မန်ချက်စတာယူနိုက်တက် နဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုမှာ မြင့်မားတဲ့ လုပ်ခလာစာတောင်းဆိုလိုက်တဲ့ ဒိုင်ဘာလာ

မန်ချက်စတာယူနိုက်တက် နဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုမှာ မြင့်မားတဲ့ လုပ်ခလာစာတောင်းဆိုလိုက်တဲ့ ဒိုင်ဘာလာ ———————————————— ဒိုင်ဘာလာ နဲ့ လူကာကူတို့ကို အလဲအထပ်ပြုလုပ်ဖို့ ဒိုင်ဘာလာရဲ့ အေးဂျင့် ဟာ အင်္ဂလန်ကို ရောက်ရှိလာခဲ့ပြီး ပုဂ္ဂိုလ်ရေးသဘော တူ ညီမှုရယူဖို့အတွက် ယူနိုက်တက် ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖွယ်ရှိနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပြီးနောက်ပိုင်း  ဂျူ ဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာက မန်ချက်စတာယူနိုက်တက် အသင်းထံ မြင့်မားတဲ့လစာပမာဏပေးချေဖို့ တောင်းဆိုခဲ့တယ်လို့ Daily Express ကဖော်ပြသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘော တူ ညီလိုက်ပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး မန်ချက်စတာယူနိုက် အသင်းကလည်း ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ် လို့သိရ ပါတယ်။လက်ရှိအချိန်မှာ လူကာကူ ဟာ အသင်းရဲ့ လူစာရင်းက […]

Continue Reading

မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကစားသမားအပေါ်မှာ ထောက်ခံအားပေးလိုက်တဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကစားသမားအပေါ်မှာ ထောက်ခံအားပေးလိုက်တဲ့ ရွန်နီ ————————————– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်နီက လက်စတာနောက်ခံလူမက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုး စားနေတဲ့အပေါ်မှာ ထောက်ခံအားပေးမှုတွေပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ မက်ဂွိုင်းယား ကို ကာလရှည်ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ညိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ လက်စတာ အသင်းဘက် က မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀)အထိ အလိုရှိနေပြီး ယူနိုက်တက်က ပေါင်သန်း (၇၀)သာ ပေးချေချင်တယ်လို့ သိရပါတယ်။ ဒီအတွက် လက်စတာက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့ပြီး ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရွန်နီပြောကြားခဲ့တာကတော့ “မက်ဂွိုင်းယားက ကစားသမားကောင်းတစ်ဦးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူက တိုးတက်မှုတွေရှိလာခဲ့တဲ့ […]

Continue Reading

အဲရစ် ဘိုင်လီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး အတည်ပြုချက် ထုတ်ပြန်ကြေငြာသွားတဲ့ ဆိုးလ်ရှား

အဲရစ် ဘိုင်လီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး အတည်ပြုချက် ထုတ်ပြန်ကြေငြာသွားတဲ့ ဆိုးလ်ရှား ———————————– မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက စပါးအသင်း နဲ့ ကစားတဲ့ ပွဲမှာ ဒူးဒဏ်ရာ ပြန်လည်ရရှိခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီးဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဘိုင်လီရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး အနည်းဆုံး ၄လကနေ ၅လ ကြား အနားယူရတော့မယ်လို့ ဆိုးလ်ရှားက အတည်ပြူ ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၆ခုနှစ် က မန်ယူအသင်းကိုရောက်ရှိလာခဲ့တဲ့ ဘိုင် လီ ဟာ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ကစားသမားဘ၀ ရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။ ဘိုင်လီ ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး ဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့ “အဲရစ်က ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ပွဲစဉ်တွေနဲ့ ၅လ လောက် လွဲချော်သွားမှာ ပါ။ ကျွန်တော်တို့နဲ့ ခရစ္စမတ် […]

Continue Reading

တီယာနေး ကိုခေါ်ယူဖို့ နီးစပ်လာတဲ့ အာဆင်နယ်

တီယာနေး ကိုခေါ်ယူဖို့ နီးစပ်လာတဲ့ အာဆင်နယ် ——————– အာဆင်နယ် အသင်း ကာလရှည်ချိတ်ဆက်နေတဲ့ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး အတွက် တတိယ အကြိမ်မြောက် ကမ်းလှမ်း ခဲ့ပြီးနောက် သဘော တူညီမှု ရရှိဖို့ နီးစပ် လာခဲ့ပြီလို့သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့စဉ်က ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကနဦး ပေးချေမယ့်ငွေကြေးက နည်းပါးခဲ့တာကြောင့် ဆဲလ်တစ်အသင်းက ပယ်ချခဲ့ပါတယ်။ခုနောက် တစ် ကြိမ်ကမ်းလှမ်းခဲ့ရာမှာတော့ ဆဲလ်တစ်အသင်း လိုချင်တဲ့ပြောင်းရွှေ့ကြေးအတိုင်းကမ်းလှမ်းခဲ့ပြီး မကြာခင်မှာ အပြောင်းအရွေ့ ဖြစ် မြောက် လာဖို့ ရှိနေပါတယ်။ အာဆင်နယ် အသင်းဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်ထဲမှာ လိုင်လီ တောင်ပံကစားသမား နီကိုလက်စ် ပီပီကို ကလပ်စံချိန်တင် ပေါင် ၇၂သန်းန့ ခေါ်ယူနိုင်ခဲ့သလို မာတင်နယ်လီ […]

Continue Reading

ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်

ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာယူနိုက်တက် ——————————- မန်ချက်စတာယူနိုက်တက် အသင်း ဟာ မနေ့ညက နော်ဝေးလ် ကလပ် ကာရီစတိန်းဆန့် အသင်းခြေစမ်းပွဲကစားခဲ့ရာမှာ မိနစ် ၉၀ အ ရောက်မှ မာတာ ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရာ သီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲတွေကို ရယူထားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက အဓိက ကစားသ မား အစုံအလင်နီးပါးနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ပေါ့ဘာကို အရံခုံမှာ ထားခဲ့ပေမယ့် ဂိုးသမား နေရာမှာ ဒီဂီယာ၊ နောက်တန်းမှာ ဝမ်ဘစ် ဆာကာ၊ ဖီးလ်ဂျုံးစ်၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ မာတစ်၊ တွမ်မီနေး၊ ဒန်နီယဲယ်ဂျိမ်းစ်၊ လင်ဂတ်၊ မာစီရယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ […]

Continue Reading

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းများထွက်ပေါ်လာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းများထွက်ပေါ်လာ ————————————– ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ အားကစားသတင်းထောက်နဲ့ ရုပ်သံတင်ဆက် သူ တစ် ဦးဖြစ်တဲ့ ဂျို့စ်ကယ်ရို့စ် က သူရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၆၅)သန်း အထိ ရီးရဲလ်မက်ဒရစ် က ပေးချေခဲ့ရတယ်လို့လည်း ၎င်းက ဆိုပါတယ်။အပြောင်းအရွှေ့ကိစ္စအတွက် ကလပ်နှစ်သင်းကြားမှာ မကြာခင် တရားဝင်ကြေညာလိမ့်မယ်လို့လည်း အဆိုပါ သတင်းထောက်ကဖော်ပြခဲ့ပါတယ်။ ကနဦးပြောင်းရွှေ့ကြေးအဖြစ် သန်း ၁၃၀ ကို ရီးရဲလ် မက်ဒရစ်ကပေးချေမှာဖြစ်ပြီး ကျန်တဲ့ (၃၅)သန်းကိုတော့ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး ပေးချေသွား မယ် လို့လည်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်မှာ ပေါ့ဂ်ဘာရရှိမယ့် လုပ်ခလစာဟာ တစ်နှစ်ကို […]

Continue Reading

မန်ချက်စတာ နဲ့ မက်ဒရစ်မှာ မက်ဒရစ် ကို ပိုလွမ်းကြောင်း ရော်နယ်ဒို ၀န်ခံပြောကြား

မန်ချက်စတာ နဲ့ မက်ဒရစ်မှာ မက်ဒရစ် ကို ပိုလွမ်းကြောင်း ရော်နယ်ဒို ၀န်ခံပြောကြား —————————- မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ Marca မှ ချီးမြှင့်သည့် Marca Legend ဆုကို တနင်္လာနေ့ က မက်ဒရစ် မှာ တက်ရောက်လက်ခံရယူခဲ့တယ်လို့သိရပါတယ်။၎င်းဆုဟာ အားကစားလောကမှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သူများကို အလျဉ်းသင့်သလို ဂုဏ်ပြုချီးမြှင့်သည့် ဆုတံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအချိန် အထိ ဘောလုံးအားကစားသမား ၂၁ ဦးအထိ ရရှိခဲ့ဖူးပြီး ဘောလုံးလောကမှာ ပထမဦးဆုံး ရရှိခဲ့သူကတော့ ဘရာဇီးလ် ဂန္ဓ၀င် ပီလီဖြစ် ပါတယ်။ အဆိုပါဆုနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက ” ဒီဆုကို ကျွန်တော့်ရဲ့ပြတိုက်ထဲက အလွန်ကောင်းမွန်တဲ့နေ ရာမှာ သိမ်းထားမှာပါ။ မက်ဒရစ် […]

Continue Reading

ဒိုင်ဘာလာ ထက် ကော်စတာ ကို အလိုရှိနေတဲ့ ဆိုးလ်ရှား

ဒိုင်ဘာလာ ထက် ကော်စတာ ကို အလိုရှိနေတဲ့ ဆိုးလ်ရှား ————————————– ဂျူဗင်တပ်စ် အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူ အတွက် ဒိုင်ဘာလာကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အသုံးပြုချင်နေပမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒိုင်ဘာလာ ထက် ဒေါက်ကလပ် ကော်စတာကိုသာ အ လို ရှိနေတာဖြစ်တယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ တောင်ပံကစားသမား တစ်ဦးအလိုရှိနေတာဖြစ်ပြီး ကော်စတာ ကို မေးမြန်းစုံစမ်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ကော်စတာ ဟာ ပြီးခဲ့ရာ သီက အယ်လီ ဂရီ ရဲ့ လက်အောက်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ အရံကစားသမားအဖြစ်သာ အချိန်ကုန်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်း ဟာ အသက် (၂၈)နှစ်အရွယ်ကစားသမားကို ပြန်လည်ရောင်းထုတ်ဖို့ […]

Continue Reading

အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဆရာကျလွန်းတဲ့ အာဆင်နယ် နဲ့ အူနိုင်းအမ်မရီ

အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဆရာကျလွန်းတဲ့ အာဆင်နယ် နဲ့ အူနိုင်းအမ်မရီ —————————— အာဆင်နယ်အသင်းဟာ အိုင်ဗရီကို့စ် နဲ့ လိုင်လီတောင်ပံတိုက်စစ်မှူး နီကိုလက်စ်ပီပီကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနီးပါးနဲ့ ခေါ် ယူ နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးမှာ ၎င်း အပြောင်းအရွှေ့ အာဆင်နယ်အသင်းအတွက် စံချိန်တင်ပြောင်း ရွှေ့ကြေး တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ပီပီ ကိုခေါ်ယူခဲ့ရာမှာ ပြောင်းရွှေ့ကြေး ၇၂ သန်းကို (၅) နှစ် အရစ်ကျ ပေးချေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း (၂၀) ပေးချေရမှာဖြစ်ပြီး ကျန်တာကိုတော့ (၅) နှစ် အရစ်ကျပေးချေသွားရမှာဖြစ်ပြီး ကစားသမားနဲ့ လာမယ့် တစ်ပတ် အတွင်း ဆေးစစ်မှု ပြုလုပ်သွားမှာလို့ သိရပါတယ်။ အပြောင်အရွှေ့ဈေးကွက်ထဲမှာ […]

Continue Reading

မာရော့တာ ရဲ့ စကားကြောင့် အပြောင်းအရွှေ့ကိစ္စကြံ့ကြာဖွယ်ရှိနေတဲ့ လူကာကူ

မာရော့တာ ရဲ့ စကားကြောင့် အပြောင်းအရွှေ့ကိစ္စကြံ့ကြာဖွယ်ရှိနေတဲ့ လူကာကူ ——————————- အင်တာမီလန် အသင်း အမှုဆောင်ချူပ်ဖြစ်တဲ့ မာရော့တာ က လူကာကူ အတွက် မန်ချက်စတာယူနိုက်တက် အသင်းတောင်းဆိုထားတဲ့ ဈေးနှုန်းအတိုင်းပေးချေပြီးခေါ်ယူမှာ မဟုတ်ကြောင်း ဖွင့်ဟပြော ဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက လူကာကူ အတွက် ယူရို သန်း၈၀ ပေါင် ၇၅ သန်း အလိုရှိနေပေမယ့် အင်တာမီလန် အသင်းကတော့ အဆိုပါနှုန်းထားတဲ့ နဲပါးတဲ့ကမ်းလှမ်းမှုမျိုးနဲ့ ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကလပ်နှစ်သင်းကြား အပြောင်းအရွှေ့က အဆင်မပြေဖြစ်နေပြီး သင်းပြောင်းရွှေ့လိုနေတဲ့ လူကာကူ အတွက်လည်းအသင်းပြောင်းရွှေ့ရေးက ဝေဝါးလာခဲ့ပါတယ်။ မာရော့တာက “ကျွန်တော်တို့က ကစားသမားရဲ့ တန်ဖိုးကို လေးစားမှု ထားပြီး သင့်တင့် မျှတတဲ့ အရေးပါတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး ပါပြီ။ အခြေအနေတွေကို စောင့်ကြည့်နေတယ်ဆိုပေမယ့် […]

Continue Reading