မော်ရင်ဟို နဲ့ စီးချင်းထိုးမယ့်ပွဲမှာ မှာ ပေါ့ဂ်ဘာကို အသင်းအတွက်ကစားပေးစေချင်နေတဲ့ ဆိုးလ်ရှား

မော်ရင်ဟို နဲ့ စီးချင်းထိုးမယ့်ပွဲမှာ မှာ ပေါ့ဂ်ဘာကို အသင်းအတွက်ကစားပေးစေချင်နေတဲ့ ဆိုးလ်ရှား ——————————- မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဆိုးလ်ရှားကတော့ ဒဏ်ရာကြောင့်အနားယူနေရတဲ့ သူ့အသင်းက ကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို စပါးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စပါးအသင်းတို့ဟာ လာမယ့် ဒီဇင်ဘာလ ( ၅ ) ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။ စပါးအသင်းကတော့ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုကို အစားထိုးခန့်အပ်ပြီးချိနှ်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်နှစ်ပွဲကို အနိုင်ရရှိထားခဲ့ပါတယ်။ ပေါ့ဂ်ဘာ နဲ့ ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့” အခုဆို ပေါလ် ရဲ့ ဒဏ်ရာက အတော့်ကိုပြန်ပြီးကောင်းမွန်လာခဲ့ပါပြီ၊ အခုလာမယ့် တနင်္ဂနွေမှာ ကစားနိုင်မလား – စပါးနဲ့ပွဲစဉ်မှာ ပြန်ကစားနိုင်မလား အတိအကျမသိရသေးပေမယ့် ကျွန်တော်ကတော့ အမြန်ဆုံး […]

Continue Reading

စတန် ခရွန်ကီရဲ့ သည်းခံနိုင်မှုကုန်ဆုံးသွားတဲ့အချိန်မှာ အာဆင်နယ်ကနေထွက်ခွာခဲ့ရတဲ့ အူနိုင်းအမ်မရီ

စတန် ခရွန်ကီရဲ့ သည်းခံနိုင်မှုကုန်ဆုံးသွားတဲ့အချိန်မှာ အာဆင်နယ်ကနေထွက်ခွာခဲ့ရတဲ့ အူနိုင်းအမ်မရီ —————————————– အာဆင်နယ်အသင်း ဟာ အူနိုင်အမ်မရီကို ဖရန့်ဖတ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ ဒီမနက်ပိုင်းမှာကတည်းက အသင်းပိုင်ရှင် စတန် ခရွန်ကီ က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့သိရပြီး သိပ်မကြာခင်အချိန်ကမှ အသင်းကနေထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အူနိုင်းအမ်မရီကိုင်တွယ်ခဲ့တဲ့ ၁၈ လတာကာလအတွင်းမှာ ပြောင်းလဲမှုတစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရခြင်းမရှိပဲ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ထိပို့ဆောင်နိုင်ခဲ့တဲ့ တစ်ချက်ပဲပြောစရာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အကောင်းအခြေအနေ အခွင့်အလမ်းတွေရရှိခဲ့ပေမယ့်လည်း အမ်မရီကတော့ ရာသီနောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားခဲ့လို့ အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရပါတယ်။ လက်ရှိရာသီမှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၃ ပွဲကစားပြီးချိန်မှာ ရမှတ် (၁၈) မှတ်နဲ့ အဆင့် (၈) နရာမှာရပ်တည်နေသလို မနေ့ညက ကစားခဲ့တဲ့ ဖရန့်ဖတ် နဲ့ […]

Continue Reading

မော်ရင်ဟို နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတစ်ခုကို ဟယ်ရီကိန်း ဖွင့်ဟ

မော်ရင်ဟို နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတစ်ခုကို ဟယ်ရီကိန်း ဖွင့်ဟ ——————————– စပါး အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းကတော့ အသင်းရဲ့ နည်းပြသစ် မော်ရင်ဟို နဲ့ ဆက်ဆံရေးကောင်းတွေ ရှိဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲံ အပတ်လောက်ကမှ စပါးအသင်းထံ အသစ်ရောက်ရှိလာတဲ့ မော်ရင်ဟို ရဲ့ လက်အောက်မှာ ဟယ်ရီကိန်းဟာ ခြေစွမ်းပြနေခဲ့ပြီး မော်ရင်ဟို ကိုင်တွယ်ထားတဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာ ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းတွေ့ရပါတယ်။ မော်ရင်ဟို ဟာ စပါးအသင်းကို ရုတ်ချည်းဆိုသလို ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကိုင်တွယ်ထားတဲ့ပွဲစဉ်နှစ်ပွဲစလုံးကိုတော့ အနိုင်ရရှိအောင်စွမ်းဆောင်ထားတာကို တွေ့ရပါတယ်။ ရောက်တဲ့ အသင်းတိုင်းမှာ ကစားသမားတွေနဲ့ ပတိပက္ခလေးတွေရှိတဲ့ မော်ရင်ဟို တစ်ယောက် စပါးအသင်းမှာရော ထပ်မံဖြစ်ပေါ်လာဦးမလားဆိုတာကို ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ မော်ရင်ဟို နဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းကပြောကြားခဲ့ရာမှာတော့ “ကျွန်တော်သူနဲ့ […]

Continue Reading

2019 Ballon D’or ဆုရရှိဖို့ ထိုက်တန်သူကို ဂျရတ် ထုတ်ဖော်ပြောကြား

2019 Ballon D’or ဆုရရှိဖို့ ထိုက်တန်သူကို ဂျရတ် ထုတ်ဖော်ပြောကြား ——————— လီဗာပူးလ် အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်သလို စကော့တလန် ကလပ် ရိန်းဂျားအသင်းရဲ့ နည်းပြတစ်ဦးလည်းဖြစ်တဲ့ စတီဗင်ဂျရတ်ကတော့ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပေးအပ်မယ့် ၂၀၁၉ Ballon D’or ဆုကို ရရှိဖို့ ဘယ်သူထိုက်တန်လဲဆိုတာကို ထုတ်ဖော်ပြောဆိုသွားခဲပါတယ်။ စတီဗင်ဂျရက်က ဒီဆိုကို လီယွန်နယ်မက်ဆီ ထက် ဗန်ဒိုက်က ပိုရသင့်တယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ UEFA အကောင်းဆုံး ကစား သမားဆုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ဖီဖာအကောင်းဆုံး ကစားသမားဆုကိုတော့ မက်ဆီရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ Ballon D’or ဆု နဲ့ ပတ်သက်လို့ ဂျရတ်က ” ကျွန်တော် […]

Continue Reading

အာဆင်နယ်အသင်းတာဝန်ရှိသူတွေ ပြတ်သားရတော့မယ့် အချိန်ရောက်နေပြီလို့ မာတင်ကီအွန် ထုတ်ဖော်ပြောကြား

အာဆင်နယ်အသင်းတာဝန်ရှိသူတွေ ပြတ်သားရတော့မယ့် အချိန်ရောက်နေပြီလို့ မာတင်ကီအွန် ထုတ်ဖော်ပြောကြား ————————— အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မာတင်ကီအွန် ကတော့ အာဆင်နယ်အသင်းဘုတ်အဖွဲ့ အနေနဲ့ အမ်မရီ ကို ရာထူး က မထုတ်ပယ်ဘူးဆိုရင် တန်းဆင်းသွားရနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဖရန့်ဖတ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ လက်ရှိရာသီမှာ ပထမဦးဆုံး အိမ်ကွင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်သလို ကစားထားတဲ့ နောက်ဆုံး (၇) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပြ အူနိုင်းအမ်မရီအတွက်လည်း ဖိအားအပေါ် ဖိအားတွေဆင့်ရင်း ယံကြည်မှုပျောက်ဆုံးနေတဲ့သွင်ပြင်တွေလည်းမြင်တွေ့နေခဲ့ရပါတယ်။ မာတင် ကီအွန်ကတော့” မနေ့ညက အမ်မရီ ရဲ့ လူထုတ်ပုံ နဲ့ လူစားလဲပုံတွေက တော်တော်လေးကို ဆိုးဆိုးရွားရွားပါပဲ၊ ဒုတိယပိုင်း ကစားပုံကြည့်ရင်လည်း တစ်ပိုင်းလုံး ဆောက်တည်ရာမရဖြစ်နေတာပဲ၊ ဒီအချိန်မှာ အသင်းကို လှုံ့ဆော်မှုအပိုင်းလည်း […]

Continue Reading

 မနေ့ညကကစားခဲ့တဲ့ပွဲမှာ အက်စတာနာ ကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းကလူငယ်ကစာသမား ၃ဦးကိုချီးကျူးသွားခဲ့တဲ့ ဆိုးလ်ရှား

မနေ့ညကကစားခဲ့တဲ့ပွဲမှာ အက်စတာနာ ကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းကလူငယ်ကစာသမား ၃ဦးကိုချီးကျူးသွားခဲ့တဲ့ ဆိုးလ်ရှား ——————————- အက်စတာ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ရဲ့ပွဲစဉ်မှာ အက်စတာနာအသင်းက ၂ – ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။အဆို ပါပွဲစဉ်အပြီးမှာ နည်းပြဆိုးလ်ရှားက အသင်းက လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အမှတ်မလိုအပ်တော့တဲ့ ဒီပွဲစဉ်ကို နည်းပြဆိုးလ်ရှားဟာ အသင်းကြီးက အဓိက ကစားသမားအများစုကို အနားပေးထားခဲ့ပြီး လူငယ်ကစားသမားအများစုကို အတွေ့အကြုံရရှိစေဖို့ ပွဲထွက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ နည်းပြ ဆိုးလ်ရှားက ” ကျွန်တော့်ကောင်လေးတွေရဲ့ စွမ်းဆောင်ရည်က အတော်လေးကောင်းခဲ့ပါတယ်၊ ပွဲချိန်တော်တော်များများကို ကျွန်တော်တို့ ထိန်းချူပ်ကစားနိုင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ ပြိုင်ဘက်အသင်းရဲ့ ဖိအားပေးမှုတွေကို ခွင့်ပြုခဲ့ရပါတယ်။ လူငယ်ကစားသမားတွေက ပွဲထွက်ခွင့်အတွက် လုံလောက်မှုရှိရဲ့လားဆိုတာက သူတို့တွေ ကိုစမ်းကစားခိုင်းမှ သိရမှာလေ၊ […]

Continue Reading

 အာဆင်နယ်အသင်းပရိသတ်တွေကတော့ ဖရန့်ဖတ် ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အူနိုင်းအမ်မရီကို ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြပါပြီ

အာဆင်နယ်အသင်းပရိသတ်တွေကတော့ ဖရန့်ဖတ် ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အူနိုင်းအမ်မရီကို ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြပါပြီ —————————– ယူရိုပါလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ဖရန့်ဖတ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းက အဝေးကွင်းကနေ ၁ – ၂ ဂိုးရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန် ရဲ့ ပွဲချိန် ၄၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့ပဲ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ သွင်းဂိုးတွေပြန်လည်ခွင့်ပြုပေးခဲ့ရလို့ ပြိုင်ပွဲကို ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ လက်တလောသူ့ လိဂ်မှာ ရှုံးပွဲတွေဆက်ပြီး ယိမ်းယိုင်နေတဲ့ ဖရန့်ဖတ်အသင်းက ပထမပိုင်းမှာ အာဆင်နယ်အသင်းကို မယှဉ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကြောင့် နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှာ ရှုံးနိမ့်ခဲ့တာကြောင့် […]

Continue Reading

 ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့  လေဗာကူစင် ကွင်းလယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်

ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့  လေဗာကူစင် ကွင်းလယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ် ———————– ဂျာမင်္ဏီ နဲ့ လေဗာကူစင် ကွင်းလယ်ကစာသမားတစ်ဦးဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ဥရောပအသင်းကြီး ၇ သင်းလောက်က အပြိုင်အဆိုင်ဖြစ်နေတယ်လို့သိရပါတယ်။ အသက် ၂၀ အရွယ် ကိုင်ဟာဗက်ဇ် ဟာ လေဗာကူစင် အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာလည်း အသင်းအတွက် အဓိက အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒေါကြောင့် လေဗာကူစင်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို တော်ရုံဈေးလောက်နဲ့ လက်လွှတ်သွားဖွယ်တော့ ရှိမနေပါဘူး။ ဟာဗက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ စပိန်ဘက်ကအင်အားကြီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လို အသင်းကြီးတွေလည်း ပါဝင်နေသလို ပြည်တွင်းလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း ဒီကစား […]

Continue Reading

မန်ချက်စတာယူနိုက်တက် မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ပေါဂ်ဘာကို ခေါ်ယူသွားဖို့ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

မန်ချက်စတာယူနိုက်တက် မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ပေါဂ်ဘာကို ခေါ်ယူသွားဖို့ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ် —————————————– ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် ပေါင် ၇၃သန်းအပြင် အသင်းကကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ တိုက်စစ်မှူး မာရီယာနို ဒိုင်ယက်ဇ်တို့ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာဖို့ ဖင်တကြွကြွဖြစ်နေတဲ့ ပေါ့ဂ်ဘာအတွက် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့လည်း လာမယ့် အပြောင်းအရွှေ့ကာလမှာတော့ ကြီးမားတဲ့ ဆုံးဖြတ်ချက်ချမှတ်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ ဒီပြင်သစ်လက်ရွးစင်ကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ထားသူဖြစ်ပြီးပရီးမီးယားလိဂ်မှာ ၅ ပွဲ သာကစားပေးထားရသေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ ဆန္ဒမရှိတော့ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ အခုလိုသတင်းတွေထွက်ပေါ်လို့လာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကနေ ပေါင် ၈၉သန်းနဲ့ ယူနိုက်တက်ကို […]

Continue Reading

လူငယ်တွေကိုဦးတည်ထားတဲ့ အက်စတာနာ နဲ့ ပွဲစဉ်အတွက် ဆိုးလ်ရှား ရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်း

လူငယ်တွေကိုဦးတည်ထားတဲ့ အက်စတာနာ နဲ့ ပွဲစဉ်အတွက် ဆိုးလ်ရှား ရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်း ——————– မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ ဆိုးလ်ရှားကတော့ အက်စ်တာနာနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမှာ သေချာပေါက်ပါဝင်မယ့် လူငယ်ကစားသမား ၄ ဦးရဲ့နာမည်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရှုံးထွက်အဆင့်ကို အုပ်စုပထမနဲ့ တက်လှမ်းခဲ့ပြီးဖြစ်လို့ ဒီပွဲစဉ်ကို အသင်းရဲ့ အဓိက ကစားသမားအများစုကို အနားပေးခဲ့ပြီး လူငယ်ကစားသမားအများစုကို စီနီယာ ကစားသမားအချို့ နဲ့ တွဲဖက်ပြီး ပွဲထုတ်သွားဖို့ ဆိုးလ်ရှားက စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပါဝင်မယ့် အသင်းရဲ့ အဓိက ကစားသမားလေးဦးကိုတော့ ဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာပါဝင်ကစားဖို့ သေချာတဲ့ကစားသမားတွေကို ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားခဲ့ရာမှာတော့ ” ဂိုးသမားလီဂရန့် ၊ ညာနောက်ခံလူ အီသန်လဲယားဒ် ၊ဗဟိုခံစစ်နေရာမှာ ဒီရှောင်းဘားနက် နဲ့ ဗဟိုကွင်းလယ်နေရာမှာ ဒိုင်လန်လီဗစ်တို့က […]

Continue Reading