“ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း “

“ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း ” ————————- ခွေးတစ်ကောင်ဟာမီးခဲကိုနင်းမိရင်ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲနောက်တစ်ကောင်ကထပ်နင်းမိလည်းဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲသူနင်းမိလို့ပူတဲ့ကိစ္စကိုတစ်ခြားခွေးတွေကိုမနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူးသူ့ အတွေ့ အကြုံကို လက်ဆင့်မကမ်းနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာ ဘာသာစကားမရှိလို့ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစခွေးတွေ ကနေဒီနေ့ခွေးတွေအထိ ဂိန်! ပဲတို့တစ်တွေလူတွေမှာတော့အဲ့ဒီလိုမဟုတ်ဘူးဘာသာစကားရှိတယ် မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့် ကမ်းလာတာအမေဖြစ်သူကအဲ့ဒါမကိုင်နဲ့ ပူပူအဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့မင်းကိုင်ပါဦးမလား မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်မင်း မီးကို အပူမှန်းသိသွားတယ်ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်အောက် ဆီဂျင်ကိုခုချက်ခြင်းမင်းဓာတ်ခွဲခန်းထဲမှာမင်းရှာဖွေထုတ်နိုင်တယ်အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူးဒါပေမယ့်ရှာတွေ့ခဲ့ တဲ့ပညာရှင်ကလက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်ဒါ အတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲပညာသင် တယ်ပညာ ရှာတယ် ဆိုတာဒါပဲလေဘာသာစကားရှိလို့တစ်ပါး သူရဲ့အတွေအကြုံကိုလက်ဆင့် ကမ်းနိုင်တယ်တစ်ဆင့်ပြီးတစ် ဆင့်လက်ဆင့် ကမ်းကြတယ်ဒါကြောင့်လည်းလူ့လောကကြီးကတစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာနှစ်မျိုးရှိတယ်တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့နောက်တစ်ခုကသူ့ရဲ့အတွေ့အကြုံတွေကိုစာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာဥပမာအောင်မြင်သူတွေရဲ့အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ မင်းရလာမယ်မင်းစိတ်ဓာတ်တွေမာကျောလာမယ်အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေဖြစ်လာမယ်အောင်မြင် သူတွေလည်း အခက်အခဲတွေကြားကရုန်းထကြတာကိုးဒါမို့ စာဖတ်ခိုင်းတာစာဖတ်တဲ့နေရာမှာလည်းနည်းနည်းဖတ်မိတောင် […]

Continue Reading

“အက်နေသောအိုး”

“အက်နေသောအိုး” —————— ရေထမ်းသူတစ်ဦးသည် ရေကန်မှ ရေကို အိုးကြီး ၂ လုံးဖြင့် စလွယ်သိုင်းကာ သူတို့နေထိုင်ရာရပ်ကွတ်ထဲတွင် လှည့်လည် ရောင်းချ သည်။ယင်းအိုး ၂ လုံးထဲမှ တစ်လုံးတွင် အတန်ငယ်ကြီးသောအက်ကြောင်း တစ်ခု ဖြစ်ပေါ်နေသဖြင့် ရေဖြည့်ပေးသောနေရာသို့ ရောက်သောအခါ ရေအပြည့် မပါဘဲတစ်ဝက်သာ ပါလာလေသည်။ဤသည်ကို အပြစ်ရှိသလို ခံစားလာရသော အက်ကွဲကြောင်း ပါသောအိုးက – “သ ခင်၊ သင့်မှာ ကြိုးစားပမ်းစား ရေကန်မှရေကို ခပ်ပြီး သယ်ယူ ရောင်းချ နေခဲ့သော်လည်းကျွန်ုပ်၏ ချို့ယွင်း ချက်ကြောင့် ရသင့်သလောက် အကျိုးအမြတ်မရခဲ့ပါ။ ထိုကြောင့် ကျွန်ုပ်မှာအပြစ်ရှိသည်ဟု တောက်လျှောက် ခံစားနေရပါသည်။ ထိုကြောင့် သခင့်ကို တောင်းပန်ပါသည်။ဖြစ်နိုင်လျင် ကျွန်ုပ်ထိုက်နှင့် ကျွန်ုပ်ကံ စွန့်ပြစ်စေလိုပါသည်။” ဟု အပြစ်ကို တောင်းပန်ရှာသည်။ […]

Continue Reading

“အခွင့်အရေးကိုအမိအရဆုပ်ကိုင်တတ်ပါစေ”

အခွင့်အရေးကိုအမိအရဆုပ်ကိုင်တတ်ပါစေ ————————————– လူတစ်ဦးနှင့် တစ်ဦး ဖြတ်သန်းရတဲ့ အခက်ခဲတွေနဲ့ ရရှိလိုက်တဲ့ အခွင့်အရေးတွေ တူညီချင်မှ တူညီလိမ့်မယ်။သို့ သော် အခွင့်အရေး ဆိုတာ လူတိုင်းရဲ့ ဘ၀တံခါးပေါက်ကိုတော့ တစ်ကြိမ်ဆီတော့ လာခေါက်သွားပါတယ်။ဒါကို မိမိ မသိလိုက်ခြင်းဟာ ဘ၀မှာ အကြီးမားဆုံး အခက်ခဲ ဖြစ်သွားတာပေါ့။အောင်မြင်တဲ့သူတွေက ဖြေရှင်းမှုတွေ များများလုပ်ရတယ်၊ ကျရှုံးသွားတဲ့သူတွေက အခွင့်အရေးတွေ များများမျှော်ကြတယ်။ အခွင့်အရေးရဖို့ ဆိုရင် အခွင့်အလမ်းတွေ အချိန်တိုင်း ရှာနေရတယ်၊ အချိန်တိုင်း ကြိုးစားနေရတယ်။ သူတံခါးလာခေါက်တဲ့အချိန် ကိုယ်အရက်ဆိုင်တော့ ရောက်မနေနဲ့ ပေါ့။ပြောင်းလဲမှုတစ်ခုလုပ်တိုင်း စွန့် လွှတ်မှု တစ်ခုအမြဲတမ်းတွဲပါတယ်။ ဘ၀မှာ အောင်မြင်ချင်ရင်၊ မအောင်မြင်စေနိုင်မယ့် အရာတွေကို စွန့် လွှတ်ပစ်ခဲ့ရတယ်။ ဘ၀မှာ အေးချမ်းချင်ရင် မလိုအပ်တဲ့ ခံစားချက်တွေကို ဘေးဖယ်ထုတ်နိုင်ရတယ်။ ပြောင်းလဲရမယ်လို့ သိလိုက်တဲ့အချိန်မှာပြောင်းလဲပစ်နိုင် […]

Continue Reading

“မကောင်းတာတွေ မစုဆောင်းနဲ့ ”

“မကောင်းတာတွေ မစုဆောင်းနဲ့ ” ————————– သဲတစ်ပွင့်ဟာ သူ့ ချည်းပဲဆို ဘယ်လောက်မှ မလေးပေမယ့် သဲပွင့်လေးတွေ အများကြီး စုပေါင်းလိုက်ရင် အင်မတန်လေးပါ တယ်။မြင် သာအောင်ပြရမယ်ဆိုရင် သစ်သားစင်လေး တစ်ခုပေါ်ကို သဲတစ်ပွင့်ထည့်ထားတဲ့အိတ် တစ်လုံး တင် ကြည့်လိုက်ပါ။ဘယ်လိုမှ မနေပါဘူး။ စင်လည်း လှုပ်မှာတောင် မဟုတ်ဘူး။ဒီအိတ်ထဲကိုပဲ သဲတွေ ပြည့်တဲ့ထိ နည်းနည်းခြင်း ထည့်သွားကြည့်ပါ။ နောက်ဆုံး အိတ်လည်း သဲနဲ့ ပြည့် ပြီး သစ်သားစင်လည်းညွှတ်ကျလာ ပါလိမ့်မယ်။ အဆုံးမှာ အရမ်းလေးပြီး စင်ပါ ကျိုးကျသွားမှာပါ။ဒီလိုပဲ စိတ်ထဲမှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ၀န်တိုခြင်းတွေ၊ အာဃာတ ရားတွေ၊ မကောင်းတဲ့အသိတွေ စတာကို ထည့်လိုင်ခြင်းဟာ အိတ်ထဲကို သဲတွေ နည်းနည်းခြင်း […]

Continue Reading

ပေါ့ဘာကို ကမ်းလှမ်းမှု ပြုလုပ်ထားတယ်ဆိုတဲ့ သတင်းကို ငြင်းဆန်လိုက်တဲ့ ဘာစီလိုနာ

ပေါ့ဘာကို ကမ်းလှမ်းမှု ပြုလုပ်ထားတယ်ဆိုတဲ့ သတင်းကို ငြင်းဆန်လိုက်တဲ့ ဘာစီလိုနာ —————————————— ဘာစီလိုနာ အသင်း ဥက္ကဌ ဖြစ်သူ ဂျိုးဆပ်ဘာတိုမြူဟာ၎င်းတို့ အသင်း အနေနဲ့ မန်ယူ အသင်း ကွင်းလယ်လူ ပေါ့ဘာကိုခေါ်ယူဖို့ အတွက် ကမ်းလှမ်းထားကြောင်းသတင်းများကို ငြင်းဆန်လိုက်ပါတယ်။မန်ယူ အသင်း ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူ အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေပြီး ဘာစီလိုနာ အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်း ဥက္ကဌ ဖြစ်သူ ဂျိုးဆပ်ဘာတိုမြူက ၎င်းတို့ အသင်း အနေနဲ့ ပေါ့ဘာကို ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း၊ ကလပ်အသင်း အများစုဟာသူတို့ အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ထက်တိုးပွားအောင်သာ လုပ်လိုကြောင်း၊ ၎င်းတို့ အသင်း […]

Continue Reading

“ကိုယ့်လမ်းကို မှန်အောင်လျောက်ပါ “

“ကိုယ့်လမ်းကို မှန်အောင်လျောက်ပါ “ ————————————- ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ်။“ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်။တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေမရေမတွက်နိုင်အောင်ရှိနေတာ ဘယ်လိုများလမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်းဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများထိန်းချုပ်လဲ မသိဘူး”…အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ် “ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်း ဘယ်လို လမ်းလျှောက်သလဲငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဘယ်လိုမှ တွေမရဘူး ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ” “ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှ မတွေးဖူးပါဘူး။ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့ နေအုန်း […]

Continue Reading