အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်က အနံ့ဆိုးတွေထွက်လာပီဆိုရင် အကောင်းဆုံးသန့်စင်နည်း

အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်က အနံ့ဆိုးတွေထွက်လာပီဆိုရင် အကောင်းဆုံးသန့်စင်နည်း ————————– ကြုံဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်နေရင် အခြားသောသူများကိုအားနာရသလို အခြားသူများဖြစ်နေရင်လည်း ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ခြေထောက်အနံ့ဖြစ်ပေါ်ရခြင်း အကြောင်းကတော့ ခြေထောက်ဆီထွက်များသူများ အ ဓိကအဖြစ်များပါတယ်။ ပြီးတော့ ခြေထောက်ကထွက်တဲ့ဆီ ဖိနပ်ရေစိုခြင်း တို့ကြောင့် ဘက်တီးရီးယားများပေါက်ဖွားပြီးခြေထောက်အနံ့ ဆိုးများဖြစ်ပွားရခြင်းဖြစ်ပါတယ်။ လိုအပ်တာကတော့ ပန်းသီးရှာလကာရည် ၊ ခြေထောက်စိမ်ဖို့ ဇလုံတစ်လုံး ၊ ရေနွေး တို့ပဲဖြစ်ပါတယ်။ ဇလုံထဲကိုရေနွေးနွေး(ခြေထောက် စိမ်လျင်ခံနိုင်ရည်ရှိသော အပူချိန်) ၄လီတာ ထည့်ပါ။ ပန်းသီးရှာလကာရည် ထမင်းစားဇွန်းတစ်ဝက် ကိုရေနွေးထဲထည့် ပြီးသေချာမွှေပါ။ ထို့နောက် ခြေထောက်ကို ၁၅မိနစ်ခန့်စိမ်ထားပါ။ ခြေထောက်အနံ့ပြင်းသူများ တစ်ရက်ခြား ၃ကြိမ် မှ ၄ကြိမ်လုပ်ပါ။ ၅ကြိမ်ထက်ပို လုပ်စ ရာမလိုပါဘူးနော်။သာမာန်လောက်ဆိုရင် တစ်ကြိမ်နဲ့တင် အမြစ်ပြတ်ပျောက်ပါတယ်။ အရေးကြီးတာက ခြေထောက်အနံ့ဆိုးစဉ်က ၀တ် […]

Continue Reading

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားမယ့် ဟာဇက်နဲ့ ပတ်သတ်ပြီး သူ့အမြင်ကို ဖာဘရီဂတ်စ် ထုတ်ဖော်ပြောကြား

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားမယ့် ဟာဇက်နဲ့ ပတ်သတ်ပြီး သူ့အမြင်ကို ဖာဘရီဂတ်စ် ထုတ်ဖော်ပြောကြား ——————————————– မိုနာကို နဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်က ရီးရဲလ်ကို ပြောင်းရွှေ့မယ့် အသင်းဖော်ဟောင်း အီဒင်ဟာဇက်ဟာ ရီးရဲလ်မှာ အောင်မြင်မှုမျိုးစုံကို ရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဟာဇက်ရဲ့ ပြောင်းရွှေ့မှုအပေါ်မှာ ထောက်ခံသွားခဲ့ပါတယ်။ ဖာဘရီဂတ်စ် ဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် (၂)လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ဟာဇက် အနေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေရော၊ အသင်းလိုက် အောင်မြင်မှုတွေ ကိုပါ ရီးရဲလ်မက်ဒရစ်မှာ ရရှိလိမ့်မယ်လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။ ဟာဇက် ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီး အတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့ပြီး ဆုဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်က ပြောကြားခဲ့ရာမှာတော့“ လက်ရှိအခြေအနေက ပြောရခက်ခဲ့ပြီး ကျွန်တော့်မှာရှိတဲ့ […]

Continue Reading

ဆိုးလ်ရှား ခေါ်ယူချင်တဲ့ ကစားသမားကို အသင်းရဲ့ဘုတ်အဖွဲ့က ပယ်ချသွားခဲ့

ဆိုးလ်ရှား ခေါ်ယူချင်တဲ့ ကစားသမားကို အသင်းရဲ့ဘုတ်အဖွဲ့က ပယ်ချသွားခဲ့ ——————– မန်ချက်စတာ ယူနိုက်တက်အသင်းဟာ (၂၀၁၉-၂၀) ဘောလုံးရာသီမှာ အသင်းရဲ့နောက်တန်းကို အဓိကထား ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေခဲ့ပေမယ့် အသင်းဘုတ်အဖွဲ့ဝင်တွေဟာ ဆိုးလ်ရှားရဲ့ အဓိက နွေရာသီပစ်မှတ်လို့ဆိုရမယ့် စပါးအသင်းနောက်ခံကစားသမား အယ်လ်ဒါဝီရယ်ကို ခေါ်ယူမယ့် ကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။အယ်လ်ဒါဝီရယ် ဟာ စပါးအသင်း အတွက် (၂၀၁၈-၁၉) ရာသီမှာလည်း  အ ကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အယ်ဒါဝီရယ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မော်ရင်ဟို လက် ထက် မှာ ကတည်းက ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အသင်းရဲ့နောက်တန်းမှာ လင်ဒီလော့ဖ် ၊ ခရစ္စစမောလင်း နဲ့ အဲရစ်ဘိုင်လီတို့က အ မာခံကစားသမားအဖြစ်ရှိနေခဲ့ပေမယ့်လည်း လူငယ်ကစားသမားတွေ ဦးဆောင်နိုင်တဲ့ နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူလိုနေ တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း […]

Continue Reading

ချန်ပီယံလိဂ်မှာ အနိုင်ရဗိုလ်စွဲစေချင်တဲ့အသင်းကို ရီယိုဖာဒီနန် ထုတ်ဖော်ပြောကြား

ချန်ပီယံလိဂ်မှာ အနိုင်ရဗိုလ်စွဲစေချင်တဲ့အသင်းကို ရီယိုဖာဒီနန် ထုတ်ဖော်ပြောကြား ————————- စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ကတော့ မနက်ဖြန်ညမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့အိမ်ကွင်း ၀န်ဒါမက်ထရိုပိုလီ တာနို ကွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ဟာဆယ်စုနှစ်တစ်ခုအတွင်း မန်ယူနဲ့ ချဲလ်ဆီး အ သင်း ပြီးနောက် ဒုတိယမြောက် အင်္ဂလန်အသင်း ၂ သင်း ယှဉ်ပြိုင်ရတဲ့ ဖိုင်နယ်ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ဒီချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန် က သူ ဗိုလ်စွဲစေချင်တဲ့ အသင်းကို ထုတ်ဖော်ပြောပြသွားတာ ရှိပါတယ်။ အဲဒီအသင်းကတော့ စပါး အသင်းပါ။ဖာဒီနန် ပြောကြားခဲ့တာကတော့ “ကျွန်တော်ကတော့ စပါးအသင်းကို အနိုင်ရဗိုလ်စွဲ စေ ချင်ပါတယ်။ ဒါဟာ ကျွန်တော့် စိတ်ဆန္ဒပါ။ […]

Continue Reading

ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပုံလေးများ

ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပုံလေးများ ————————– ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါမှာ ဘယ်လိုအကျိုးအာနိသင်တွေ ရှိတယ်ဆိုတာ မသိသေးသူတွေအတွက် ပဲ ကတ္တီပါနဲ့ပတ်သက်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်လို့  ပဲကတ္တီပါ ရဲ့ ကောင်းကျိုးအာနိသင်လေး တွေကတော့- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချို သမားတွေနဲ့ ဆီးချိုဖြစ်နိုင်ခြေ အလားအလာ ရှိနေသူတွေ ပဲ ကတ္တီပါကို နေ့စဉ်စားပေးရင် အကျိုးများတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ပဲကတ္တီပါစားထားရင် ဗိုက်ပြည့် နေစေကာ အစားတွေ အလွန်အကြူးစားတာတို့၊ ခဏခဏဆာတာတို့ မဖြစ်တော့တာကြောင့် ဝိတ်ချမယ့်သူတွေအတွက် အကျိုးများစေပါတယ်။ ဒါတင်မက ဝမ်းမချုပ်အောင်လည်း လုပ်ဆောင်ပေးသလို ကိုယ်ခံစွမ်း အားကိုလည်း မြင့်စေပါတယ်။ ပရိုတိန်းဓာတ်လည်း ကြွယ်ဝတဲ့ […]

Continue Reading

ရော်နယ်ဒို ကို စံပြပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရခြင်းအကြောင်းကို ဒါလော့ ထုတ်ဖော်ပြောကြား

ရော်နယ်ဒို ကို စံပြပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရခြင်းအကြောင်းကို ဒါလော့ ထုတ်ဖော်ပြောကြား ———————————– မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရော်နယ်ဒိုကို ပေါ်တူဂီနိုင်ငံသားချင်းဖြစ်တာကြောင့် အားကျအတုယူတာမဟုတ်ကြောင်း ဒါလော့ ဖွင့်ဟခဲ့ပါတယ်။ပေါ်တိုမှာ ကြီးပြင်းခဲ့စဉ်အချိန်တုန်းက စံပြပုဂ္ဂိုလ်က ဘယ်သူလဲလို့ ဒါလော့ကို မေးမြန်းခဲ့ရာမှာ ဒါလော့က ၎င်း ရဲ့တုံ့ပြန်မှုဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့ ဟာသဖောက်ခဲ့ပြီး ဘာကြောင့် ခရစ်စတီယာနိုကို ချစ်ခင်နှစ်သက် ရလဲဆိုတာ အသေးစိတ်ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ရဲ့အဖြေက အားလုံးအတွက် နည်းနည်းအံ့အားသင့်စရာဖြစ် ပါလိမ့်မယ်” “ရော်နယ်ဒိုပါ။ သူက ကျွန်တော့်အတွက် အဓိကစံပြပုဂ္ဂိုလ်တစ်ဦးပါ။ ဘောလုံးစကစားတဲ့နေ့ကတည်းက သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ် ခဲ့တာပါ။  ပေါ်တူဂီလူမျိုးဖြစ်နေလို့ ရော်နယ်ဒို လေးစားအားကျခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ကစားတဲ့ပုံစံကြောင့်လည်းမဟုတ်ပါဘူး။ သူ့ ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ခင်ဗျား အားကစားသမားတစ်ယောက်အကြောင်း စဉ်းစားလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့အား […]

Continue Reading

ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားနှစ်ဦးကို မော်ရင်ဟိုပြောကြား

ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားနှစ်ဦးကို မော်ရင်ဟိုပြောကြား ——————————– လီဗာပူးလ်နဲ့ စပါးတို့ဟာ မနက်ဖြန်ည မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မက်ဒရစ်မြို့၊ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်း မက် ထ ရိုပိုလီတန်နိုကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက အဆုံးအဖြတ်ပေးနိုင် မယ့် ကစားသမားနှစ်ဦးကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။လီဗာပူးလ်နဲ့စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်နောက်ခံလူ ဗန် ဒိုက် နဲ့ စပါးကွင်းလယ်လူ အဲရစ်ဆန်တို့က အဓိကကစားသမားတွေဖြစ်လာလိမ့်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။ Eleven Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးက ပွဲရလဒ်ကို အဆုံးအ ဖြတ်ပေးနိုင်လိမ့်မယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ မော်ရင်ဟို ကပြောကြားခဲ့ရာမှာတော့”ရွေးချယ်ရမယ်ဆိုရင် သူတို့ရဲ့နောက်ဆုံးခြေစွမ်းပေါ်ကို မူတည်ပြီး ကျွန်တော်က ဗန်ဒိုက်ကို ရွေး ချယ်ချင်ပါတယ်၊ […]

Continue Reading

အင်တာမီလန် နဲ့ ကွန်တီ ကို လူကာကူ ရဲ့ တန်ကြေးသတ်မှတ်ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

အင်တာမီလန် နဲ့ ကွန်တီ ကို လူကာကူ ရဲ့ တန်ကြေးသတ်မှတ်ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက် ——————————– မန်ချက်စတာယူနိုက်တက် ရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ ၎င်းအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ စွန့် ခွာနိုင်တယ်လို့ ပြောကြားထားပြီး ဆိုးလ်ရှားရဲ့ ကစားကွက်နဲ့ လူကာကူဟာ အံမဝင်ဖြစ်နေတာမို့ ရက်ရှ်ဖို့ဒ် ရဲ့ နောက်မှာသာ ပွဲထွက်ကစားနေရသူဖြစ် ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ်မှာ လူကာကူကို ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် လည်း နောက်ထပ်ထပ်ဆောင်းပေးချေရတဲ့ ပေးချေမှုတွေကြောင့် လူကာကူရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၉၀ ၀န်းကျင်နီးပါးအထိ ရှိ နေခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာ အင်တာမီလန် နည်းပြ ပူပူနွေးနွေး ဖြစ်လာတဲ့ ကွန်တီ ဟာ တရားဝင် နည်းပြမဖြစ်ခင်ကတည်းက လူကာကူ […]

Continue Reading

ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ချယ်ဆီးအသင်း ပထမဆုံးခေါ်ယူသွားမယ့် ဘာစီလိုနာကြယ်ပွင့်

ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ချယ်ဆီးအသင်း ပထမဆုံးခေါ်ယူသွားမယ့် ဘာစီလိုနာကြယ်ပွင့် ————————————- Metro ရဲ့ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ယခုနွေရာသီမှာ ဘာစီလိုနာကြယ်ပွင့် ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့အတွက် အယူခံဝင်ရာမှာ ပယ်ချခံထား ရတဲ့ ချယ်ဆီးအသင်းဟာ နောက်ဆုံး အဆင့် ထိ အယူခံဝင်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချယ်ဆီးအသင်းဟာ ဖီဖာ ရဲ့ အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ကစားသမားအသစ် ခေါ်ယူခွင့် ပိတ်ဆို့ခြင်းခံထားရပြီး ၂၀၂၀ ခုနှစ်အထိ ကစားသမားခေါ်ယူခွင့်ရှိ မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ချယ်ဆီးအသင်းအနေနဲ့ ကစားသမားတွေကို ရောင်းချနိုင်ဆဲဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အီဒင်ဟာဇက်ကို လာမယ့်အပတ် အစောပိုင်းမှာ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ဟာဇက်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် […]

Continue Reading

ဆီးချိုကျစေဖို့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်းသောက်မယ်

ဆီးချိုကျစေဖို့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်းသောက်မယ် ———————————- ချိုတဲ့အစားအစာတွေကို လူကြိုက်များပေမယ့် ခါးတဲ့ အစားအစာကိုတော့ လူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် ဆေးတိုင်း လိုလို ခါးကြ တာကိုတော့လူတိုင်း သတိထားမိကြမှာပါ။ ကြက်ဟင်းခါးသီးဟာဆီးချိုရောဂါထိန်းချုပ်ရာမှာ အသုံးဝင်တဲ့အာနိသင် (၃) မျိုးပါဝင်ပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်း ဘာအစားမှ မစားခင်မှာ သောက်ပေးသင့်ပါတယ်။ လူ တိုင်း ဒီအကျိုးကျေးဇူးရှိတယ်ဆိုတာကို သတိထားမိကြတယ်။ အသိအမှတ်ပြုကြတယ်ဆိုပေမယ့် ခါးလို့ လူတိုင်း လိုက်မ သောက်နိုင် ကြ ပါဘူး။ ဒါပေမယ့် ဒီလိုအရသာ ခါးခါးကို ကြောက်နေရင်တော့ ရောဂါခါးခါးကိုခံစားကြရမှာပါ။ ဆီးချိုဝေဒနာရှင်တွေအတွက် ကြက်ဟင်း ခါးသီးဖျော် ရည်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးပါမယ်။ အရင်ဆုံး ရေသေချာဆေးပြီး အပေါ်ပိုင်း အရေခွံကို လှီးလိုက်ပါ။ ပြီးရင် အနေ […]

Continue Reading