ဝက်ဖို့ဒ် နဲ့ ပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ အဓိကအကြောင်းအရင်းထွက်ပေါ်လာ

ဝက်ဖို့ဒ် နဲ့ ပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ အဓိကအကြောင်းအရင်းထွက်ပေါ်လာ ———————————– မနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၀က်ဖို့ဒ်တို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ပါဝင်နိုင်ခဲ့ခြင်း မရှိ ပဲ လွဲချော်ခဲ့ပါတယ်။ ဆွီဒင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေမှာ ကစားပေးခဲ့ခြင်းမရှိခဲ့တဲ့ လင်ဒီလော့ဖ်ရဲ့ လွဲချော်မှုက ယူနိုက်တက် ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသလို ဘာကြောင့်လွဲချော်ခဲ့ရတာလဲဆိုတာက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ရိုမေးနီးယား၊ နော်ဝေတို့နဲ့ ကစားရမယ့် ဆွီဒင်အသင်းပွဲတွေကို လင်ဒီလော့ဖ် လွဲချော်ခဲ့ရတာကတော့ သူ့ရဲ့ ဇနီးသည်မာဂျာ မီးဖွားခဲ့တာကြောင့်လို့ သိ ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ပွဲမှာ လွဲချော်ခဲ့ရတာဟာ လက်ရွေးစင်အသင်းအတွက် ၀င်ရောက်ကစားပေးခဲ့ခြင်း မရှိတဲ့ အ ပေါ်မှာ ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့်လို့ သိရပါတယ်။ “ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် အရမ်းစဉ်းစားတာမျိုးမရှိပါဘူး၊ […]

Continue Reading

ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာ ကို ကစားပုံ နဲ့ ကစားရမယ့်နေရာအပြောင်းအလဲပြုလုပ်သွားဖွယ် ရှိနေတဲ့ ဆိုးလ်ရှား

ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာ ကို ကစားပုံ နဲ့ ကစားရမယ့်နေရာအပြောင်းအလဲပြုလုပ်သွားဖွယ် ရှိနေတဲ့ ဆိုးလ်ရှား ———————————- ၀က်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ခြေစွမ်းမပြနိုင်ခဲ့ပြီးနောက်မှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့ ကစားပုံ နဲ့ ကစားရမယ့်နေရာကို အပြောင်းအလဲပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ပွဲအပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှာက ပြောဆိုသွားခဲ့တာဖြစ်ပြီး ကစားသမားဘက်ကလည်း ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။မားကပ်စ်ရက်ရှ်ဖို့ဒ် နဲ့ အန်သိုနီ မာ ရှယ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ ဦးဆောင်နေခဲ့ပြီး ၀က်ဖို့ဒ်ကွင်းလယ်လူ ဒူကူရီက ခြေစွမ်းပြကာ ချေပဂိုး တစ်ဂိုးသွင်းယူပေးခဲ့လို့ ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဂ်ဘာက ထိရောက်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင် ခဲ့ပဲ […]

Continue Reading

ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တဲ့ ဆန်ချို

ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တဲ့ ဆန်ချို ——————————- ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဆန်ချိုဟာ မနေ့ညက ကစားခဲ့တဲ့ ၀ုလ်ဘတ်နဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးဖန် တီးပေးခဲ့ပြီးနောက်မှာ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ တယ် လို့ သိရပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်မှာ ပါကိုအယ်ကာဆာအတွက် ဆန်ချိုက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အသက် (၁၉)နှစ် အရွယ် သာ ရှိသေးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်ဟာ ဒေါ့မွန်အတွက် ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် နိုင်ပွဲရဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဒေါ့မွန်ဟာ ဘွန်ဒက်လီဂါမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ထက် နှစ်မှတ်အသာရရှိသွားခဲ့ပြီးတော့ အမှတ် ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆန်ချိုက ဘွန်ဒက်လီဂါမှာ ဂိုးဖန်တီးမှု (၁၃)ကြိမ်အထိ ရှိသွားခဲ့ပြီ […]

Continue Reading

ကတ်တလန်ဒါဘီပွဲတွေက မက်ဆီအတွက်တော့ အမှတ်ရစရာတွေဖြစ်ခဲ့

ကတ်တလန်ဒါဘီပွဲတွေက မက်ဆီအတွက်တော့ အမှတ်ရစရာတွေဖြစ်ခဲ့ ————————- ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ မနေ့ကကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ ကတ်တလန်ဒါဘီပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို တစ်ဦးတည်းသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် မက်ဆီရဲ့ ဒီရာသီ လာလီဂါသွင်းဂိုးဟာ (၃၁)ဂိုးအထိ ရှိသွားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ရရှိဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ပွဲချိန် မိနစ် (၇၀)ကျော်အထိ ဂိုးရဖို့ ခက်ခဲနေခဲ့တဲ့ ဘာစီလိုနာ ဟာ  (၇၂)မိနစ်မှာ ဖရီးကစ်ကတဆင့် မက်ဆီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ မယ်လ်ကွန်ရဲ့ ဖန်တီးပေးမှုကနေ မက်ဆီက ပဲ နောက်တစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီအတွက် ဘာစီလိုနာဟာ လာလီဂါမှာ အက်သလက်တီကိုထက် (၁၀)မှတ် အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ မက်ဆီဟာလည်း ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၄၀) ပြည့်မြောက်သွားခဲ့ပြီ […]

Continue Reading

ထိပ်တန်းလိဂ် (၅)ခုရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးဗဟိုကွင်းလယ်ကစားသမား (၅)ဦး

ထိပ်တန်းလိဂ် (၅)ခုရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးဗဟိုကွင်းလယ်ကစားသမား (၅)ဦး ——————————— ဒီရာသီစွမ်းဆောင်ရည်တွေကို အခြေခံပြီးတော့ အကောင်းဆုံးဗဟိုကွင်းလယ်ကစားသမား (၅)ဦးကို Sportskeeda ကရွေးချယ်ဖော်ပြခဲ့ ပါတယ်။ သူတို့ရဲ့ အရည်အချင်းအလိုက် ရွေးချယ်ခဲ့တာဖြစ်လို့ နာမည်ကျော် ကစားသမားတွေ ကျန်ရစ်နေခဲ့ကြပါတယ်။ ဥရောပထိပ် သီး လိဂ် (၅)ခုကနေ လိဂ်တစ်ခုချင်းစီရဲ့ အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။ ၅။ ဆယ်ဗေးနီးယား (နီမက်စ် – ပြင်သစ်လီဂူး) – ဒီရာသီမှာမှ တန်းတက်လာတဲ့ နီမက်စ်အတွက် ဆယ်ဗေးနီးယားက ခြေစွမ်းပြက စား နေ ခဲ့တာပါ။ အသင်းကို အမှတ်ပေးဇယား အဆင့် (၁၁)နေရာကို ပို့ဆောင်ပေးထားပြီးတော့ သူ့ရဲ့ ခြေစွမ်းက အသင်းအတွက် တော် တော်လေးအသုံးဝင်ခဲ့ပါတယ်။ အသက် (၂၇)နှစ် အ ရွယ် ကွင်းလယ်လူဟာ […]

Continue Reading

ဘာပေ နေရာမှာ အစားထိုးဖို့အတွက် အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့်ကစားသမားတစ်ဦးကို PSG ခေါ်ယူရန် ပစ်မှတ်ထား

ဘာပေ နေရာမှာ အစားထိုးဖို့အတွက် အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့်ကစားသမားတစ်ဦးကို PSG ခေါ်ယူရန် ပစ်မှတ်ထား —————————— ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းကနေ တိုက်စစ်မှူး ဘာပေထွက်ခွာသွားခဲ့မယ်ဆိုရင် အစားထိုးဖို့အတွက် အက်သလက်တီကို မက် ဒ ရစ်အသင်း ကြယ်ပွင့်ကစားသမားတစ်ဦးကိုေ ခ်ါယူဖို့အတွက် ပစ်မှတ်ထားနေပါတယ်။ဘာပေအနေနဲ့ အသင်းကနေ ထွက်ခွာပြီး လာ မယ့် ရာသီအသင်းလူစာရင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့စီစဉ်နေခဲ့တဲ့ ရီးရဲလ်အသင်း ထံကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ဒါ့ကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ လူငယ်ကစားသမား ဘာပေရဲ့နေရာမှာ အစားထိုးဖို့ အတွက် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂရဇ်မန်းကို ခေါ်ယူဖို့အတွက် စီစဉ်လာခဲ့ပါတယ်။ နောက်ဆုံးရရှိထားခဲ့တဲ့ သတင်းတွေမှာတော့ ပီအက်စ်ဂျီအသင်းကနေ ဘာပေထွက်ခွာဖို့ဆိုတာကို တွန်းအားပေးနေတဲ့ တစ်စုံတစ် ရာမ ရှိသေးပဲ ရီးရဲလ်အသင်းကသာ ကစားသမားကို အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။အက်သလက်တီကို […]

Continue Reading

ပေါ့ဘာကို ကျွန်တော်အရမ်းသဘောကျတယ်ဆိုတာ လူတိုင်းသိပါတယ်၊ ပေါ့ဘာအကြောင်းကို ကျွန် တော်ကောင်းကောင်းသိပါတယ် #ဇီဒန်း

ပေါ့ဘာကို ကျွန်တော်အရမ်းသဘောကျတယ်ဆိုတာ လူတိုင်းသိပါတယ်၊ ပေါ့ဘာအကြောင်းကို ကျွန် တော်ကောင်းကောင်းသိပါတယ် #ဇီဒန်း ————————————- ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မန်ယူကွင်းလယ်လူ ပေါ့ဘာကို အလွန်သဘောကျကြောင်း ပြောကြားခဲ့ပါတယ်။ ရီးယဲလ် မက် ဒရစ် အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာအသုံးပြုကာ အသင်းကိုအင်အားဖြည့်တင်းမှု များပြု လုပ်မည်ဖြစ်ပြီး ပေါ့ဘာကိုလည်း အသင်းသို့ ခေါ်ယူလိုနေကြောင်းသိရပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကလည်း ပြီးခဲ့သည့် ရက် သတ္တပတ်အတွင်းကမှ ရီးယဲလ်မက်ဒရစ်အသင်းတွင်ကစားခွင့်ရရေးမှာ ကစားသမားတိုင်း၏ အိပ်မက်ဖြစ်သည်ဟု ဝန်ခံခဲ့ရာ ၄င်း၏ အ ပြောင်းအရွှေ့သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့သူဖြစ်ပါတယ်။ ဇီဒန်းကပြောကြားခဲ့ရာမှာတော့ ” ပေါ့ဘာကို ကျွန်တော်အရမ်းသဘောကျတယ်ဆိုတာ လူတိုင်းသိပါတယ်။ ပေါ့ဘာအကြောင်းကို ကျွန် တော်ကောင်းကောင်းသိပါတယ်။ သူဟာ တခြားကစားသမားတွေနဲ့ ကွဲပြားခြားနားပါတယ်။ သူဟာ သူကစားနေတဲ့အသင်းအတွက် အ များကြီးအထောက်အပံ့ပေးနိုင်သူပါ။ […]

Continue Reading

လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပိုချက်တီနို ပြောကြား

လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပိုချက်တီနို ပြောကြား ——————————- စပါးအသင်းနည်းပြ ပိုချက်တီနိုက ၄င်းအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပြောကြား လိုက်ပါတယ်။ပိုချက်တီနိုကို စိတ်ဝင်စားခဲ့ကြသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်ယူအသင်းတို့မှာ လက်ရှိတွင် ဇီဒန်းနှင် ဆိုးလ်ရှား တို့ ကို အမြဲတမ်းနည်းပြများအဖြစ် ခန့်အပ်ခဲ့ပြီး ပိုချက်တီနိုနှင့် သတင်းများကို အဆုံးသတ်ခဲ့ကြတာဖြစ်ပြီး ပိုချက်တီနိုက ဘောလုံးလောက တွင် အပြောင်းအလဲများမှာ အလွန်လျင်မြန်လွန်းပြီး မည်သည့်အရာကိုမှ ယတိပြတ်ပြောဆို၍ မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပိုချက်တီနိုကပြောကြားခဲ့ရာမှာတော့ ”စပါးအသင်းမှာ ကျွန်တော်ဆက်ရှိမယ်၊ မရှိဘူးဆိုတာက ကျွန်တော်တစ်ယောက်တည်းနဲ့ သက် ဆိုင် တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါက အသင်းဥက္ကဋ္ဌ လီဗိုင်းဆုံးဖြတ်ရမယ့်ကိစ္စပါ။ သူကတော့ ကျွန်တော်နဲ့ လက်တွဲပြီးအလုပ်လုပ်ရတာကို ပျော်တယ်လို့ ကျွန်တော့်ကိုပြောဆိုထားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပါပဲ။ စပါးအသင်းထက်ကြီးတဲ့ […]

Continue Reading

ဘာနာဒိုဆေးလ်ဗား ၊ အဂွဲရိုး တို့ရဲ့ သွင်းဂိုးတွေနဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်လာတဲ့ မန်စီးတီး

ဘာနာဒိုဆေးလ်ဗား ၊ အဂွဲရိုး တို့ရဲ့ သွင်းဂိုးတွေနဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်လာတဲ့ မန်စီးတီး ———————————- ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက (၂-၀)ဂိုးနဲ့အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် (၁)နေရာကိုပြန်လည်တက်လှမ်းခဲ့ပါတယ်။နိုင်ငံတကာပွဲတွေအပြီး ပြန်စတင်ခဲ့တဲ့ ပရီးမီး ယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအမှားအယွင်းမရှိခဲ့ဘဲ လီဗာပူးလ်အသင်းရဲ့ တစ်ပွဲအသာနဲ့ အမှတ်ပေးဇယားဦးဆောင်ထားနိုင်တာကို ပြန်လည်ကျော်ဖြတ်ခဲ့တာပါ။မန်စီးတီးအသင်းက အဝေးကွင်းမှာ ရလဒ်ကောင်းရဖို့ အဂွဲရိုး၊ စတာလင်၊ ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂန်စတဲ့အဓိက ကစားသမားအစုံအလင်ကို ပွဲထွက်ကစားစေခဲ့သလို၊ တန်းဆင်းဇုန်ထဲကဖူလ်ဟမ်ကလည်း လက်ကျန်မျှော်လင့် ချက်အနည်းငယ်အတွက် အိမ်ကွင်းမှာ အမှတ်ရဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ နှစ်သင်းကြား ကစားသမားအင်အား၊ တစ်ဦးချင်းခြေ စွမ်း ကွာ ခြားမှုတွေက ဒီပွဲရဲ့အဖြေဖြစ်ခဲ့ပြီး မန်စီးတီးအသင်းအတွက်သက်သောင့်သက်သာနိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာပါ။ပွဲအစ (၅)မိနစ်မှာပဲ အဂွဲရိုး ရဲ့ပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက ဧရိယာအပြင်ကနေလှလှပပကန်သွင်းပြီး မန်စီးတီးအတွက် […]

Continue Reading

ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပထမဆုံး တန်းဆင်းသွားခဲ့ရတဲ့အပြင် စံချိန်တစ်ခုပါ ရရှိသွားတဲ့ ဟတ်ဒါဖီးလ်

ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပထမဆုံး တန်းဆင်းသွားခဲ့ရတဲ့အပြင် စံချိန်တစ်ခုပါ ရရှိသွားတဲ့ ဟတ်ဒါဖီးလ် ——————————- ဟတ်ဒါဖီးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)တွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းသွားခဲ့ရပါတယ်။ဟတ်ဒါဖီးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)ပွဲကစားအပြီးတွင် ရမှတ် (၁၄)မှတ်သာရရှိထားပြီး အဆင့်(၁၇)နေရာမှာ ဘန်လေအသင်း (၃၃မှတ်)နှင့် (၁၉)မှတ်အထိကွာဟသွားခဲ့တာကြောင့် ဟတ်ဒါဖီးလ်အ သင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၆)ပွဲအလိုမှာပင် တန်းဆင်းခဲ့ရခြင်းဖြစ်ပါတယ်။ ဟတ်ဒါဖီးလ်အသင်းသည် ၁၉၉၂-၉၃ ရာသီမှ စတင်ပြီး ပရီးမီးယားလိဂ်ဟုအမည်ပြောင်းလဲပြီးနောက် ပြိုင်ပွဲသမိုင်းတွင် မတ်လအတွင်း တန်းဆင်းခဲ့ရသည့် ဒုတိယမြောက် အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်းသိရပါတယ်။ ယခင်ကယင်းမှတ်တမ်းကို ပိုင်ဆိုင်ထားသည့်အသင်းမှာ ဒါဘီအသင်းဖြစ်ပြီး ၂၀၀၇-၀၈ ရာသီက ဟတ်ဒါဖီးလ်အသင်းကဲ့သို့ပင် ပရီးမီး ယားလိဂ်ပွဲစဉ် (၃၂)အပြီးတွင် တန်းဆင်းခဲ့ရခြင်းဖြစ်ပါတယ်။ဟတ်ဒါဖီးလ်အသင်းသည် ၂၀၁၇-၁၈ ဘောလုံးရာသီက ပရီးမီးယား […]

Continue Reading