ဘာစီလိုနာ ထံ ရာကီတစ် အတွက် သက်မှတ်ထားတဲ့ ဈေးနှုန်းကို ဒုတိယအကြိမ်မြောက်မေးမြန်းခဲ့တဲ့ ယူနိုက်တက်

ဘာစီလိုနာ ထံ ရာကီတစ် အတွက် သက်မှတ်ထားတဲ့ ဈေးနှုန်းကို ဒုတိယအကြိမ်မြောက်မေးမြန်းခဲ့တဲ့ ယူနိုက်တက် ————————————– မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ရာကီတစ် ကို ခေါ်ယူနိုင်ဖို့ သူ့အတွက် အသင်းကနေ သက်မှတ်ထားတဲ့ ဈေးနှုန်းကို ဒုတိယအကြိမ်မြောက်အသင်းဘကက်နေ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။အသင်းရဲ့ကွင်းလယ်ကစားသမား ဟာရဲယားက ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ရောက် ရှိ တော့ မှာဖြစ်သလို ပေါ့ဘာ ရဲ့ အနာဂတ်ကလည်း အခုအချိန်ထိမသေချာသေးတာကြောင့် အသင်းဘက်ကနေ အရံအစီအစဉ်တွေကို စီစဉ်နေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာလည်း ရာကီတစ်ကို ကမ်းလှမ်းခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းကတော့ ဒီတစ်ကြိမ်မှာ ပေါင် (၃၁.၅) သန်းနဲ့ စတင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့အချိန်အတွင်းမှာပဲ ချန်ပီယံလိဂ်အောင်မြင်မှုတွေနဲ့ ပြည်တွင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ရာကီ တစ်ကတော့ […]

Continue Reading

ဒီလစ်ကို ခေါ်ယူနိုင်တဲ့သတင်းကို တနင်္လာနေ့ မှာ တရားဝင်ကြေငြာသွားမယ့် သတင်းတွေထွက်ပေါ်လာတဲ့ ဂျူဗင်တပ်စ်

ဒီလစ်ကို ခေါ်ယူနိုင်တဲ့သတင်းကို တနင်္လာနေ့ မှာ တရားဝင်ကြေငြာသွားမယ့် သတင်းတွေထွက်ပေါ်လာတဲ့ ဂျူဗင်တပ်စ် ————————— ဂျူဗင်တပ်စ်အသင်းဟာ တနင်္လာနေ့ မှာ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်တဲ့သတင်းကို အတည်ပြုကြေညာသွားမယ်လို့ သိရ ပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့နဲ့အပြိုင်ကြိုးစားပြီး ဒီလစ်ကို ဂျူဗင်တပ်စ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီးပြောင်းရွှေ့ ကြေး ယူရိုသန်း (၇၀)အထိ သုံးစွဲရမှာလည်း ဖြစ်ပါတယ်။ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport က သူတို့ရဲ့သတင်းစာမျက်နှာ ဖုံး မှာ ဒီလစ်အပြောင်းအရွှေ့ကို ဂျူဗီက ကြေညာမယ့်အကြောင်း ဖော်ပြခဲ့ပြီး အသက် (၁၉)နှစ်အရွယ်အေဂျက်ဇ်နောက်ခံလူဟာ တူရင် ကို အပြီးသတ်ရောက်ရှိဖို့ သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အရည်အသွေးမြင့်နောက်ခံလူတစ်ဦးကို ဘိုနူချီနဲ့ချီလီနီတို့ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ဂျူဗီက ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဂျူဗင် တပ်စ် အနေနဲ့ ယူရို (၆၇)သန်းကို […]

Continue Reading

အန်ဒွန်ဘီလီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်တဲ့ စပါး

အန်ဒွန်ဘီလီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်တဲ့ စပါး ——————————– တော့တင်ဟမ်ဟော့စပါးအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ သိရပါတယ်။Daily Star ရဲ့ ဖော်ပြချက်အရ ပြင်သစ်ကွင်းလယ်ကစားသမားဟာ လန်ဒန်ကလပ်ကို မကြာခင်မှာပဲ အပြီးသတ်ရောက်ရှိ တော့မယ်လို့ သိရပြီး အသင်းနှစ်သင်းကြားဆွေးနွေးမှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။လာမယ့်ရက်အနည်းငယ်အတွင်းမှာ အ   ပြောင်းအရွှေ့အတွက် အပြီးသတ်နိုင်တော့မှာဖြစ်ပြီး စပါးက ပေါင် (၆၃)သန်းအထိ သုံးစွဲသွားရဖွယ်လည်း ရှိတယ်လို့ သိရပါတယ်။ အသက် (၂၄)နှစ်အရွယ် ကစားသမားအတွက် အပိုဆုကြေးပေးချေသွားရဦးမှာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ စပါးအသင်းက စီစဉ်ထား တယ်လို့လည်း သိရပါတယ်။ အန်ဒွန်ဘီလီကပြောကြားခဲ့ရာမှာတော့ “ တော့တင်ဟမ်က အသင်းကောင်းတစ်သင်းပါ၊ အသင်းကြီးတစ်ခုလည်း ဖြစ်ပါတယ်၊ အဆင့် (၄)နေရာမှာ သူတို့ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိခဲ့ပါတယ်၊ […]

Continue Reading

အာဆင်နယ်၊ လီဗာပူးအသင်းတို့ရဲ့ ပစ်မှတ် ဂျာကော့ဘရန်းလာဆန် ခေါ်ယူဖို့ပြင်ဆင်သွားမယ့် ယူနိုက်တက်

အာဆင်နယ်၊ လီဗာပူးအသင်းတို့ရဲ့ ပစ်မှတ် ဂျာကော့ဘရန်းလာဆန် ခေါ်ယူဖို့ပြင်ဆင်သွားမယ့် ယူနိုက်တက် ———————————— မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်း နဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အသက် ၂၁ အရွယ် ဒေါ့ မွန်တောင်ပံ ကစားသမား ဂျာကော့ဘရန်းလာဆန် ကို ကစားသမား ၀ယ်ယူမည့်စာရင်းထဲမှာထည့်သွင်းလိုက်ပြီဖြစ်ကြောင်း Daily Mail ကဖော်ပြသွားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အသင်းအတွက် ဒန်နီရယ် ဂျိမ်းစ် နှင့် အာ ရွန်ဝမ်ဘစ်ဆာကာ တို့ကို ခေါ်ယူထားပြီးဖြစ်သော်လည်း အသင်းရဲ့လူစာရင်းကို အင်အားတောင့်တင်းစေဖို့ ဒေါမွန် နဲ့ ဒိန်းမတ် ကြယ် ပွင့် ကစားသမား ဘာရန်လာဆန် ကိုပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။ ဒေါ့မွန် အသင်းကတော့ ၎င်းတို့ ကစားသမားရဲ့ တန်ကြေးကို ပေါင် ၁၅ သန်း သတ်မှတ်ထားတာဖြစ်ပြီး […]

Continue Reading

ပါရာဂွေးနဲ့ ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ခြင်းအတွက် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ ရောဘက်တို ဖာမီနို

ပါရာဂွေးနဲ့ ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ခြင်းအတွက် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ ရောဘက်တို ဖာမီနို —————————————- ဘရာဇီးလ် နဲ့ လီဗာပူးလ်တိုက်စစ်မှူး ရော်ဘက်တို ဖာမီနို ဟာ ပါရာဂွေးနဲ့ ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်များ ရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။လီဗာပူးလ်တိုက်စစ်မှူးဟာ ဘရာဇီးအတွက် ကိုပါအမေရိကတွင်ကစားနေတာဖြစ်ပြီး အသင်းရဲ့ ကွာ တား ဖိုင်နယ်ပွဲစဉ်မှာ ပါရာဂွေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့တဲ့အတွက်ကြောင့် ပင်နယ်တီအဆုံးဖြတ်ကန်သွင်းဖို့အတွက်ရွေးချယ် ခြင်းကို ခံ ခဲ့ရပေမယ့် ပင်နယ်တီ ကန်သွင်းချိန်မှာတော့ ဖာမီနိုဟာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပါရာဂွေး အသင်းဘက်မှ ဂွန်ဇယ်လီဇ်က ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့သလို ဂိုးမက်ဇ်ရဲ့ ကန်သွင်းမှုကို လီဗာပူးလ် ဂိုးသမား အယ်လီဆင်က ကာကွယ်နိုင်ခဲ့ပြီးနောက် ဂျေဆုက အသင်းအတွက် အဆုံး အဖြတ်ပေးမည့်ပင်နယ်တီကို […]

Continue Reading

ဇာဟာ အတွက် အာဆင်နယ် ခေါ်ယူနိုင်ဖို့ အခက်တွေ့စေမယ့် ဈေးနှုန်းတစ်ရပ်ကို ပဲလေ့စ် တိုးမြှင့်သတ်မှတ်

ဇာဟာ အတွက် အာဆင်နယ် ခေါ်ယူနိုင်ဖို့ အခက်တွေ့စေမယ့် ဈေးနှုန်းတစ်ရပ်ကို ပဲလေ့စ် တိုးမြှင့်သတ်မှတ် ——————————– ခရစ္စတယ်ပဲလေ့အသင်းဟာ သူတို့အသင်းရဲ့ အဓိကကစားသမား အာရွန်ဝမ်ဘစ်စ်ကာကို ယူနိုက်တက်အသင်းထံ ရောင်းချခဲ့ပြီးနောက် နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာကို လက်လွှတ်မခံရစေဖို့အတွက် ပြောင်းရွှေ့ကြေးကို ဈေးနှုန်းတိုးမြှင့် သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။ ဇာဟာအတွက် ပေါင်သန်း (၁၀၀)အထိ ပဲလေ့က ဈေးနှုန်းသတ်မှတ်ကာ ခေါ်ယူမယ့်အသင်းတွေကို ဟန့်တားသွား ခဲ့တာဖြစ်ပါတယ်။၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်ကနေ ပဲလေ့ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဇာဟာဟာ ပဲလေ့ရဲ့ အဓိကကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အိုင်ဗရီကို့စ် လက် ရွေးစင်ကစားသမားက လက်ရှိမှာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ က လေး ဘ၀ ကတည်းက အာဆင်နယ်အသင်းကို […]

Continue Reading

မန်ချက်စတာယူနိုက်တက်အသင်းက နေထွက်ခွာဖို့ ရာခိုင်နှုန်း နည်းပါးလာခဲ့တဲ့ ကစားသမား

မန်ချက်စတာယူနိုက်တက်အသင်းက နေထွက်ခွာဖို့ ရာခိုင်နှုန်း နည်းပါးလာခဲ့တဲ့ ကစားသမား —————————————- မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောဆိုထားခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ဂျူဗင် တပ် နဲ့ ရီးရဲလ်အသင်းတစ်သင်းသင်းကို ရောက်ရှိလိမ့်မယ်လို့ သုံးသပ်ချက်တွေရှိနေခဲ့ပေမယ့် ပေါ့ဘာရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာ ခဲ့ခြင်းမရှိသေးပါဘူး။နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ ပေါ့ဘာရဲက အပြောင်းအရွှေ့သတင်းတွေက အဆုံးသတ်တော့မယ့် အခြေအနေမှာရှိနေခဲ့ပြီး အသင်းမှာပဲ ဆက်လက်ရှိနေဖို့ရာခိုင်နှုန်းက ပိုမိုများပြားလာခဲ့ပြီလို့ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါ့ဘာပြောင်းရွှေ့ချင်နေသေလို နည်းပြဇီဒန်းကလည်း သူ့ကိုအလိုရှိနေပေမယ့် အချိန်တွေကုန်လာလေ အ သင်းဘက်ကနေ ခေါ်ယူဖို့အတွက်ကို စိတ်မ၀င်စားတဲ့ အမူအရာကိုမြင်တွေ့လာခဲ့ရတာဖြစ်ပြီး ရီးရဲလ်အသင်း ဥက္ကဌ ပီရက်ဇ်က လည်း သူ့ကိုခေါ်ယူဖို့အတွက် ဘယ်တုံးကမှစိတ်မ၀င်စားခဲ့ဘူးဆိုတဲ့ အသံတွေရဲ့ နောက်မှာပေါ့ဘာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ ရှိနေ ပါပြီ။ တစ်ခု သုံးသပ်စရာရှိနေတာက […]

Continue Reading

ဆာဒီယိုမာနေး အတွက် အဆန်စီယိုကိုအလိုက်ပေး ကမ်းလှမ်းပြီး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဆာဒီယိုမာနေး အတွက် အဆန်စီယိုကိုအလိုက်ပေး ကမ်းလှမ်းပြီး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ် —————————————- ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို အသင်းရဲ့လူငယ်ကြယ်ပွင့် အဆန်စီယိုကိုအလိုက်ပေး ကမ်းလှမ်းပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနေတဲ့ ဆီနီဂေါတိုက်စစ်မှူးကို ဇီဒန်းက သဘောကျနေပြီး ဘာနေဗျူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ စြဖ်ပါတယ်။အင်္ဂလိပ် မီဒီယာတော်တော်များမှာ ဒီသတင်းကို ဖော်ပြ ခဲ့ကြပြီး အဆန်စီယိုနဲ့ အလဲအထပ်သဘောပြုလုပ်သွားဖို့ ရီးရဲလ်က ဆန္ဒရှိနေပါတယ်။ အဆန်စီယိုကို ခေါ်ယူဖို့အတွက်လည်း လီဗာပူးလ် ဘက်က စိတ်ဝင်စားမှုရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက်က အဆိုပါစိတ်ဝင်စားမှုကို အသုံးချကာ မာနေးကို ခေါ်ယူနိုင်ဖို့ အားထုတ်လာခဲ့ တာဖြစ်ပါတယ်။ မာနေးကို ရီးရဲလ်က ပြီးခဲ့တဲ့ရာသီကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး မာနေးက ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အတွက် အကောင်းဆုံး […]

Continue Reading

ရွှေရောင်နေ့ရက်တွေကို ယူနိုက်တက်ဆီ သယ်ဆောင်လာတော့မှာလား ဆန်းချက်ဇ်

ရွှေရောင်နေ့ရက်တွေကို ယူနိုက်တက်ဆီ သယ်ဆောင်လာတော့မှာလား ဆန်းချက်ဇ် —————————— ယူနိုက်တက်ကို ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အလက်ဆစ်ဆန်းချက်ဇ်က လက်ရွေးစင်အသင်းမှာတော့ သူ ရဲကောင်းအဖြစ် ရှိနေခဲ့ပါတယ်။ ချီလီအသင်းရဲ့ (၃)ကြိမ်ဆက် ကိုပါအမေရိကချန်ပီယံဘွဲ့ကို ခံယူဖို့ ကြိုးပမ်းမှုမှာ ဆန်းချက်ဇ်က အဓိက ကစားသမားအဖြစ် ရှိနေခဲ့ပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ယူနိုက်တက်အတွက် (၂၇)ပွဲကစားပြီး (၂)ဂိုးသာ သွင်း ပေးနိုင်ခဲ့တဲ့ ချီလီသားကြီးက အမိနိုင်ငံအတွက်တော့ (၂)ပွဲကစားပြီးချိန်မှာပဲ (၂)ဂိုးသွင်းပေးထားနိုင်ခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့ ပုံမှန်ခြေ စွမ်းတွေ ပြန်ရနေပြီလားလို့ အားလုံးက စိတ်ဝင်စားနေခဲ့ပါတယ်။အာဆင်နယ်ကနေ ယူနိုက်တက်ကို ၂၀၁၇၊ ဇန်န၀ါရီလမှာ ပြောင်းရွှေ့ လာခဲ့ပြီး တစ်နှစ်ခွဲအတွင်းမှာ ဆန်းချက်ဇ်က ပွဲပေါင်း (၄၅)ပွဲ ကစားပေးပြီးပါပြီ။ သွင်းဂိုးအနေနဲ့ (၅)ဂိုးသာ ရရှိထားလို့ […]

Continue Reading

ဆွာရက်ဇ် ရဲ့ အဆုံးဖြတ်ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့မှုကြောင့် ကိုပါအမေရိကဖလားကို လက်ပြနှုတ်ဆက်လိုက်ရတဲ့ ဥရုဂွေး

ဆွာရက်ဇ် ရဲ့ အဆုံးဖြတ်ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့မှုကြောင့် ကိုပါအမေရိကဖလားကို လက်ပြနှုတ်ဆက်လိုက်ရတဲ့ ဥရုဂွေး ——————————————– ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်နောက်ဆုံးပွဲကတော့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဗိုလ်စွဲဖို့အထိ ရေပန်းစားနေ ခဲ့တဲ့ နာမည်ကြီးဥရုဂွေးဟာ ပီရူးကို အနိုင်မယူနိုင်ခဲ့ပဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီဖြစ်ပါ တယ်။ပီရူးအသင်းကတော့ ထင်မှတ်မထားမှုနဲ့အတူ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး ချီလီနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ဥရုဂွေးက ဆွာ ရက်ဇ်၊ ကာဗာနီတို့ရဲ့ တိုက်စစ်အတွဲကိုပဲ ပွဲထုတ်ခဲ့ပြီး ပီရူးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ခြေစွမ်းအရလည်း ဥရုဂွေးက သာလွန်ခဲ့ပြီး ပီရူး ကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှတောင် မရှိခဲ့ခဲ့ပဲ တိုက်စစ်ပိုင်းက အားနည်းနေခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကတော့ ဥရုဂွေးရဲ့ တိုက်စ်စကို ကောင်းကောင်းခုခံနိုင်ခဲ့ပြီး အခက်တွေ့စေခဲ့ပါတယ်။က စားသမားအင်အားပိုမို သာ လွန်တဲ့ ဥရုဂွေးက […]

Continue Reading