၂၀၁၉ Ballon d’Or ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရရှိမည်ဖြစ်ကြောင်း ဘာပေ ပြောကြား

၂၀၁၉ Ballon d’Or ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရရှိမည်ဖြစ်ကြောင်း ဘာပေ ပြောကြား —————– PSG လူငယ်တိုက်စစ်မှူး ဘာပေက ၂၀၁၉ Ballon d’Or ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရရှိမည်ဟု ပြောကြားလိုက်ပါတယ်။ ဘာစီ လိုနာအသင်းခေါင်းဆောင် မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၈ Ballon d’Or ဆုပေးပွဲတွင် အဆင့် (၅)နေရာသာ ရရှိခဲ့သော်လည်း ယခုရာ သီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဘာပေက အခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဘာပေကပြောကြားခဲ့ရာမှာတော့ ” ၂၀ ၁၉ Ballon d’Or ဆုအတွက် ရေပန်းအစားဆုံးကတော့ မက်ဆီပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အဲဒါက မက်ဆီအပေါ်သက်ရောက်မှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ မက်ဆီဟာ အရာရာတိုင်းမှာ နံပါတ် (၁) ဖြစ်ခဲ့လို့ပါပဲ။ သူဟာ […]

Continue Reading

အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြော ဆိုသွားခဲ့တဲ့ ကိုင်လီယန်ဘတ်ပီ

အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြော ဆိုသွားခဲ့တဲ့ ကိုင်လီယန်ဘတ်ပီ —————————- ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီက ပြင်သစ်ချန်ပီယံအသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိတဲ့ ပြောဆိုမှုတွေကို အရိပ်အမြွက်ပြော ဆိုသွားခဲ့ပါတယ်။ ဘတ်ပီကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့အချိန်မှာ ကစားသမားက ပီအက်စ်ဂျီကနေ ထွက်ခွာနိုင်တယ်လို့ ပြော ဆိုခဲ့တာကြောင့် ရီးရဲလ်အတွက်တော့ မျှော်လင့်ချက်တွေ ဖြစ်လာခဲ့ပါတယ်။ပြင်သစ်လီဂူးရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်း ဆုံးလူငယ်ကစားသမားဆုတွေကို ဘတ်ပီက ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါဆုလက်ခံတဲ့ အခမ်းအနားအစီအစဉ်မှာ ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် လီဂူးသွင်းဂိုး (၃၂)ဂိုးအထိ သွင်းယူပေးထားတဲ့ ဘတ်ပီဟာ ရွှေဖိနပ်ဆုရယူနိုင်ဖို့အတွက်လည်း အခြေ အနေကောင်းမွန်နေပါတယ်။ “ ကျွန်တော့်ကို အားလုံးကူညီထောက်ပံပေးခဲ့၊ စွမ်းဆောင်ပေးခဲ့တဲ့သူတွေအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ရဲ့ ပထ မဆုံး ပီအက်စ်ဂျီကစားသမားဘ၀မှာ အောင်မြင်ခဲ့သလို ဒုတိယရာသီမှာလည်း ကျွန်တော် နေရာပြောင်းလဲကစားနိုင်ခဲ့ပါတယ်၊ စိတ်ပျက် […]

Continue Reading

ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာပြီးနောက် သွင်းဂိုး(၂)ဂိုး နဲ့အတူ ဥရောပ ရွှေဖိနပ်ဆုအတွက် မက်ဆီ ကို ဖိအားလိုက်တဲ့ ဘတ်ပီ

ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာပြီးနောက် သွင်းဂိုး(၂)ဂိုး နဲ့အတူ ဥရောပ ရွှေဖိနပ်ဆုအတွက် မက်ဆီ ကို ဖိအားလိုက်တဲ့ ဘတ်ပီ —————————- မနေ့က ကစားခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ် (၃၇) မှာ ဆုဖလားကို ဆွတ်ခူးသွားပြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက အိမ်ကွင်းမှာ ဒီယွန်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆုဖလားရယူနိုင်ခဲ့ပြီးနောက် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေခဲ့တဲ့ ပီအက်စ်ဂျီက အိမ်ကွင်းပွဲမှာ အား ထည့်ကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ဒီမာရီယာက (၃)မိနစ်မှာ တစ်ဂိုး၊ ကာဗာနီက (၄)မိနစ်မှာ တစ်ဂိုး သွင်းယူခဲ့ပြီး (၃၆)မိနစ် နဲ့ (၅၆) မိနစ်တွေမှာ ပွဲပယ်ပြစ်ဒဏ်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကိုင်လီယန်ဘတ်ပီက နှစ်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ သွင်းဂိုးစုစုပေါင်းကလည်း (၃၂)ဂိုးအထိ ရှိသွားခဲ့ပြီး လီဂူးရွှေဖိနပ်ဆုကို […]

Continue Reading

မာဆေးလ် (၀-၃)လိုင်ယွန်ပွဲစဉ် မှာ ဒီပိုင်း၏ခြေစွမ်းကိုစောင့်ကြည့်ရန် ကစားသမားကင်းထောက်များစေလွှတ်ခဲ့တဲ့ လီဗာပူးလ်

မာဆေးလ် (၀-၃)လိုင်ယွန်ပွဲစဉ် မှာ ဒီပိုင်း၏ခြေစွမ်းကိုစောင့်ကြည့်ရန် ကစားသမားကင်းထောက်များစေလွှတ်ခဲ့တဲ့ လီဗာပူးလ် —————————— လီဗာပူးလ်အသင်း၏ကစားသမားကင်းထောက်များသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ကစားခဲ့သည့် မာဆေးလ် (၀-၃)လိုင်ယွန်ပွဲ စဉ် တွင် လိုင်ယွန်တောင်ပံကစားသမား ဒီပိုင်း၏ခြေစွမ်းကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ပြင်သစ်အားကစားသတင်းဝက်ဘ်ဆိုက် Mercato 365 က ဖော်ပြသွားခဲ့ပါတယ်။အသက် (၂၅)နှစ်ရှိ နယ်သာလန်လက်ရွေးစင်တောင်ပံကစားသမား ဒီပိုင်းသည် ယခုရာသီတွင် လိုင်ယွန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲ(၃၇)ပွဲကစားခဲ့ရာတွင် (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၅)ကြိမ်ပြုလုပ်ပေး ထားသူလည်းဖြစ်ပါတယ်။ PSV အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဒီပိုင်း ဟာ မန်ယူအသင်း မှာ (၂)ရာသီကြာပါဝင်ကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် (၁၆)သန်းဖြင့် လိုင်ယွန်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းပြောင်းရွှေ့လိမ့်မည်ဟု မကြာခဏ သတင်းထွက်နေသူလည်းဖြစ်ပါတယ်။လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် က လက်ရှိအသင်း၏တိုက်စစ်မှာ ဆာလာ၊ ဖေမီနို၊ […]

Continue Reading

စိန့်အက်တီယန် အသင်း အရေးနိမ့်သွားခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်သွားနိုင်ခဲ့တဲ့ လိုင်လီ

စိန့်အက်တီယန် အသင်း အရေးနိမ့်သွားခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်သွားနိုင်ခဲ့တဲ့ လိုင်လီ ————————– ပြင်သစ်ကလပ် လိုင်လီအသင်းဟာ ဒီနေ့မနက်က ကစားခဲ့တဲ့ စိန့်အက်တီယန် နဲ့ မောင့်ပယ်လီယာတို့ရဲ့ ပွဲစဉ်မှာ စိန့်အက်တီယန် အ သင်း အရေးနိမ့်သွားခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေ ခဲ့တဲ့ လိုင်လီဟာ လက်ကျန် (၃)ပွဲအလိုအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မသေမချာဖြစ်နေခဲ့ပါတယ်။ဒါပေမယ့်လည်း အဆင့် (၄)နေ ရာက စိန့်အက်တီယန်အသင်း အရေးနိမ့်ခဲ့မှုက လိုင်လီကို ချန်ပီယံလိဂ်ဝင်ရောက်ခွင့် ရရှိသွားစေခဲ့ပါတယ်။ လိုင်လီက ရမှတ် (၆၉)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ကပီး စိန့်အက်တီယန်က ရမှတ် (၆၂)မှတ်နဲ့ အဆင့် (၄)နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် မောင့် ပယ်လီယာကို အနိုင်မကစားခဲ့လို့ လက်ကျန်နှစ်ပွဲအလိုမှာပဲ […]

Continue Reading

ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်တဲ့ နည်းပြ တူချယ်

ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်တဲ့ နည်းပြ တူချယ် ————————— ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ ရန်းနက်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်ပါတယ်။ပွဲအပြီးမှာတော့ နေမာဟာ ဆုယူဖို့ တက်လာရင်း အဆိုပါ ပရိသတ်နဲ့ ရန်ဖြစ်ခဲ့ တာ ဖြစ်ပါတယ်။“မင်းအနေနဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ မပြုလုပ်သင့်ပါဘူး”လို့ တူချယ်က ပြောပါတယ်။“လူတိုင်းကတော့ ပွဲကစားရင် အနိုင်ရချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘောလုံး ပွဲတစ်ပွဲက ထင်ထားသလို ဖြစ်မလာတတ်ပါဘူး။ ရှုံးခဲ့ရင်လည်း အရှုံး ကို ကျေကျေနပ်နပ် လက်ခံသင့်ပါတယ်။ ပြီးတော့ လေးစားမှုလည်း ပြသရမှာပါ”လို့ […]

Continue Reading

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒိုင်လူကြီးကို ဝေဖန်ခဲ့ နေမာ ကို ဥရောပ ပွဲပယ်ပစ်ဒဏ်ချမှတ်

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒိုင်လူကြီးကို ဝေဖန်ခဲ့ နေမာ ကို ဥရောပ ပွဲပယ်ပစ်ဒဏ်ချမှတ် ———————– မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း (၃-၁)နဲ့ အရေးနိမ့် ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်လူကြီးကို အင်စတာဂရမ်ကတဆင့် စော်ကားပြောဆိုခဲ့တဲ့ တိုက်စစ်မှူးနေမာဟာ ဥရောပပွဲ (၃)ပွဲ အပယ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။ ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ ယူနိုက်တက်ကို ပယ်နယ်တီပေးခဲ့တာနဲ့ပတ်သက်ပြီး နေမာက ကွင်းလယ်ဒိုင်ကို ဆဲရေးတိုင်းထွာခဲ့တာဖြစ်ပါတယ်။ပထမအကျော့က အဝေးကွင်းမှာ ပီအက်စ်ဂျီက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အိမ်ကွင်းမှာ (၃-၁)နဲ့ အရေး နိမ့်ခဲ့လို့ အဝေးဂိုးရလဒ်နဲ့ ပီအက်စ်ဂျီတို့ ထွက်ခွာခဲ့ရပါတယ်။ နေမာကတော့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိပဲ ပွဲကြည့်စင် ကနေ သာ အားပေးခဲ့ရပြီး ယူနိုက်တက်တို့ ပယ်နယ်တီရသွားချိန်မှာ […]

Continue Reading

ဟာဇတ်ကိုအသင်းထံလာရောက် ကစားဖို့အတွက်ကို ဖိတ်ခေါ်လိုက်တဲ့ နေမာ

ဟာဇတ်ကိုအသင်းထံလာရောက် ကစားဖို့အတွက်ကို ဖိတ်ခေါ်လိုက်တဲ့ နေမာ ————————- ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား နေမာကတော့ ချဲလ်ဆီးအသင်း တောင်ပံကစားသမား ဟာဇတ်ကိုအသင်းထံလာရောက် ကစားဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ်။ဟာဇတ်က ချဲလ်ဆီးအသင်းကို စွန့်ခွာပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ ဖို့အတွက် ကို ပြင်ဆင်နေခဲ့ပြီး ရီးရဲလ်အသင်းနဲ့ အဓိကချိတ်ဆက်မှုတွေရှိနေခဲ့တာဖြစ်တယ်လို့လည်း သတင်ေးတွထွက်ပေါ်နေပါ တယ်။ ရီးရဲလ် အ သင်းက ချိတ်ဆက်နေခဲ့တဲ့ ကစားသမားတွေထဲမှာ နေမာလည်း ပါဝင်နေခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းကို ဟာဇတ်သာ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ပင်ကိုယ်ကစားဟန်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တကယ့်ကို ကြီးကျယ်ခမ်းနားသွားမယ်လို့ နေမာက ထုတ်ဖော်ခဲ့ပါတယ်။ “ ဟာဇတ်ရဲ့ ကစားဟန်က ကျွန်တော်နဲ့ဆင်တူနေပြီး သူနဲ့အတူ တွဲဖက်ကစားချင်ပါတယ်။သူနဲ့သူအတူတွဲဖက်ကစားရင် တကယ့်ကို ကောင်းမွန်တဲ့ ကစားဟန်ကို မြင်ွေကရမှာဖြစ်လို့ အသင်းအနေနဲ့သူ့ကိုခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။” လို့ နေမာကဆိုပါတယ်။ ဘာစီလို […]

Continue Reading

လာမယ့်ရာသီမှာ လိုင်လီကနေ နီကိုလပ်စ်ပီပီ ထွက်ခွာတော့မှာဖြစ်ကြောင်း ဥက္ကဌ ဂျရတ်လိုပက်ဇက် အတည်ပြုပြောကြား

လာမယ့်ရာသီမှာ လိုင်လီကနေ နီကိုလပ်စ်ပီပီ ထွက်ခွာတော့မှာဖြစ်ကြောင်း ဥက္ကဌ ဂျရတ်လိုပက်ဇက် အတည်ပြုပြောကြား ———————————— ဥရောပအသင်းကြီးတွေတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ လူငယ်တိုက်စစ်မှူး ပီပီဟာ လာမယ့်ရာသီမှာ အသင်း သစ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ လိုင်လီအသင်းဥက္ကဌ ဂျရတ်လိုပက်ဇက် အတည်ပြုပြောဆိုလိုက်ပါတယ်။ အသက် (၂၃)နှစ် အရွယ် တိုက်စစ်ကစားသမားဟာ လီဂူးဝမ်းမှာ ခြေစွမ်းပြခဲ့ပြီးနောက် ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူလည်း ဖြစ်ပါ တယ်။ဒီရာသီမှာ လိုင်လီအတွက် (၃၁)ပွဲ ကစားပြီး (၁၉)ဂိုးသွင်းကာ (၁၁)ကြိမ် ဂိုးဖန်တီးပေးထားတဲ့ ပီပီဟာ လိုင်လီကို အမှတ်ပေး ဇ ယား ဒုတိယနေရာကို ပို့ဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားလည်း ဖြစ်တဲ့ ပီပီကို ချယ်လ်ဆီး၊ ရီးရဲလ်တို့ကလည်း စောင့်ကြည့်နေတယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ “ […]

Continue Reading

ဒီပိုင်းအနေဖြင့် ဥရောပထိပ်တန်းအသင်းများ၌ ကစား နိုင်သည့်အဆင့်မျိုးမရှိသေးကြောင်း ဝေဖန်ပြောကြားလိုက်တဲ့ အက်ဒ်မီလ်ဆန်

ဒီပိုင်းအနေဖြင့် ဥရောပထိပ်တန်းအသင်းများ၌ ကစား နိုင်သည့်အဆင့်မျိုးမရှိသေးကြောင်း ဝေဖန်ပြောကြားလိုက်တဲ့ အက်ဒ်မီလ်ဆန် ———————————— ဘရာဇီးလ်နောက်ခံလူဟောင်း အက်ဒ်မီလ်ဆန်က လိုင်ယွန်တောင်ပံကစားသမား ဒီပိုင်းအနေဖြင့် ဥရောပထိပ်တန်းအသင်းများ၌ ကစား နိုင်သည့်အဆင့်မျိုးမရှိသေးကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းသည် ယခုရာသီပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၈)ဂိုးသွင်း၊ (၁၀)ဂိုးဖန်တီးကာ လိုင်ယွန်အသင်း၏ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ဒီ ပိုင်း သည် ယခုနှစ်တွင် လိုင်ယွန်အသင်းအတွက်သာမက နယ်သာလန်လက်ရွေးစင်အသင်းအတွက်ပါ ခြေစွမ်းပြနေခြင်းကြောင့် ဥရော ပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ဥရောပထိပ်တန်းကလပ်များသို့ ပြောင်းရွှေ့ လို ကြောင်း ဝန်ခံထားသူလည်းဖြစ်ပါတယ်။ အက်ဒ်မီလ်ဆန်ကပြောကြားသွားခဲ့တာကတော့  ”ထိပ်တန်းကလပ်တွေကသာ ကမ်းလှမ်းလာမယ်ဆိုရင် လိုင်ယွန်အသင်းအနေနဲ့ သူတို့ ရဲ့အကောင်းဆုံးကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ခက်ပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ အပြောင်းအရွှေ့ကိစ္စတွေက လျင်မြန်လွန်း ပါ တယ်။ လိုင်ယွန်၊ […]

Continue Reading