ဆုဖလားတွေသိမ်းပိုက်ဖို့ အင်္ဂလန်ကို ရောက်ရှိလာသူ (သို့မဟုတ်) အန်ဂိုလို ကန်တေ

ဆုဖလားတွေသိမ်းပိုက်ဖို့ အင်္ဂလန်ကို ရောက်ရှိလာသူ (သို့မဟုတ်) အန်ဂိုလို ကန်တေ ———————————— ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တေဟာ ပြင်သစ်လိဂ်ကနေ အင်္ဂလန်ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ နှစ် စဉ် နှစ်တိုင်းဆုဖလားတစ်လုံး ရရှိခဲ့တဲ့ စံချိန်ကို ယူရိုပါလိဂ်ဖလားရယူပြီး ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒူးဒဏ်ရာရရှိနေခဲ့တဲ့ ကန်တေ ဟာ ဗိုလ်လုပွဲမှာပါဝင်ကစားနိုင်ခဲ့သလို အကောင်းဆုံးခြေစွမ်းလည်း ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။အသက် (၂၈)နှစ်အရွယ် ပြင်သစ်ကွင်းလယ် လူဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးအဖြစ် ချက်ချင်းဆိုသလို ခြေစွမ်းတိုးတက်မှုတွေ ရှိခဲ့သူလည်း ဖြစ်ပါတယ်။ ကန်တေဟာ ၂၀၁၅ ခုနှစ်မှာ လက်စတာစီးတီးအသင်းကို ပြင်သစ်ကလပ် ကိန်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ လက်စတာအတွက် စတင်ကစားပေးခဲ့တဲ့ရာသီမှာပဲ  ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကန်တေဟာလည်း ပရီးမီးယားလိဂ်ရဲ့ အ ကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ကန်တေ […]

Continue Reading

ဆီးကြိတ်ရောဂါအတွက် အစွမ်းထက်တဲ့ ခွေးတောက်ရွက် ငှက်ပြောသီးပြုတ်

ဆီးကြိတ်ရောဂါအတွက် အစွမ်းထက်တဲ့ ခွေးတောက်ရွက် ငှက်ပြောသီးပြုတ် ——————————— ဒီဆေးနည်းကိုကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာ ဒေါ်မြင့်မြင့် မှကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ … ငှက်ပြောသီးဖီးကြမ်းတစ်လုံးကို အခွံပေါ်မှအပေါက်ဖောက်ပါ ခွေးတောက်ရွက်(၇)ရွက်ပတ်ထုတ်ပြီး၊ သုံးခွက်တစ်ခွက် တင် ပြုတ် ပါ၊ အခွံခွါပြီးပြုတ်ပြီးငှက်ပျောသီးစားပါအရည်ကိုလည်းသောက်ပါ။ ကျွန်တော်ကိုယ်တိုင်ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့မထွက်တာ ဆီးအိမ်မှာအောင့်နေတာ ဆီးနည်းတာ စ တဲ့စတာတွေသက်သာပြီး၊ ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့တိုက်ဆိုင်သူများရှိရင်ပေါ့ခင်ဗျာ။ အဘဦး ဆန်း ဝေကိုနှာခေါင်းပိုက်ထည့်ထားရလို့ပြုတ်ရည်ကိုဘဲထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာအချိန်ပိုခြားသွားပြီး၊ ဆီးများများထွက်ပြီး ဆီးသွားရ တာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ ငြုပ်သီးစားပြီးဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ်။ကျန်နေတဲ့ငှက်ပျောသီးဂွေးတောက် ရွက်ပြုတ်တစ်လုံး စားလိုက်တော့ သုံးညဆက်တိုက်ဆီးသုံးကြိမ် ထသွားရပြီး အခုဆီးအောင့်နေတာပျောက်သွားသတဲ့ခင်ဗျာ။ ဆီးဆေးကဆရာဝန်ခွင့်ပြု ချက် ပါမှရောင်း ချခွင့်ရှိတာမို့ ဒီနည်းကိုသာသုံးကြပါလို့ […]

Continue Reading

တစ်ဦးတည်း (၉)ဂိုးသွင်းပြီး အက်ဒရယ်တန်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နော်ဝေးလူငယ်တိုက်စစ်မှူး အာလင်းဟာ လန်း

တစ်ဦးတည်း (၉)ဂိုးသွင်းပြီး အက်ဒရယ်တန်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နော်ဝေးလူငယ်တိုက်စစ်မှူး  အာလင်းဟာ လန်း ———————————- ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုလန်နိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး ယနေ့ညကစားခဲ့တဲ့  နော်ဝေနဲ့ ဟွန်ဒူးရပ်စ်တို့ ရဲ့ ပွဲစဉ်တစ်ခုမှာ နော်ဝေက ၁၂-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ နော်ဝေလက်ရွေးစင်ဟောင်း ဟာလန်းရဲ့ သားဖြစ်သူ အာလင်းဟာ လန်းက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်သစ်တင်သွားခဲ့တဲ့အကြောင်း Goal.com က ဖော်ပြ ထားပါတယ်။ အဆိုပါပွဲမှာ ဟာလန်းဟာ တစ်ဦးတည်း (၉)ဂိုးသွင်းပြီး အက်ဒရယ်တန်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရက်ဘူးလ်ဆဲဇ်ဘတ်အသင်းမှာ ကစားနေတဲ့ အသက် (၁၈)နှစ်အရွယ် တိုက်စစ်မှူးဟာ အုပ်စုနောက်ဆုံးပွဲမှာ နော်ဝေအတွက် ခြေစွမ်းပြခဲ့တာလည်း ဖြစ်ပြီး ဒါဟာ ၁၉၉၇ ခုနှစ်က ကစားခဲ့တဲ့ […]

Continue Reading

အယ်ဒါဝီရယ်ကို လာမယ့်အပတ်အတွင်းမှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ မန်ယူ

အယ်ဒါဝီရယ်ကို လာမယ့်အပတ်အတွင်းမှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ မန်ယူ —————————————— မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ်ကို လာမယ့်အပတ်အတွင်းမှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်သွား တော့ မယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံနောက်ခံလူ အယ်ဒါဝီရယ်က စပါးမှာ ဆက်လက်ကစားဖို့ မသေမချာဖြစ်နေပြီး လက်ကျန်စာချုပ် သက်တမ်း မကုန်ဆုံးခင်မှာ ပေါင် (၂၅)သန်းနဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေသူဖြစ်ပါတယ်။အယ်ဒါဝီရယ်အပေါ် ချဉ်းကပ်နေမှုတွေကို အဆုံးသတ်လိုက်ပြီဆိုတဲ့သတင်းတွေအပေါ်မှာလည်း ယူနိုက်တက်က ငြင်းဆန်ထားပြီးတော့ ခေါ်ယူဖို့အတွက် ကြိုးစားနေဆဲဖြစ်ပါ တယ်လို့ သိရပါတယ်။အသက် (၃၀)အရွယ်နောက်ခံလူဟာ စပါးနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက် ထားနိုင်ခဲ့ပြီး စနေနေ့ လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်းပါဝင်လာဖွယ်ရှိနေပါတယ်။ လာမယ့်ရာသီမှာ အသင်းနောက်တန်းစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ ဆိုးလ်ရှားက ရည်ရွယ်နေပြီး အယ်ဒါဝီရယ်က အသင်းနောက် တန်းကို ဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာလည်း […]

Continue Reading

သူ့ရဲ့ အရိပ်မည်းကြီး အသင်းအပေါ်သက်ရောက်မှာဆိုးတဲ့အတွက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို လာမကြည့်တော့ဘူးလို့ ကာရီးရက်စ် ဖွင့်ဟ

သူ့ရဲ့ အရိပ်မည်းကြီး အသင်းအပေါ်သက်ရောက်မှာဆိုးတဲ့အတွက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို လာမကြည့်တော့ဘူးလို့ ကာရီးရက်စ် ဖွင့်ဟ ——————————- လီဗာပူးအသင်းကနေ ဘက်ဆစ်တက် အသင်းကို အငှားချထားခဲ့တဲ့ ဂိုးသမား ကာရီးရက်စ်ဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လု ပွဲကို တက်ရောက် အားပေးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ကာရီးရက်စ်ဟာ ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ကြီးမားတဲ့ အမှား၂ခုကို ပြုလုပ်ခဲ့ပြီးနောက် လီဗာပူး အသင်းဟာလည်း ချန်ပီယံဆုနဲ့ လွဲချော်စေခဲ့ရပါတယ်။အဆိုပါ ပွဲစဉ်အပြီး နွေရာသီမှာတော့ နည်းပြ ကလော့ ဟာ ဂိုးသမားအလီဆန်ကို ရိုးမား အသင်းကနေ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ကာရီးရက်စ်ကို ၂နှစ်အငှားစာချုပ်ဖြင့်ဘက်ဆစ် တက်အသင်းကိုစေလွှတ်ခဲ့ပါတာဖြစ်ပါတယ်။ ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လာရောက် ကြည့်ရှုချင်တဲ့ ကစားသမားတွေ အားလုံးအတွက် လက်မှတ်များကို စီစဉ်ပေးထားပြီး နိုင်ငံ ပေါင်းစုံကနေ […]

Continue Reading

အက်သလက်တီကိုမက်ဒရစ် ကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ မားကို့စ်အလွန်ဆို

အက်သလက်တီကိုမက်ဒရစ် ကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ မားကို့စ်အလွန်ဆို ——————————— ချယ်လ်ဆီအသင်းရဲ့ ဘယ်အစွန်နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူ ညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ Daily Mail က ဖော်ပြသွားခဲ့တာကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရန်ကစားသမားအဖြစ်နဲ့ သာ ရှိနေခဲ့ တဲ့ အလွန်ဆို ဟာ ဆာရီ ရဲ့ နေရာပေးမှု မရတော့တဲ့ အတွက် စပိန်ကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့သိရပါတယ်။ စပိန်သ တင်း စာတစ်ခုဖြစ်တဲ့ Marca ကလည်း အသက် (၂၈)နှစ်အရွယ် နောက်ခံလူရဲ့ အသင်းပြောင်းရွှေ့မယ့် ဆုံးဖြတ်ချက်ကို အတည်ပြု ဖော်ပြ သွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းမှာ လူးကပ်စ်ဟာနန်ဒက်ဇ် အသင်းကထွက်ခွာသွားတဲ့အပြင် ဖိလစ်ပီလူးဝစ္စရဲ့ အနာဂတ်ကလည်း မရေမ ရာဖြစ်နေတာမို့ ဆီမြွန်နီအတွက် ဘယ်နောက်ခံလူတစ်ဦး လိုအပ်နေတာဖြစ်ပါတယ်။အလွန်ဆိုရဲ့ […]

Continue Reading

နာနတ်သီးအခွံလေးတွေဟာ အမှိုက်မဟုတ်ပဲ အအေးမိ၊ တုပ်ကွေးနဲ့ အဆစ်အမြစ်ကိုက်ခဲမှု တွေအပြင် ကျန်းမာရေးအတွက် အသုံးဝင်ပုံ များ

နာနတ်သီးအခွံလေးတွေဟာ အမှိုက်မဟုတ်ပဲ အအေးမိ၊ တုပ်ကွေးနဲ့ အဆစ်အမြစ်ကိုက်ခဲမှု တွေအပြင် ကျန်းမာရေးအတွက် အသုံးဝင်ပုံ များ ———————————– နာနတ်သီးဆိုရင် အသားဝါဝါလေးတွေကိုသာ စားလေ့ရှိကြပေမယ့် အခွံတွေကိုတော့ အမှိုက်အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ် သီးအခွံမှာလည်း ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရအောင် ဖော်ပြလိုက်ပါတယ်။ နွှာပြီးသား နာနတ်သီးခွံတွေ ကို ရေနဲ့သေချာဆေးပြီး အိုးတစ် လုံးထဲတည့်ကာ သေချာဆူအောင်တည်ပြီး ရလာတဲ့အရည်ကို စစ်ကာ ရေ ခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။ နာနတ်သီးလက်ဖက်ရည်ကြမ်းကို အပူသောက်လိုက ပြန်နွှေးသောက်နိုင်ပြီး ရေခဲလေးထည့်ပြီးတော့ လည်း အအေး လိုသောက်နိုင်ပါတယ်။ အရသာ ပိုကောင်းချင်ရင်တော့ ပျားရည် အနည်းငယ် ထည့်ပြီးတော့လည်း သောက်နိုင်ပါတယ်။ နာနတ်သီး လက်ဖက်ရည်ကြမ်း သောက်ပေးခြင်းဖြင့်ကိုယ် ခံစွမ်းအား မြင့်စေပြီး […]

Continue Reading

ဘာစီလိုနာ နဲ့ ဂရစ်ဇ်မန်း တို့ရဲ့ တင်းမာနေတဲ့ အပြောင်းအရွှေ့ပေါ် ချဉ်းကပ်မှုတွေပြုလုပ်သွားမယ့် ယူနိုက်တက်

ဘာစီလိုနာ နဲ့ ဂရစ်ဇ်မန်း တို့ရဲ့ တင်းမာနေတဲ့ အပြောင်းအရွှေ့ပေါ် ချဉ်းကပ်မှုတွေပြုလုပ်သွားမယ့် ယူနိုက်တက် —————————- အက်သလက်တိကို အသင်းတိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်းတစ်ယောက် သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းသားတွေက ကန့်ကွက် ခြင်းအပေါ် ဒေါသထွက် ပေါက်ကွဲနေတယ်လို့ စပိန်သတင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းက ယ ခုရာသီအကုန်မှာ အက်သလက်တီကို အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒီလအစောပိုင်းမှာ အတည်ပြုကြေညာခဲ့ပြီးနောက် ဘာစီလို နာ အသင်းက သူ့ကို ခေါ်ယူလိမ့်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက်ထွက်ပေါ် နေတာဖြစ်ပါတယ်။သို့ပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာအသင်း နဲ့ ပရိသတ်တွေ ကို ဒေါသထွက်စေတဲ့ ကိစ္စမျိုးလုပ်ခဲ့တာကြောင့် ဘာစီ လိုနာအသင်းကို မလေးမစားပြုလုပ်တာလို့ ဘာစီလိုနာအသင်းသားတွေကယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ […]

Continue Reading

ဟာဇက်အတွက် အသင်းရဲ့ ဂန္ဓ၀င် ကျောနံပါတ်ကို ရွေးချယ်ပေးထားတဲ့ ရီးရဲလ်မက်ဒရစ်

ဟာဇက်အတွက် အသင်းရဲ့ ဂန္ဓ၀င် ကျောနံပါတ်ကို ရွေးချယ်ပေးထားတဲ့ ရီးရဲလ်မက်ဒရစ် ———————————– ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကို ရောက်ရှိလာမယ့် ဟာဇက်အတွက် ကျောနံပါတ်ကို ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Maridista News က ဖော်ပြသွားတာကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်အတွက် ဂန္ထ၀င်ကျောနံပါတ်တစ်ခုဖြစ်တဲ့ နံပါတ် (၇) ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဂျာစီနံပါတ်ကို အသင်းရဲ့ ဂန္ဓ၀င်တိုက်စစ်မှူးတွေဖြစ်တဲ့  ရာအူးလ် နဲ့ ရော်နယ်ဒို တို့ ၀တ်ဆင်ခဲ့ကြတဲ့ နံပါတ်ဖြစ်ပြီး လောလောဆယ်မှာတော့အသင်းမှာရှိတဲ့ မာရီယာနိုဒီယက်ဇ်က ၀တ်ဆင်နေတာဖြစ်ပါတယ်။ ချယ်လ် ဆီးအသင်းမှာ ဟာဇက်က ကျောနံပါတ် (၁၀)ကို ၀တ်ဆင်ကစားနေတာဖြစ်ပြီး သူ့အနေဲ့ ရီးရဲလ်မှာလည်း အဆိုပါနံပါတ်ကို အလိုရှိပါက လက်ရှိဝတ်ဆင်နေတဲ့ မိုဒရစ်အသင်းပြောင်းရွှေ့မှသာ ၀တ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာဇက်အတွက်တော့ […]

Continue Reading

ကမ္ဘာ့ဘောလုံးလောကမှ အဓိကဆုဖလား(၅)မျိုးကို ပထဆုံးရရှိဘူးတဲ့ကစားသမား ပတ်ဒရို

ကမ္ဘာ့ဘောလုံးလောကမှ အဓိကဆုဖလား(၅)မျိုးကို ပထဆုံးရရှိဘူးတဲ့ကစားသမား ပတ်ဒရို —————————- ချယ်လ်ဆီးအသင်း ရဲ့ စပိန်တောင်ပံကစားသမား ပတ်ဒရို ဟာ ကမ္ဘာ့ဘောလုံးလောကမှ အဓိကဆုဖလား(၅)မျိုးဖြစ်သော ကမ္ဘာ့ဖလား၊ ယူရို၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလားတို့ကို ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ပတ်ဒ ရို ဟာ အာဆင်နယ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး အဆိုပါမှတ်တမ်း ကို ပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အသက်(၃၁)နှစ်ရှိပြီဖြစ်သည့် ပတ်ဒရို ဟာ ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံ၌ စုစုပေါင်းဆု ဖ လား(၂၅)လုံးအထိ ရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ပတ်ဒရို ဟာ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလားမျိုးစုံ ရယူနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် ယူရို-၂၀၁၂ ချန်ပီယံဆုတို့ကို လည်း ရယူနိုင်ခဲ့ပါတယ်။ထို့ပြင် အာဆင်နယ်နှင့်ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်နှင့် […]

Continue Reading