မန်ချက်စတာယူနိုက်တက် အတွက် ဂိုးသွင်းယူပေးခဲ့ဘူးတဲ့ ဆွီဒင်ကစားသမား(၄)ဦး

မန်ချက်စတာယူနိုက်တက် အတွက် ဂိုးသွင်းယူပေးခဲ့ဘူးတဲ့ ဆွီဒင်ကစားသမား(၄)ဦး ———————————— မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ လင်ဒီလော့ဖ်က ဘန်လေနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေး ခဲ့ပါ တယ်။ အသက် (၂၄)နှစ်အရွယ် ကစားသမားအတွက် ဒီသွင်းဂိုးဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးလည်း ဖြစ် လာခဲ့ပြီး ယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ ဆွီဒင်ကစားသမားအားလုံး ဂိုးသွင်းယူနိုင်ခဲ့မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အတွက် ဂိုးသွင်းခဲ့ဖူးတဲ့ ဆွီဒင်ကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။ ၁။ ဘလွန်းကွစ် – မန်ချက်စတာယူနိုက်တက်အသင်း ဂန္ထ၀င်တွင်ခဲ့တဲ့ နှစ်ဖြစ်တဲ့ ၁၉၉၉ ခုနှစ် ဖလားသုံးလုံးချန်ပီယံအသင်းမှာ ဘလွန်း ကွစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘလွန်းကွစ်က ယူနိုက်တက်အတွက် စုစုပေါင်းမှ (၃၈)ပွဲသာ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးကလည်း (၁)ဂိုးသာ ရရှိခဲ့တာပါ။ ဒီတစ်လုံးတည်းသော […]

Continue Reading

ဟာဇက်အနေဖြင့် အ သင်းမှထွက်ခွာလိုလျှင် ထွက်ခွာသင့်သည့်အချိန် ရောက်နေပြီဟု ဆာရီ ပြောကြား

ဟာဇက်အနေဖြင့် အ သင်းမှထွက်ခွာလိုလျှင် ထွက်ခွာသင့်သည့်အချိန် ရောက်နေပြီဟု ဆာရီ ပြောကြား ———————————- ချယ်လ်ဆီးနည်းပြ ဆာရီက အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ဟာဇက်အနေဖြင့် အ သင်းမှထွက်ခွာလိုလျှင် ထွက်ခွာသင့်သည့်အချိန် ရောက်နေပြီဟု ပြောကြားလိုက်ကြောင်းသိရပါတယ်။အဆိုပါ ကစားသမား ဟာ လာ မည့်နွေရာသီမှာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းကြီးနေသူဖြစ်ပြီး ဆာရီက ပြီးခဲ့သည့်လကတည်းက ချယ်လ်ဆီး အသင်းအနေဖြင့် ဟာဇက်၏ အပြောင်းအရွှေ့ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်နေပြီဟုလည်း ပြောကြားခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်က လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင်(၃၂)သန်းဖြင့် ရောက်ရှိခဲ့သူ ဟာဇက်ကို ယခုအခါ ရီးယဲလ်အသင်းက ပေါင် သန်း(၁၀၀)ဝန်းကျင်ဖြင့် ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ဆာရီကပြောကြားခဲ့ရာ မှာတော့ ”အီဒင်ဟာဇက် က (၂၈) နှစ် ရှိပါပြီ။ […]

Continue Reading

အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တာကို အင်စတာဂရမ်ကနေအတည်ပြုလိုက်တဲ့ ဖယ်လိုင်နီ

အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တာကို အင်စတာဂရမ်ကနေအတည်ပြုလိုက်တဲ့ ဖယ်လိုင်နီ ——————————- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တာကို သူ့ရဲ့ အင်စ တာဂရမ်ကတဆင့် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မန်ချက်စတာလေဆိပ်မှာ ဖယ်လိုင်နီကို သူ့ရဲ့ အေးဂျင့်၊ သူ့ရဲ့ ညီ၊ အခြားအကြံပေး ပုဂ္ဂိုလ် တစ်ဦးနဲ့အတူ ဓာတ်ပုံရိုက်ထားတဲ့ ပုံကို ဖယ်လိုင်နီက တင်ထားခဲ့ပြီး “ Let’s go” ဆိုတဲ့ စာသားကိုလည်း ရေးသားခဲ့ပါတယ်။ ဒီအ တွက် ဖယ်လိုင်နီဟာ တရုတ်ကို ထွက်ခွာခဲ့တယ်လို့ ယုံကြည်ရပြီး တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်အသင်းကို ပေါင် (၁၀)သန်း နဲ့ ပြောင်းရွှေ့မယ့် သတင်းက ခိုင်မာသွားခဲ့ပြီ ဖ်ြစပါတယ်။ ယူနိုက်တက်နဲ့ နီးစပ်တဲ့သူ တစ်ဦးရဲ့ ပြောဆိုချက်အရ ယူနိုက်တက် နဲ့ […]

Continue Reading

မိုဟာနတ်ဒ်အလီအတွက် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အီရတ်ကလပ် အယ်လ်ရှော်တာအသင်း

မိုဟာနတ်ဒ်အလီအတွက်  ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အီရတ်ကလပ် အယ်လ်ရှော်တာအသင်း ——————————– အီရတ်ကလပ်အသင်း အယ်လ်ရှော်တာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူး မိုဟာနတ်ဒ်အလီအတွက် စီးရီးအေအသင်းကြီး ဂျူဗင် တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အာရှဖလားပြိုင်ပွဲမှာ အီရတ်အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် သွင်းဂိုး (၂)ဂိုး ရယူနိုင်ခဲ့တဲ့ အသက် (၁၈)နှစ်အရွယ် အလီကို ဥရောပကလပ်တွေက အပြိုင်အဆိုင် ကမ်းလှမ်းနေခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ တစ် ပတ်ကပဲ ဒိန်းမတ်ကလပ် မစ်ဂျီလန်း၊ စီးရီးအေကလပ် ကယ်ကလီယာရီတို့ အပါအ၀င် ဥရောပထိပ်တန်းလိဂ်အသင်းတွေကပါ အလီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခုနောက်ဆုံးအနေနဲ့ ကမ္ဘာကျော်ကစားသမား ရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဂျူဗင်တပ်စ် အသင်း ကပါ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အယ်ရှော်တာအသင်းကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး […]

Continue Reading

မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်းတို့ကြားမှာ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်မြောက်လာဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်းတို့ကြားမှာ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်မြောက်လာဖွယ်ရှိ ——————————– နည်းပြသစ် ဆိုးလ်ရှားလက်ထပ်မှာ ပြန်လည်မွေးဖွားလာနိုင်ခဲ့တယ်လို့ ဆိုရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက်ကတော့ ယခုနှစ် အပြောင်းအရွှေ့ကာလမှာလှုပ်ရှားမှုတစ်စုံတစ်ရာ မပြုလုပ်သေးပေမယ့် ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့တစ်စိတ် တစ် ပိုင်းက မန်ချက်စတာ ယူနိုက်တက်အသင်းအပေါ်ကို သက်ရောက်လာခဲ့လို့ စိတ်ဝင်စားစရာအပြောင်းအရွှေ့သတင်း တစ်ခုဖြစ်လာခဲ့ ပါ တယ်။ Mundo Deportivo သတင်းစာမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတာကို ဘာစီလိုနာ အသင်းခေါ် ယူပြီးအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကော်တင်ညိုကို ပြန်လည်ပေးအပ်သွားမယ့် ကစားသမားအလဲအထပ်တစ်ခုဖြစ် လာနိုင် တယ်လို့ သုံးသပ်ရေးသားခဲ့ပါတယ်။ မာတာ ရဲ့ အေးဂျင့်ဖြစ်သူကလည်း ဘာစီလိုနာကိုသွားရောက်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေခဲ့တယ်လို့ စပိန်မီဒီ ယာတွေက ဖော်ပြေနေပေမယ့် မန်ချက်စတာ […]

Continue Reading

မိမိတို့အသင်းဟာ ဘယ်ပြိုင်ပွဲကိုမှ အားလျှော့ကစားတာမျိုးမရှိကြောင်း မက်ဆီ အခိုင်အမာပြောကြား

မိမိတို့အသင်းဟာ ဘယ်ပြိုင်ပွဲကိုမှ အားလျှော့ကစားတာမျိုးမရှိကြောင်း မက်ဆီ အခိုင်အမာပြောကြား ———————– ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီက သူတို့အသင်းဟာ ကိုပါဒယ်ရေးဖလားအပါအ၀င် ဘယ်ပြိုင်ပွဲကိုမှ အား လျှော့ကစားတာမျိုးမရှိကြောင်း ဆီဗီလာအသင်းကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ကိုပါဒယ်ရေးဖလားဒုတိယအကျော့အပြီးမှာ ပြောကြား ခဲ့ပါ တယ်။ အဆိုပါလာလီဂါအင်အားကြီးဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ဆီဗီလာအသင်းကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ကာ ရာကီတစ်၊ ရောဘတ်တို၊ ဆွာရက်ဇ်၊ မက်ဆီနဲ့ ကော်တင်ဟို(၂ဂိုး)တို့ရဲ့သွင်းဂိုးတွေနဲ့ ၂ကျော့ပေါင်းရလဒ် ၆-၃ဂိုးနဲ့အနိုင် ရခဲ့တာဖြစ် ပါတယ်။ အ သက် ၃၁နှစ်အရွယ်မက်ဆီက ဘာစီလိုနာအသင်းဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို အာရုံစိုက်နိုင်ရေးအတွက် ဘုရင့်ဖလားပြိုင် ပွဲကို အာရုံစိုက်မကစားဘူးဆိုတဲ့ခန့်မှန်းချက်တွေကိုလည်း ပယ်ချသွားပါတယ်။ “ကျွန်တော်တို့ဘယ်ဖလားပြိုင်ပွဲ ကနေမှမထွက်ခွာချင် ပါဘူး။ အဲ့လိုမျိုးလည်းအဖြစ်မခံပါဘူး။ ရာသီအစကတည်းအခုလိုဆုံးဖြတ်ပြီးယှဉ်ပြိုင်နေတာပါ”လို့ မက်ဆီကဘာကာတီဗွီ ကိုပြောပါ တယ်။ “လက်ရှိမှာအသင်းကဖလားပြိုင်ပွဲ ၃ခုစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်နေရတာပါ။ ဒါကြောင့်ကျွန်တော်တို့ ပြိုင်ပွဲတိုင်းကိုအာရုံစိုက် […]

Continue Reading

နေမာ ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ဝီလီယံ ဘက်ကိုလှည့်လာတဲ့ PSG

နေမာ ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ဝီလီယံ ဘက်ကိုလှည့်လာတဲ့ PSG —————————– PSG အသင်းသည် ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံအား အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အံ့အားသင့်ဖွယ်ကြိုးစားသွားနိုင် ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။PSG အသင်းဟာ ဒဏ်ရာရရှိနေသည့်အဓိကတိုက်စစ်ကစားသမားနေမာ၏ နေရာ မှာ အစားထိုးနိုင်ရန် ဝီလီယံအားစိတ်ဝင်စားနေခြင်းဖြစ်ပြီး ပေါင်သန်း(၄၀)ခန့်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက် ပေါ်နေပါတယ်။ထို့ပြင် PSG အသင်းသည် အာဆင်နယ်အသင်းတွင် နည်းပြနှင့်အဆင်မပြေဖြစ်နေသည့် ကွင်းလယ်ဖန်တီးရှင် အိုဇေးလ် အား အငှားဖြင့်ခေါ်ယူရန်ကြိုးစားခဲ့သော်လည်း ပယ်ချယ်ခံခဲ့ရကြောင်း သိရပါတယ်။ PSG တိုက်စစ်ကစားသမားနေမာသည် ခြေဖဝါးရိုးကျိုးဒဏ်ရာကြောင့် (၁၀)ပတ်ခန့် အနားယူရမည်ဖြစ်ပြီး မန်ယူအသင်းနှင့်ချန်ပီယံလိဂ် ရှုံးထွက်(၂)ပွဲအပါအဝင် စုစုပေါင်းပွဲစဉ်(၁၅)ပွဲခန့်လွဲချော်နိုင်သဖြင့် ၄င်း၏နေရာတွင် အစားထိုးနိုင်ရန် ဖန်တီးနိုင်စွမ်းမြင့်မားသော အရည် အသွေးမြင့် ကွင်းလယ်လူတစ်ဦးကို […]

Continue Reading

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပြစ်တင် မှုတွေ ထပ်မံပြုလုပ်သွားခဲ့တဲ့ ဆာရီ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပြစ်တင် မှုတွေ ထပ်မံပြုလုပ်သွားခဲ့တဲ့ ဆာရီ ———————————- ဘုန်းမောက်ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြဆာရီဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပြစ်တင် မှုတွေ ထပ်မံပြုလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ ဂိုးပြတ်ရှုံးပွဲဟာ ၁၉၉၆ ခုနှစ်က လီဗာပူးလ်ကို ၅-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲ နောက်ပိုင်း အကြီးမားဆုံး ရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ Metro ရဲ့ ဖော်ပြမှုအရ သိရှိရပါတယ်။အဆိုပါပွဲအပြီးမှာ နည်းပြ ဆာ ရီ နဲ့ ချယ်လ်ဆီးကစားသမားတွေဟာ အဝတ်လဲခန်းအတွင်း တစ်နာရီနီးပါးအထိ တံခါးပိတ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရ ပါ တယ်။ ဆာရီဟာ နည်းပြအဖွဲ့ဝင်အားလုံးကို အခန်းအပြင်ထွက်ခိုင်းခဲ့ပြီး ကစားသမားတွေနဲ့ သူနဲ့ သီးသန့်သာ တွေ့ဆုံပြော […]

Continue Reading

နေမာ ရဲ့ ဒဏ်ရာအခြေအနေ နဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီအသင်း တရားဝင်ထုတ်ပြန်ကြေငြာ

နေမာ ရဲ့ ဒဏ်ရာအခြေအနေ နဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီအသင်း တရားဝင်ထုတ်ပြန်ကြေငြာ ——————————— ခြေဖဝါးရိုးကျိုးတဲ့ ဒဏ်ရာကြောင့် တိုက်စစ်မှူး နေမာ (၁၀)ပတ်ခန့်အနားယူရမယ်လို့ ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်လိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။ဒီဒဏ်ရာကိုတော့ နေမာအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က စရက်စ်ဘော့ အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလားပွဲမှာ ရရှိခဲ့တာပါ။ ပီအက်စ်ဂျီအသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ – “ နေမာရဲ့ ဒဏ်ရာကို အသေးစိတ် ဆေးစစ်မှုတွေ ပြု လုပ်အပြီးမှာတော့ ၁၀ ပတ် နားရမယ်လို့ ဆေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။ဒီကြားထဲမှာ ပြန်လည်သန် စွမ်းရေး လေ့ကျင့်ခန်းတွေ ပြုလုပ်သွားရပါမယ်။” လို့ ရေးသားဖော်ပြထားပါတယ်။နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တစ်ဦးဖြစ်ပြီး […]

Continue Reading

ပီအက်စ်ဂျီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေး ကို ငြင်းဆန်ပယ်ချခဲ့တဲ့ အိုဇေးလ်

ပီအက်စ်ဂျီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေး ကို ငြင်းဆန်ပယ်ချခဲ့တဲ့ အိုဇေးလ် ——————————– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ဟာ ပီအက်စ်ဂျီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေး ကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ နေမာ ဒဏ်ရာရရှိနေခဲ့လို့ တိုက်စစ်ပိုင်းအနည်းငယ် အားနည်းသွားမယ့် အနေအထားမှာ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို ပီအက်စ်ဂျီက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ဂျာမန်သတင်းဌာနတစ်ခုဖြစ်တဲ့ Sudde utsche Zeitung ရဲ့ ဖော်ပြချက်အရ အသက် (၃၀)အရွယ် ကွင်းလယ်ကစားသမားဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ထက် အာဆင် နယ် မှာပဲ ဆက်ရှိနေဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်မှာ ပုံမှန်နေရာ မရရှိပဲရုန်းကန်နေရပေမယ့် အိုဇေးလ်က လန်ဒန်ကလပ်ကို စွန့်ခွာဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။စထရာဘော့နဲ့ ကစားခဲ့တဲ့ […]

Continue Reading