ဂျူဗင်တပ်စ်အသင်းကို နွေရာသီမှာ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ရမ်ဆေး

ဂျူဗင်တပ်စ်အသင်းကို နွေရာသီမှာ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ရမ်ဆေး ———————————– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစာသမား ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကို နောက်ရာသီမှာ ပြောင်းရွှေ့ဖို့အတွက် သဘောတူ ညီမှု ရရှိသွားပြီလို့ သိရပါတယ်။ Corriere Dello Sport ရဲ့ ဖော်ပြချက်အရ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကနေ ထွက်ခွာခွင့်ရထားတဲ့ ကစားသမားကို ဂျူဗင်တပ်စ်က သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။အာဆင်နယ်နဲ့ ရာသီကုန်မှာ စာချုပ် သက်တမ်းပြည့်တော့မယ့် ရမ်ဆေးကို ခေါ်ယူဖို့အတွက် ဥရောပအသင်းများစွာက ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ချယ်လ်ဆီး၊ ဘိုင်ယန်မြူး နစ် နဲ့ ဂျူဗင်တပ်စ်တို့လို အသင်းကပါ ချိတ်ဆက်ခဲ့တာဖြစ်ပြီးနောက်မှာ ဂျူဗင်တပ်စ်က လက်ဦးမှု ရယူနိုင်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းတို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ကို အရယူနိုင်ခဲ့တာလို့ […]

Continue Reading

ရီးယဲယ်မက်ဒရစ်အသင်းအပေါ်လွှမ်းမိုးနေဆဲ စီရော်နယ်ဒို

ရီးယဲယ်မက်ဒရစ်အသင်းအပေါ်လွှမ်းမိုးနေဆဲ စီရော်နယ်ဒို —————————– ကမ္ဘာကျော်တိုက်စစ်ကစားသမား၊ ဂိုးသွင်းစက်ကြီး စီရော်နယ်ဒိုဟာ ယခုနှစ်ရာသီမှာ ရီးယဲယ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်စ် အ သင်း ကို ပြောင်းရွှေ့ခဲ့ပြီး ရီးယဲယ်မက်ဒရစ်အသင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးယဲယ်မက်ဒရစ် အသင်းမှ ထွက်ခွာခဲ့ပြီးဖြစ်ပေမယ့် အသင်းအပေါ် များစွာလွှမ်းမိုးဆဲဖြစ်သလို အသင်းမှာ သူ့ရဲ့ပုံရိပ်များစွာကျန်ရှိနေပါတယ်။ အသင်းမှာကစား ခဲ့စဉ်အတွင်း စွမ်းဆောင်ထားတဲ့ မှတ်တမ်းတွေက အံ့မခန်းဖြစ် သလို သူ့ရဲ့ခြေရာလက်ရာအများအပြားကျန်ရှိနေ ဆဲဆိုတာကို ဂိုးသွင်း မှတ်တမ်းတွေက သက်သေခံနေပါတယ်။ ထွက်ပေါ်လာတဲ့ ဂိုးသွင်းမှတ်တမ်းအရ (၂၀၁၈)ခုနှစ်အတွင်း ရီးယဲယ်မက်ဒရစ် အသင်းရဲ့ ဂိုးအများဆုံးသွင်းယူသူစာရင်းမှာ စီရော်နယ်ဒိုက ထိပ်ဆုံးမှာ ဦးဆောင်နေဆဲပါ။ သူဟာ (၂၀၁၈-၁၉)ဘောလုံးရာသီရဲ့ (၂၀၁၈)ခုနှစ်အတွင်း ရီးယဲယ်မက်ဒရစ်အသင်းအတွက် လုံးဝကစားပေးခဲ့ခြင်းမရှိပေ မယ့် ယခင် ရာသီကစွမ်းဆောင်ထားမှုအရ ဂိုးသွင်းအများဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတာပါ။ (၂၀၁၈)ခုနှစ်အတွင်း ရီးယဲယ်မက်ဒရစ်အသင်းရဲ့ ဂိုးအများဆုံးသွင်းယူထားသူစာရင်းမှာ […]

Continue Reading

လူကာကူ ဂိုးသွင်းနိုင်ခဲ့ခြင်းအကြောင်းကို ပြောသွားတဲ့ ဆိုးလ်ရှား

လူကာကူ ဂိုးသွင်းနိုင်ခဲ့ခြင်းအကြောင်းကို ပြောသွားတဲ့ ဆိုးလ်ရှား ———————————— မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားက တိုက်စစ်မှူး လူကာကူကို နည်းပြဟောင်း ဟိုဆေးမော်ရင် ဟို အသုံးပြုခဲ့တဲ့နည်းလမ်းနဲ့ မတူညီတဲ့အစီအစဉ်ကို စီစဉ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း FourFourTwo က ဖော်ပြခဲ့ပါတယ်။ မန်ချက် စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ဘုန်းမောက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ၃ ပွဲဆက်နိုင်ပွဲ ရရှိခဲ့တာဖြစ် ပါတယ်။ လူကာကူဟာ နည်းပြမော်ရင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်းက ရာထူးကနေထုတ်ပယ်ပြီးနောက် အသင်းကနေ ခွင့် ယူခဲ့သူဖြစ်ပါတယ်။နည်းပြသစ်လက်အောက်မှာ ပထမဆုံး ပါဝင်ကစားခဲ့တဲ့ လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်း အတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားက ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။“အခုအချိန်မှာ သူက […]

Continue Reading

လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မသေချာသေးတဲ့ ဒီဘရိုင်း

လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မသေချာသေးတဲ့ ဒီဘရိုင်း ———————————— မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ် မတိုင်မီမှသာ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုခံယူရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့ပါတယ်။ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၄ လကြာအနားယူပြီးနောက် ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့ ကြိုးစားနေရဆဲဖြစ်ပြီး ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ယမန်နေ့ပွဲစဉ်မှာ နည်းပြဂွါဒီယိုလာက အနားပေးခဲ့ပါတယ်။မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ တွေ့ဆုံမယ့် အဆုံးအဖြတ်ပွဲစဉ်မှာ ဒီဘရိုင်း ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေ တာဖြစ် ပါတယ်။ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒီဘရိုင်းရဲ့နောက်ဆုံးဒဏ် ရာအခြေအနေကို ပြောပြခဲ့ပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားပေးနိုင်မယ်လို့ မပြောနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။“သူ ဘယ်လိုနေလဲ ကျွန်တော် မသိပါဘူး”“ဒီနေ့တော့ သူ မကစားနိုင်ခဲ့ပါဘူး။ […]

Continue Reading

တိုက်စစ်မှူး ဂီးရော့ဒ် ရဲ့ ဒဏ်ရာအခြေ အနေကို ပြောသွားတဲ့ ဆာရီ

တိုက်စစ်မှူး ဂီးရော့ဒ် ရဲ့ ဒဏ်ရာအခြေ အနေကို ပြောသွားတဲ့ ဆာရီ ——————————- ချဲလ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဂီးရော့ဒ်အတွက်နည်းပြ ဆာရီက ၀မ်းနည်းစကားဆိုခဲ့ပါတယ်။အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ဂီးရော့ဒ်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၂) ဂိုးသွင်း ယူခဲ့ပေမယ့် (၂) ကြိမ်လုံးလူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒုတိယသွင်းဂိုးကန်သွင်းပြီးချိန်မှာတော့ ခြေကျင်းဝတ်ဒဏ်ရာကို ရရှိခဲ့ ပါတယ်။ချဲလ်ဆီးအသင်းအတွက်တော့ တစ်ရက်အတွင်းကို ကစားသမား (၃) ဦးလောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဖာဘရီဂတ်စ် ၊ လော့ဖ် တက်ချိစ် နဲ့ ဒရင့်ဝါးတားတို့လည်း ဒဏ်ရာပြဿနာရှိနေခဲ့တာဖြစ်ပါတယ်။“ ဂီးရော့ဒ်က ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာပါ။ဒဏ်ရာအခြေ အနေကိုသိရဖို့အတွက် မနက်ဖြန်အထိ စောင့်ဆိုင်းရပါမယ်။ပြီးခဲ့တဲ့ရက်ဆိုရင် အသင်းအတွက် နောက်ဆုံး (၁၀) မိနစ်လောက်မှာ ကစား သမား (၃) ဦးလောက်ဒဏ်ရာရရှိခဲ့ပါတယ်။”“ […]

Continue Reading

အပြောင်းအရွှေ့ ကိစ္စကို ထုတ်ဖော်ပြောကြားသွားတဲ့ အစ္စကို

အပြောင်းအရွှေ့ ကိစ္စကို ထုတ်ဖော်ပြောကြားသွားတဲ့ အစ္စကို ———————————— ရီးရဲလ်အသင်းရဲ့ကွင်းလယ်ကစားသမား အစ္စကိုကတော့ အသင်းနည်းပြ ဆိုလာရီ လက်အောက်မှာ ရုန်းကန်နေခဲ့ရပေမယ့် အသင်း ကနေ ထွက်ခွာဖို့အတွက် အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။အစ္စကိုအသင်းအတွက် နောက်ဆုံးကစားခဲ့ရတဲ့ပွဲစဉ်က နည်းပြဟောင်း လော့ပီတီဂူ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ပြီးတည်းက မယ်လီလာအသင်း နဲ့ကစားခဲ့တဲ့ ဘုရင့်ဖလားပွဲစဉ် ၊ CSKA အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဆိုလာရီက သူ့ရဲ့အစီအစဉ် မှာ အစ္စကိုပါဝင်ဖို့အတွက် မသေချာဘူးလို့ ဆိုထားခဲ့တာကြောင့် ပွဲထွက်ခွင့်နဲ့တခြားအခွင့် အရေးတွေအ တွက် အစ္စကိုအသင်းကနေ ထွက်ခွာဖို့စီစဉ်နေပြီလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ဒီသတင်းတွေနဲ့ပတ်သက်ပြီး “ ကျွန်တော် လာမယ့် ဆောင်းရာသီမှာအသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး။အသင်းနဲ့အတူ ဆုဖလားတွေအများကြီးပိုင်တိုင်နိုင်ဖို့က ရည်မှန်းချက်ပါ။” လို့ အစ္စကိုက ဆိုခဲ့ပါတယ်။ရီးရဲလ်အသင်းကတော့ ရာသီဝက်အနားပြီးလို့ […]

Continue Reading

အသင်းသမိုင်းတလျှောက် အစ ၃ ပွဲကို အကောင်းဆုံးစတင်နိုင်တဲ့ နည်းပြဖြစ်လာခဲ့တဲ့ အိုလီဂန်းနားဆိုးလ်ရှား

အသင်းသမိုင်းတလျှောက် အစ ၃ ပွဲကို အကောင်းဆုံးစတင်နိုင်တဲ့ နည်းပြဖြစ်လာခဲ့တဲ့ အိုလီဂန်းနားဆိုးလ်ရှား —————————————— မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ၃ ပွဲကစားပြီးနောက် ရဂိုး ၁၂ ဂိုး၊ ရမှတ် ၉ မှတ်ရယူနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် အစ ၃ ပွဲကို အကောင်းဆုံးစတင်နိုင်တဲ့ နည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အိုလီဂန်းနားဆိုးလ်ရှားဟာ မန်ချက်စ တာ ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်တဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ ၃ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယမန်နေ့ညက ဘုန်း မောက် အသင်းကို ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ လူကာကူတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ သမိုင်း တလျှောက်မှာ ပထမဆုံး ၃ ပွဲအနိုင်ရရှိခဲ့တဲ့ နည်းပြဆိုလို့ ဆာမတ်စ်ဘတ်စ်ဘီနဲ့ ဟိုဆေးမော်ရင်ဟိုတို့ ၂ […]

Continue Reading

တနင်္လာနေ့ အားကစားသတင်းတိုများ

တနင်္လာနေ့ အားကစားသတင်းတိုများ ————————- -ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား အစ္စကိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားခြင်း မရှိကြောင်းနဲ့ နည်းပြဆိုလာရီရဲ့လက်အောက်မှာ ပျော်ရွှင်နေကြောင်း Goal ကို ပြောကြားခဲ့ပါတယ်။ အစ္စကိုဟာ ဂျူဗင်တပ်၊ ချယ်ဆီး၊ ပီအက်စ်ဂျီအသင်းတို့ထဲက တစ်သင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ -အင်တာမီလန်အသင်းဒါရိုက်တာ ပီယားရိုးအော်ဆီလီယိုက အသင်းအနေနဲ့ ယခုရာသီအစောပိုင်းမှာ ရော်နယ်ဒိုကို ခေါ်ယူခွင့်ရရှိ ခဲ့ပေ မယ့် ဘယ်တုန်းကမှ ခေါ်ယူဖို့ မတတ်နိုင်ခဲ့ဘူးလို့ ယုံကြည်ကြောင်း Tuttosport ကို ပြောကြားခဲ့ပါတယ်။ ရော်နယ်ဟိုဟာ ရီးရဲ မက်ဒရစ် အသင်းကနေ စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းကို ယူရို ၁၁၂ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အော်ဆီလီယိုက အင်တာမီလန်အသင်းအနေနဲ့ ရော်နယ်ဒိုကို စိတ်ဝင်စားပေမယ့် ခေါ်ယူဖို့ရော၊ထိန်းသိမ်းထားနိုင်ဖို့ပါ ဂျူဗင်တပ်အသင်းနဲ့ ငွေကြေးအင်အားအရမယှဉ်ပြိုင်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ […]

Continue Reading

ရေးဗားပလိပ်အသင်း နဲ့ ခြေစွမ်းပြသနေတဲ့ လူငယ်ကစားသမားလေးတစ်ဦးကို မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ်

ရေးဗားပလိပ်အသင်း နဲ့ ခြေစွမ်းပြသနေတဲ့ လူငယ်ကစားသမားလေးတစ်ဦးကို မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ် ——————————————– အိဇ်ကွီရယ် ပလာစီယို့စ် ဆိုတာကတော့ အာဂျင်တီးနားဘောလုံးလောကမှာ နာမည်ရလာခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံ လက်ရွေးစင်အသင်းမှာတောင် ရွေးချယ်ခြင်းခံထားခဲ့ရသူတစ်ဦးပါ။ရေးဗားပလိပ်အသင်း နဲ့ ခြေစွမ်းပြသနေခဲ့တဲ့ ကစားသမား အိဇ်ကွီ ရယ် ပလာစီယို့စ် ကို ရီးရဲလ်အသင်းက မျက်စိကျနေခဲ့ပါတယ်။ရီးရဲလ်အသင်းက မိုဒရစ်နေရာမှာ သူ့ကိုနေရာပေးဖို့ စဉ်စားနေ တာပါ။ တစ်ရာသီလောက်ပြသခဲ့တဲ့ ခြေစွမ်းကိုကြည့်ပြီး မိုဒရစ်နဲ့ယှဉ်ပြောဖို့ စောနေသေးတယ်ဆိုပေမယ့် တစ်ချိန်မှာ ဒီလိုနေရာကို ရရှိလာနိုင် တဲ့ သူတစ်ဦးပါ။မိုဒရစ်လိုပဲ ကွင်းလယ်ခံစစ်နေရာကနေ box-to-box ကစားသမားတစ်ဦးဖြစ်လာခဲ့တဲ့ အိဇ်ကွီရယ် ပလာစီယို့စ် အတွက် တော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ငယ်ရွယ်ပေမယ့် အကောင်းဆုံးထိန်းကျောင်းနိုင်သူလို့ ဆိုနိုင်ပြီး သန့်သန့်ရှင်းရှင်းကစားတက်တဲ့ ကစားဟန်ကိုလည်း မြင်တွေ့ရပါတယ်။ သူ့မှာရှိနေတဲ့ ကောင်းမွန်တဲ့အချက်တစ်ချက် […]

Continue Reading

ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ဆန်းချက်ဇ် ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်မြင်တွေ့ခွင့်ရလာမှာလား…?

ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ဆန်းချက်ဇ် ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်မြင်တွေ့ခွင့်ရလာမှာလား…? —————————————- ဆိုးလ်ရှားကို မန်ချက်စတာ ယူနိုက်တက်အသင်း ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်းတည်းကအသင်းရဲ့ ပြောင်းလဲမှုတွေကို စတင်မြင်တွေ့နေရပါတယ်။ပေါ့ဘာ ကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပြီဖြစ်တဲ့ ဆိုးလ်ရှား နောက်ထပ်ဖြေရှင်းရမယ့် ကစားသမား တစ်ဦးရှိနေပါသေးတယ်။အသင်းမှာ လစာအများဆုံးရရှိနေခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ကျောနံပါတ် (၇) ကို ၀တ်ဆင်ကစားနေခဲ့တဲ့ ဆန်းချက်ဇ်ပါ။ အာဆင်နယ်အသင်းမှာ အဓိက တိုက်စစ်မှူးအဖြစ် နေရာရရှိနေခဲ့သူတစ်ဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာလည်း အားလုံးက အံ့အားသင့်ခဲ့ရတဲ့ ကစားသမားတစ်ဦးပါ။နည်းပြ မော်ရင်ညို ရဲ့ ကစားကွက်နဲ့ အံမ၀င်ဖြစ်ခဲ့တဲ့ သူ့အတွက်တော့ ဆိုးလ်ရှားဘယ်လိုကိုင်တွယ်မယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ မန်ချက် စတာ ယူနိုက်တက်အသင်း နည်းပြအပြောင်းအလဲပြုလုပ်လိုက်တာက အသင်းအတွက် ကောင်းမွန်တဲ့ […]

Continue Reading