“ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း ” ————————- ခွေးတစ်ကောင်ဟာမီးခဲကိုနင်းမိရင်ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲနောက်တစ်ကောင်ကထပ်နင်းမိလည်းဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲသူနင်းမိလို့ပူတဲ့ကိစ္စကိုတစ်ခြားခွေးတွေကိုမနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူးသူ့ အတွေ့ အကြုံကို လက်ဆင့်မကမ်းနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာ ဘာသာစကားမရှိလို့ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစခွေးတွေ ကနေဒီနေ့ခွေးတွေအထိ ဂိန်! ပဲတို့တစ်တွေလူတွေမှာတော့အဲ့ဒီလိုမဟုတ်ဘူးဘာသာစကားရှိတယ် မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့် ကမ်းလာတာအမေဖြစ်သူကအဲ့ဒါမကိုင်နဲ့ ပူပူအဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့မင်းကိုင်ပါဦးမလား မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်မင်း မီးကို အပူမှန်းသိသွားတယ်ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်အောက် ဆီဂျင်ကိုခုချက်ခြင်းမင်းဓာတ်ခွဲခန်းထဲမှာမင်းရှာဖွေထုတ်နိုင်တယ်အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူးဒါပေမယ့်ရှာတွေ့ခဲ့ တဲ့ပညာရှင်ကလက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်ဒါ အတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲပညာသင် တယ်ပညာ ရှာတယ် ဆိုတာဒါပဲလေဘာသာစကားရှိလို့တစ်ပါး သူရဲ့အတွေအကြုံကိုလက်ဆင့် ကမ်းနိုင်တယ်တစ်ဆင့်ပြီးတစ် ဆင့်လက်ဆင့် ကမ်းကြတယ်ဒါကြောင့်လည်းလူ့လောကကြီးကတစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာနှစ်မျိုးရှိတယ်တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့နောက်တစ်ခုကသူ့ရဲ့အတွေ့အကြုံတွေကိုစာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာဥပမာအောင်မြင်သူတွေရဲ့အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ မင်းရလာမယ်မင်းစိတ်ဓာတ်တွေမာကျောလာမယ်အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေဖြစ်လာမယ်အောင်မြင် သူတွေလည်း အခက်အခဲတွေကြားကရုန်းထကြတာကိုးဒါမို့ စာဖတ်ခိုင်းတာစာဖတ်တဲ့နေရာမှာလည်းနည်းနည်းဖတ်မိတောင် […]
Continue Reading