ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်တဲ့ နည်းပြ တူချယ်

ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်တဲ့ နည်းပြ တူချယ် ————————— ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ ရန်းနက်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်ပါတယ်။ပွဲအပြီးမှာတော့ နေမာဟာ ဆုယူဖို့ တက်လာရင်း အဆိုပါ ပရိသတ်နဲ့ ရန်ဖြစ်ခဲ့ တာ ဖြစ်ပါတယ်။“မင်းအနေနဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ မပြုလုပ်သင့်ပါဘူး”လို့ တူချယ်က ပြောပါတယ်။“လူတိုင်းကတော့ ပွဲကစားရင် အနိုင်ရချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘောလုံး ပွဲတစ်ပွဲက ထင်ထားသလို ဖြစ်မလာတတ်ပါဘူး။ ရှုံးခဲ့ရင်လည်း အရှုံး ကို ကျေကျေနပ်နပ် လက်ခံသင့်ပါတယ်။ ပြီးတော့ လေးစားမှုလည်း ပြသရမှာပါ”လို့ […]

Continue Reading

အမှားတွေဆက်တိုက်ကျူးလွန်နေတဲ့ ဒီဂီယာနေရာမှာ ရိုမဲရိုး ကို အခွင့်အရေးပေးဖို့ မန်ယူ ပရိတ်သတ်များတောင်းဆို

အမှားတွေဆက်တိုက်ကျူးလွန်နေတဲ့ ဒီဂီယာနေရာမှာ ရိုမဲရိုး ကို အခွင့်အရေးပေးဖို့ မန်ယူ ပရိတ်သတ်များတောင်းဆို ———————————– မန်ယူအသင်း၏ပရိသတ်များသည် ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်၌ ချေပဂိုးဖြစ်စေမည့် အမှားအယွင်းကို ကျူးလွန်ခဲ့သည့် ဂိုးသမား ဒီဂီယာ အား အရန်ခုံသို့ပို့ပြီး ဒုတိယဦးစားပေးဂိုးသမားဖြစ်သူ ရိုမဲရိုးကို အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။ မန်ယူအသင်း သည် ယင်းပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူဟောင်း မာတာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ရူဒီဂါ၏ အဝေးကန် ချက် ကို ဒီဂီ ယာ၏ ကာကွယ်ပုံအားနည်းမှုကြောင့် အံထွက်လာသည့် ဘောလုံးအား မားကို့စ်အလွန်ဆိုက ချေပဂိုးအဖြစ် ပြန်လည်သွင်းယူခြင်းကိုခွင့် ပြုခဲ့ရတာဖြစ်ပြီးဒီဂီယာ သည် မကြာသေးမီကလည်း မက်ဆီ၊ ဆာနေးတို့၏ ကန်ချက်များတွင် သူ၏အမှားများကြောင့် ဂိုးများပေးခဲ့ရပြီး ယခုအမှားမှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်(၄)ပွဲတွင် (၃)ကြိမ်မြောက် အမှားလည်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ပွဲအပြီးတွင် […]

Continue Reading

လာမယ့်နွေရာသီမှာ ဒီဘာလာကို ပြန်လည်ရောင်းချသွားတော့မယ့် ဂျူဗင်တပ်စ်

လာမယ့်နွေရာသီမှာ ဒီဘာလာကို  ပြန်လည်ရောင်းချသွားတော့မယ့် ဂျူဗင်တပ်စ် —————————- ဂျူဗင်တပ်စ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလားကို လာမယ့်နွေရာသီမှာ ပြန်လည်ရောင်းချဖို့အတွက် စဉ်းစားနေပြီလို့ Goal.com က ဖော်ပြသွားခဲ့ပါပြီ။ ဒီဘာလာဟာ ဂျူဗင်တပ်စ်ရဲ့ အနာဂတ်စီမံကိန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ မရှိ ဘူးဘူးလို့ သိရပြီး အသင်းက ရောင်းချဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ရော်နယ်ဒို အသင်းကို ရောက်ရှိလာပြီးနောက်မှာ ဒီဘာလာက ဦး စားပေးတိုက်စစ်မှူးအဖြစ်ကနေ လျော့ကျသွားခဲ့ပြီး ရော်နယ်ဒိုကိုသာ အယ်လီဂရီက အဓိကထားအသုံးပြုခဲ့ပါတယ်။ ဒီဘာလာကိုယ်တိုင် လည်း အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ (၃၉)ပွဲ ကစားပေးခဲ့ရာမှာ (၁၀)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ အ သက် (၂၅)နှစ်အရွယ် ကစားသမားကို ဂျူဗင်တပ်စ်က ရော်နယ်ဒိုရဲ့ အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုဖို့ […]

Continue Reading

မှတ်တမ်းများအရ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ဟာ အံ့အားသင့်ဖွယ်ကောင်းမွန်နေတာကို တွေ့ရှိ

မှတ်တမ်းများအရ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ဟာ အံ့အားသင့်ဖွယ်ကောင်းမွန်နေတာကို တွေ့ရှိ —————————- အချက်အလက်မှတ်တမ်းများအရ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ဟာ အံ့အားသင့်ဖွယ်ကောင်း မွန်လောက် အောင် ကောင်းမွန်နေတာကို မြင်တွေ့နေခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲပေါင်း (၃၆)ပွဲကစားပြီးချိန်မှာ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ကျော် ဖြတ်ပြီး ထိုးဖောက်နိုင်တဲ့ ကစားသမားတစ်ဦးမှ ပရီးမီးယားလိဂ်မှာ ပေါ်ထွက်မလာသေးဘူးလို့ OptaJoe ရဲ့ ဖော်ပြချက်အရ သိရှိရပါ တယ်။ဒါဟာ ဒီနှစ်ဘောလုံးရာသီတစ်ခုတည်းအတွက်သာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရာသီက ပွဲစဉ်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် စုစုပေါင်း (၄၅)ပွဲအထိ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်တဲ့ ကစားသမား ပေါ်ထွက်မလာသေးဘူးလို့ သိရပါတယ်။ PFA ရဲ့ တစ်နှစ် တာပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဗန်ဒိုက်က ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တယ်ဆိုတာကိုလည်း ထင်ရှား  စေ ခဲ့ပါတယ်။ပုံစံကောင်းတွေပြသနေတဲ့ ဗန်ဒိုက်ဟာ မေလ (၁)ရက်နေ့မှာတော့ […]

Continue Reading

အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက် —————————— မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်ဟာ အသင်းရဲ့အားကစားဒါရိုက်တာသစ်ဖြစ်လာနိုင်ဖို့အတွက် ဖြစ် နိုင်ခြေရှိ၊ မရှိကို အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ကန့်လန့် ကာ နောက်ကွယ်က အခန်းကဏ္ဍတွေကို ပြန်လည်တည်ဆောက်နေပြီး ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပြိုင်ဘက်တွေရဲ့ နောက်မှာ ကျန်ရစ်နေခဲ့ပြီးနောက် ခေတ်မီအောင် ပြန်လည်ပြုပြင်လိုနေတာဖြစ်ပါတယ်။ Metro ရဲ့ဖော်ပြချက်အရ မိုက်ဖီလန်ဟာ အသင်းရဲ့ ပထမဦးဆုံးသောနည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေ တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားရှာဖွေစုဆောင်းမှုကို ကြီးကြပ်နိုင်ပြီး ကွင်းပြင်ပစီမံခန့်ခွဲမှုအတွက် မဟာဗျူဟာရေးဆွဲနိုင်သူကို လိုချင်နေတယ်လို့ သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာ အလောင်းအ လျာစာရင်းထဲမှာ နာမည်များစွာ ပါဝင်နေပြီး ယခုအပတ်အစောပိုင်းမှာ ပေါလ်စခိုးကို ယင်းရာထူး ခန့်အပ်ဖို့ ယူနိုက်တက်က […]

Continue Reading

လက်ကျန်နှစ်ပွဲ အပြင် အာဖရိကဖလား ပါ လွဲချော်ရတော့မယ့် ဘိုင်ယီ

လက်ကျန်နှစ်ပွဲ အပြင် အာဖရိကဖလား ပါ လွဲချော်ရတော့မယ့် ဘိုင်ယီ ———————- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အဲရစ်ဘိုင်ယီဟာ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လက်ကျန် ပွဲစဉ် (၂)ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဘိုင်ယီဟာ ဒုတိယပိုင်းမှာ ဆိုးရွားတဲ့ဒဏ်ရာရရှိခဲ့ တာ ဖြစ်ပြီး အ၀တ်လဲခန်းအတွင်းမှာလည်း ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ဆေးစစ်ဆေးမှုများပြုလုပ်အပြီးမှာတော့ ဘိုင်ယီရဲ့ဒူးအရွတ်တွေ ဟာ စုတ်ပြဲသွားခဲ့တာဖြစ်လို့ ကာလရှည်အနားယူရတော့မှာဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲကိုပါ လွဲချော်တော့မယ်လို့ သိရပါတယ်။ ဘိုင်ယီ ရဲ့ဒဏ်ရာကို မန်ချက်စတာယူနိုက်တက်အသင်းကလည်းအတည်ပြုခဲ့ပီးကစားသမားဟာ နောက်နှစ်ဘောလုံးရာသီအစမှသာ ပြန်လည် ကစားနိုင်ဖွယ်ရှိပါတယ်။ ဖေဖော်ဝါရီလနောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ ဘိုင်ယီအတွက် ဆိုးရွားတဲ့အခိုက် အတန့် နဲ့ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်နဲ့ […]

Continue Reading

အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ ဒီဂီယာ နေရာအတွက် ဂိုးသမားတစ်ဦးကို ဈေးကြီးပေးခေါ်ယူ သွားဖို့ မန်ယူပြင်ဆင်မည်

အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ ဒီဂီယာ နေရာအတွက် ဂိုးသမားတစ်ဦးကို ဈေးကြီးပေးခေါ်ယူ သွားဖို့ မန်ယူပြင်ဆင်မည် ———————————————- မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားအသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တာကြောင့် သူ့ နေရာမှာ အစားထိုးဖို့အတွက် ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်း စတင်ပြင်ဆင်နေပါပြီ။ဒီရာသီမှာ ဒီဂီယား အသင်းရဲ့ ရလဒ်ကို ပြောင်းလဲစေတဲ့ ကြီးကြီးမားမား အမှားပြုလုပ်ခဲ့တာ (၄) ကြိမ်ထိရှိခဲ့ပြီး နောက်ဆုံး ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အရေးကြီးနေချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားကအသင်းရဲ့ရလဒ်ပိုင်းကို ယိင်းယိုင်စေခဲ့ပါတယ်။ဒီအတွက် ဒီဂီယာရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်း စတင်ပြင်ဆင်နေခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုး သမား အော့ဘလက်ကို မျက်စိကျနေပါတယ်။ အော့ဘလက်အတွက် ပြောင်းရွှေ့ကြေးက စာချုပ်လျော်ကြေးပါထည့်ထွက်မယ်ဆိုရင် […]

Continue Reading

ဆိုးလ်ရှား နဲ့ မော်ရင်ညို ရဲ့ ကွာခြားချက်

ဆိုးလ်ရှား နဲ့ မော်ရင်ညို ရဲ့ ကွာခြားချက် ——————- မန်ချက်စတာ ယူနိုက်တက်အသင်း မော်ရင်ညိုကို ထုတ်ပယ်ပြီးအသင်းရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် ဆိုးလ်ရှားကိုခန့်အပ်ခဲ့တာက မှန် ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဆိုရမှာပါ။(၁၉၉၉) ခုနှစ် ချန်ပီယံလိဂ် သူရဲကောင်းဖြစ်ခဲ့တဲ့ ဆိုးလ်ရှားကတော့ အသင်းပရိသတ်တွေရဲ့ အ ချစ်တော်ကစားသမားဖြစ်ပြီး ကစားသမားဘ၀အနားယူခဲ့ပြီး နည်းပြလောကထဲမှာလည်း ထိုက်သင့်တဲ့အောင်မြင်မှုတွေကိုရရှိခဲ့သူပါ။ အဲ့ဒီနောက်မှာတော့အသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာခဲ့ပြီး အသင်းကိုနိုင်ပွဲတွေဆက်နေတော့လည်း အသင်းပရိသတ်တွေရဲ့ ချစ်ခြင်းကို  နောက် တစ်ကြိမ်ပိုင်ဆိုင်ရပြန်ပါတယ်။အသက် (၄၅) နှစ်အရွယ်ရှိသေးတဲ့ ဆိုလ်ရှား မန်ချက်စတာ ယူနိုက်တက်လိုအသင်းတစ်သင်း နည်းပြဖြစ်လာဖို့အတွက် လုံလောက်တဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားခဲ့ရဲ့လားလို့ မေးခွန်းထုတ်ရရင် ဇီဒန်း နဲ့ ဂွါဒီယိုလာတို့ကော ဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။အသင်းကို ကိုင်တွယ်ရတဲ့အချိန်တည်းကသူ ပြောင်းလဲမှုတွေများစွာပြုလုပ်ပြီး ရ လဒ်တွေအတွက်ရှေ့ဆက်ခဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် သံသယဖြစ်စရာမလိုတဲ့ မြင်ကွင်းပါပဲ။မော်ရင်ညိုလက် ထက် မှာ အသင်းရဲ့ […]

Continue Reading

အသင်းမှာ ဆက်ရှိနေမယ့် အရိပ်အယောင်တွေပြသလိုက်တဲ့ ဟာဇက်

အသင်းမှာ ဆက်ရှိနေမယ့် အရိပ်အယောင်တွေပြသလိုက်တဲ့ ဟာဇက် ———————– ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမားဟာဇက်ဟာ ပြီးခဲ့တဲ့တစ် ပတ်ကကျင်းပခဲ့တဲ့ လာမယ့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်မိတ် ဆက်ပွဲမှာ ချဲလ်ဆီးအသင်းမှာဆက်ရှိသွားဖို့ အရိပ်အယောင်တွေပြသသွားခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိတဲ့ ဘယ်ဂျီယံ လက်ရွေး စင်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ဟာဇက်ဟာလည်း နည်းပြဇီဒန်း လက်အောက်မှာ က စား ခွင့် ရလိုကြောင်းဖွင့်ဟခဲ့ဖူးကြောင်း သတင်းများကဖော်ပြခဲ့ကြပါတယ်။ ဟာဇက်ဟာ ယခုနှစ်ဘော လုံးရာသီမှာ ချဲလ်ဆီးအသင်း အ တွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅) ပွဲအထိပါဝင်ကစားထားရာ သွင်းဂိုး (၁၆) ဂိုးထိသွင်းယူထားနိုင် ခဲ့ပြီး၊ ဂိုးဖန်တီးမှု (၁၃) ကြိမ်ထိပြု လုပ် ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ လက်ရှိအသင်းရဲ့ကစားသမားတွေထဲမှာ စွမ်း ဆောင်ရည်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး၊ သွင်းဂိုးရော ဂိုးဖန် တီး မှုပါ […]

Continue Reading

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကို အသင်းထံ ခေါ်ယူပေးစေချင်နေတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကို အသင်းထံ ခေါ်ယူပေးစေချင်နေတဲ့ ရော်နယ်ဒို ————————– ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အဖိုးတန်သွင်းဂိုးကို သွင်းယူပေးပြီး ထိပ်တန်း အဆင့်ခြေစွမ်းပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ပြသနိုင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတာကို ခေါ်ယူစေချင်နေတယ်လို့ သိရပါ တယ်။အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာဟာ ယခုရာသီမှာ ပွဲကစားချိန်များစွာ မရရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက် တက်အသင်း အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဆဲဖြစ်ပါတယ်။ ချယ်ဆီးကြယ်ပွင့်ဟောင်း မာတာဟာ မန်ချက်စတာ ယူနိုက် တက် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတာကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားခြင်းမရှိတာကြောင့် မာတာအနေနဲ့ သင့်   တော် တဲ့ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း မာတာကို စိတ်အဝင်စားဆုံးအသင်းလို့ ဆိုရမှာဖြစ်ပေမယ့် မာတာအတွက် နောက်ထပ်ပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့အသင်းဟာ ဂျူဗင်တပ်ဖြစ်လာနိုင်ဖွယ်ရှိနေ တာဖြစ်ပါတယ်။ […]

Continue Reading