင့် ကျော်ဖြတ်ဖို့ လက်ကျန် ၂ ပွဲ ကို သက်တောင့်သာ ကစားလို့ ရမယ့် အခြေအနေဖြစ်လာမှာဖြစ်ပေမယ့် ဘာစီလိုနာ အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေကိုတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီပွဲစဉ်မှာ ပရိသတ်တွေ သတိထားမိတဲ့ အချက်တစ်ချက်လည်းထွက်ပေါ်လာခဲ့ပါတယ်။ ကြာင်းကတော့ မက်ဆီဟာ အသင်းဖော် ဂရစ်ဇ်မန်းကို လူမပေးပဲ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ […]

Continue Reading

ဗလင်စီယာ နဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမားလေးကို ခေါ်ယူအားဖြည့်ဖို့ ပစ်မှတ်ထားလာတဲ့ လီဗာပူးလ်

ဗလင်စီယာ နဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမားလေးကို ခေါ်ယူအားဖြည့်ဖို့ ပစ်မှတ်ထားလာတဲ့ လီဗာပူးလ် ———————— ပရီးမီးယားလိဂ် ထိပ်သီး လီဗာပူးလ်အသင်း ဟာ ဗလင်စီယာအသင်းရဲ့ ဆယ်ကျော်သက်တောင်ပံကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲတွင် ပါဝင်လာတယ်လို့သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ စပိန်ယူ-၂၁ အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရတဲ့ ဖာရန်တောရက်စ်ဟာ ဗလင်စီယာ စီနီယာ အသင်းကြီးမှာ တဖြည်းဖြည်းနေရာရလာသူဖြစ်ပြီး ၎င်းကို ဘာစီလိုနာနှင့် ဒေါ့မွန်အသင်းတို့ ကလည်း စောင့်ကြည့်တယ်လို့သိရပါတယ်။ တောရက်စ် နဲ့ ဗလင်စီယာ အသင်းတို့ရဲ့ စာချူပ်သက်တမ်းဟာ ၂၀၂၁ အထိ ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ ဒေါ့မွန်အသင်းကလည်း ဆန်ချိုရဲ့ နေရာမှာအစားထိုး တောရက်စ်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး လီဗာပူးလ် အသင်းက လည်း တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ အတွက် အဆိုပါ စပိန်သားလေးကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ဖာရန်တောရက်စ်ဟာ ၂၀၁၉ ခုနှစ် Golden […]

Continue Reading

အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်တဲ့ မက်ဆီ ——————————- ဘာစီလိုနာအသင်းရဲ့ ၀ါရင်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မက်ဆီဟာ နောက်လထဲမှာ ကစားရမယ့် နိုင်ငံတကာခြေစမ်းပွဲတွေအတွက် အာဂျင်တီးနားအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးတွေကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုခဲ့ပြီးနောက် ၃ပွဲအပယ်ခံခဲ့ရမှုကနေ မက်ဆီက လွတ်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနား အသင်းရဲ့ နောက်ဆုံးလေးပွဲစလုံးကို လွဲချော်ထားခဲ့သူလည်းဖြစ်ပါတယ်။သို့ပေမယ့် နိုဝင်ဘာလအတွင်းမှာ ကစားသွားရမယ့် ပွဲစဉ်တွေအတွက် စကာလိုနီရဲ့ ကစားသမား ၂၆ ဦးစာရင်းမှာတော့ မက်ဆီပြန်လည်ပါဝင်လာခဲ့တာကို တွေ့မြင်ခဲ့ရပြီး မန်စီးတီးတိုက်စစ်မှူးအဂူရိုလည်း ပါဝင်လာခဲ့တယ်လို့သိရပါတယ်။ အဂူရိုကလည်း ကိုပါအမေရိကဖလားပြိုင်ပွဲပြီးတဲ့နောက် အာဂျင်တီးနားအသင်းအတွက် လုံးဝကစားပေးထားရခြင်းမရှိသေးပဲ တော့တင်ဟမ်ကွင်းလယ်လူ လိုဆယ်ဆိုကို စကာလိုနီက ရွေးချယ်ထားခဲ့ပေမယ့်လည်း ပီအက်စ်ဂျီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးအိုင်ကာဒီကိုတော့ ထပ်မံပြီး ချန်လှပ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ပီအက်စ်ဂျီအသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဒီမာရီယာလည်း […]

Continue Reading

ကစားသမားဘ၀ ဖရီးကစ် သွင်းဂိုး (၅၀)ပြည့်မြောက်ခဲ့သလို ဗယ်ဗာဒီ လက်အောက်မှာ သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ မက်ဆီ

ကစားသမားဘ၀ ဖရီးကစ် သွင်းဂိုး (၅၀)ပြည့်မြောက်ခဲ့သလို ဗယ်ဗာဒီ လက်အောက်မှာ သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ မက်ဆီ ——————————– စပိန်လာလီဂါ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ဗယ်လာဒိုးလစ် အသင်းတို့ ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းက ၅ – ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးမက်ဆီဟာ သွင်းဂိုး နှစ်ဂိုးသွင်းယူခဲ့သလို သွင်းဂိုး နှစ်ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ဦးဆောင်ဂိုး အရင်ခွင့်ပြုခဲ့ရပေမယ့်လည်း ဗီဒယ့် ခေူပဂိုးသွင်းယူခဲ့ပါတယ်။ အဆိုပါ ဂိုးကို မက်ဆီကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို မက်ဆီက ဖရီးကစ်ကနေတစ်ဆင့် လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့်မက်ဆီ ဟာ နည်းပြဗယ်ဗာဒီ […]

Continue Reading

မန်ချက်စတာယူနိုက်တက် အသင်းထံပြောင်းရွှေ့ ကစားချင်တယ်လို့ ရာကီတစ် ထုတ်ဖော်ပြောကြား

မန်ချက်စတာယူနိုက်တက် အသင်းထံပြောင်းရွှေ့ ကစားချင်တယ်လို့ ရာကီတစ် ထုတ်ဖော်ပြောကြား ———————————— ဘာစီလိုနာ အသင်းကနေထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ထားတဲ့ ကွင်းလယ်လူ ရာကီတစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သတင်းတွေထွက်ပေးထားသူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိရာသီမှာ ရာကီတစ် ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ဘာစီလိုနာအသင်းကလည်း ရာကီတစ်အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းမျိုးရရှိရင်ရောင်းချသွားဖွယ်ရှိနေပါတယ်။ Daily Express ရဲ့ဖော်ပြချက်အရ အဆိုပါ ခရိုအေးရှားကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို စောင့်နေတယ်လို့သိရပါတယ်။ ရာကီတစ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အပါအ၀င် ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ပေမယ့် အစောပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက်ကို ရာကီတစ် ငြင်းဆန်ထားခဲ့ပါတယ်။သို့ပေမယ့် အခုအချိန်မှာတော့ ၎င်းက မန်ယူအသင်းကို ပြောင်းရွှေ့ကစားချင်နေတာဖြစ်ပါတယ်။အခုအချိန်မှာတော့ရာကီတစ် ရဲ့ မိသားစု ဟာ အင်္ဂလန် အခြေချတယ်လို့ […]

Continue Reading

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၅ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သလို မတူညီတဲ့အသင်းပေါင်း ၃၃ သင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၅ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သလို မတူညီတဲ့အသင်းပေါင်း ၃၃ သင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ ———————————- မနေ့ညက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စု F ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆလားဘီယားပရပ် နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းက ၁ – ၂ ဂိုးရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်မှာ မက်ဆီရဲ့သွင်းဂိုးတစ်ဂိုးနဲ့ ဆလားဘီးယားပရပ်အသင်း ရဲ့ OG သွင်းဂိုးတစ်ဂိုးကြောင့် သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရတဲ့ အခြေအနေပါ၊ အဆိုပါပွဲစဉ်မှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပွဲအစ မိနစ်မှာတင် သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်းပေါင်း ၃၃ […]

Continue Reading