မန်ချက်စတာယူနိုက်တက်ပစ်မှတ်ကစားသမားကို လက်ရှိဈေးထက်ပိုပြီးမြှင့်တင်သွားဖွယ်ရှိနေတဲ့ ဒေါ့မွန်
မန်ချက်စတာယူနိုက်တက်ပစ်မှတ်ကစားသမားကို လက်ရှိဈေးထက်ပိုပြီးမြှင့်တင်သွားဖွယ်ရှိနေတဲ့ ဒေါ့မွန် ———————– မန်ချက်စတာယူနိုက်တက် အသင်းက စိတ်ဝင်စားနေတဲ့ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆန်ချိူအတွက် ဒေါ့မွန်အသင်းက လက်ရှိဈေးနှုန်းထက် ပိုပြီးမြှင့်တင်သွားဖို့ရှိနေတယ်လို့ ဘွန်ဒက်လီဂါဘောလုံး ကျွမ်းကျင်သူ ကီဗင်ဟတ်ချက်ဒ်က ဆိုပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ သွင်းဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ထားတဲ့ ဆန်ချိူဟာ လက်ရှိရာသီသစ်မှာလည်း တစ်ဂိုးသွင်းယူပြီး ၂ ဂိုးဖန်တီးကာ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနေပါတယ်။ ဒါကြောင့် ကီဗင်ဟတ်ချက်ဒ်ကတော့ ဒေါ့မွန်လက်က ဈေးမလျှော့တဲ့အပြင် တောက်လျှောက်တိုးတက်နေတဲ့ ဆန်ချိုရဲ့ ခြေစွမ်းတွေကြောင့်လည်း ဈေးတောင် ထပ်တင်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် ဟာ ဆန်ချိူကိုခေါ်ယူဖို့ ဒေါ့မွန်အသင်းရဲ့ ဈေးလျှော့မယ့်အချိန်ကို စောင့်ဆိုင်းနေဟန်ရှိပြီး ဒီအစီအစဉ်က လက်ရှိအတိုင်းဆိုရင် ဖြစ်မြောက်ဖို့ အတော်လေး အားနည်းလာခဲ့ပြီဖြစ်ပါတယ်။ ဟတ်ချက်ဒ်က […]
Continue Reading