အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးကို ပြန်လည်ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ယူနိုက်တက်

အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးကို ပြန်လည်ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ယူနိုက်တက် ————————– ဖာနန်ဒက်စ်ကို ပူပူနွေးနွေးခေါ်ယူထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုအခါမှာလည်း ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးကို ကမ်းလှမ်းခဲ့တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက အားထားရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ၃လလောက်လက်လွှတ်ရမှာဖြစ်လို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ အသက်၂၈နှစ်အရွယ်နော်ဝေးလ် တိုက်စစ်မှူး ဂျိုအာကင်းကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကမ်းလှမ်းခဲ့ပေမယ့် ဘုန်းမောက်အသင်းဘက်က ပယ်ချသွားခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဂျိုအာကင်း ဟာ ဒဏ်ရာကြောင့်အနားယူနေရသူလည်းဖြစ်ပါတယ်။ ယူနိုက်တက် လူငယ်အသင်းမှာ (၅) နှစ်ကြာကစားခဲ့ပြီး အသင်းကြီးအတွက် (၂) ပွဲသာပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ဂျိုအာကင်းကတော့ ဘုန်းမောက်အသင်းကို မရောက်ရှိခင်မှာ ပရက်စတန် ၊ မိုချန်ဂလာဘတ်ခ်ျ ၊ ဟူးလ်စီးတီး နဲ့ ဘလက်ဘန်းအသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပြီးမှ ဘုန်းမောက်အသင်းကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီး […]

Continue Reading

စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်တန်ဖိုးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တဲ့ အဲရစ်ဆင်

စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်တန်ဖိုးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တဲ့ အဲရစ်ဆင် ——————— ပရီးမီးယားလိဂ် စပါးအသင်းကနေ စီးရီးအေကလပ် အင်တာမီလန်အသင်းထံ ပေါင် (၁၇)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ဟာ စီးရီးအေရဲ့ ဆောင်းရာသီဈေးကွက်မှာ တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့တယ်လို့သိရပါတယ်။ ကစားသမားများ၏ အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးများကို စနစ်တကျ တွက်ချက်ဖော်ပြပေးနေသော ဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ Transfermarkt က အဲရစ်ဆင်၏ လက်ရှိဈေးကွက်ပေါက်ကြေးအား ပေါင် (၈၁)သန်း သတ်မှတ်ထားရာ အဲရစ်ဆင်ဟာ စီးရီးအေတွင် ဈေးကွက်တန် ဖိုးအမြင့်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ စပါးအ သင်းသည် အဲရစ်ဆင်အား စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့ပေမယ့်လည်း အဲရစ်ဆင်က လက်မခံခဲ့ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်မပေးရရန်အတွက် စာချုပ်သက်တမ်းကုန်ရန် (၆)လအလိုမှာ ပေါင် (၁၇)၀န်းကျင်ဖြင့် အသင်းကနေထွက်ခွာခွင့်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ပမာဏနည်းပါးခဲ့ပေမယ့် ကစားသမားကိုပေးချေရမယ့်လုပ်ခလစာမှာတော့ မြင့်မားစွာပေးချေခဲ့ရပြီး တစ်ပတ်လုပ်ခပေါင် (၃၂ဝဝဝဝ) အထိပေးချေသွားရမှာဖြစ်ပါတယ်။ […]

Continue Reading

အသင်းဘက်က သက်တမ်းတိုးစာချူပ်ကမ်းလှမ်းမှုကိုမျှော်လင့်နေတဲ့ ယူနိုက်တက် ကွင်းလယ်လူ

အသင်းဘက်က သက်တမ်းတိုးစာချူပ်ကမ်းလှမ်းမှုကိုမျှော်လင့်နေတဲ့ ယူနိုက်တက် ကွင်းလယ်လူ —————————- မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဆာဘီးယားကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နီမန်ဂျာ မာတစ်ကတော့ အိုးထရက်ဖို့ဒ်မှာဆက်ရှိနေပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှာကို စောင့်မျှော်နေတယ်လို့သိရပါတယ်။မာတစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာအသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက် ဘက်က သက်တမ်းမတိုးခဲ့ဘူးဆိုရင်တော့ အသင်းကနေထွက်ခွာရမှလည်းဖြစ်ပါတယ်။ မာတစ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ပါဝင်ကစားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် မှာတော့ မန်စီးတီးအသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီး နှစ်ဝါတစ်နီနဲ့လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ မာတစ်ကပြောကြားခဲ့ရာမှာတော့” ယူနိုက်တက်ကို ကိုယ်စားပြုကစားပေးရတဲ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်၊ အသင်းဘက်က စာချူပ်သက်တမ်းဆက်တိုးမယ်ဆိုရင်တော့ အတိုင်းမသိပျော်တာပေါ့ဗျာ၊ မတိုးခဲ့ဘူးဆိုရင်လည်း ရာသီကုန်အထိဆက်ရှိနေဦးမှာပါ၊ ကျွန်တော်ဒီကို အနိုင်ယူဖို့ လာခဲ့တာပါ၊ ကျွန်တော့်ကို အသင်းမှာ ဆက်နေစဉ်ချင်တယ်ဆိုရင် ကျွန်တော်ဆက်နေသွားမှာပါ။ ဆုဖလားတွေ ရရှိဖို့ […]

Continue Reading

  ယူနိုက်တက် ကိုအသစ်ရောက်လာတဲ့ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်များနှင့် ယူနိုက်တက်တို့ မျှော်လင့်နိုင်မယ့်အရာများ

ယူနိုက်တက် ကိုအသစ်ရောက်လာတဲ့ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်များနှင့် ယူနိုက်တက်တို့ မျှော်လင့်နိုင်မယ့်အရာများ ————————————— မန်ချက်စတာယူနိုက်တက် အသင်းက အသစ်ခေါ်ယူလိုက်တဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီကွင်းလယ် ကြယ်ပွင့် ဖာနန်ဒက်စ် ဟာ အသက် ၁၇ နှစ်အရွယ်မှာ ဘိုအာဗစ္စတာအသင်းကနေ အီတလီကလပ်နိုဗာရာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၁၈ နှစ်သားအရွယ်မှာပဲ နိုဗာရာအသင်းကနေ အူးဒီးနီစ် အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ရပါတယ်။ အူဒီးနီးစ်မှာ ၃နှစ်ကြာကစားပြီးနောက် ဖာနန်ဒက်စ် ဟာ ဆမ်ဒိုရီးယားကို ထပ်မံပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကစားအပြီးမှာ စပို့တင်းလစ္စဘွန်းအသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အီတလီနဲ့ စေးမကိုက်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီမှာတော့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စပို့တင်းက ဖာနန်ဒက်စ် အတွက် ပေါင် ၇.၂သန်းနဲ့ ဆမ်ဒိုးရီးယားအသင်းထံကနေ ၀ယ်ယူခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်အနေအထားနဲ့ ပြောင်းရွှေ့ကြေးက အနည်းငယ်များပြားတယ်လို့ ဆိုရမယ့်အချိန်လည်းဖြစ်နေခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ စပို့တင်း အတွက်( […]

Continue Reading

ဒိုင်ယာမာတန်စ်အတွက် အသင်းက တိုက်စစ်မှူးတစ်ဦးအလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ချယ်လ်ဆီး

ဒိုင်ယာမာတန်စ်အတွက် အသင်းက တိုက်စစ်မှူးတစ်ဦးအလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ချယ်လ်ဆီး ———————– ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒိုင်ယာမာတန်းစ် ကိုခေါ်ယူဖို့ အသင်းရဲ့ တိုက်စစ်မှူး အိုလီဗာဂီရော့ဒ်ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ Daily Express ကဖော်ပြသွားခဲ့ပါတယ်။ ဂီရော့ဒ်ကို ခေါ်ယူချင်နေတဲ့ စပါးအသင်းအတွက်တော့ ချယ်လ်ဆီးရဲ့ အစီအစဉ်ကြောင့် စိတ်ပျက်ရဖွယ်ဖြစ်လာခဲ့ပါတယ်။ လမ်းပတ်ဟာ အေဗရာဟမ်တစ်ဦးတည်း အားပြုနေရတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပြီး အသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့ ဂီရော့ဒ်နဲ့ အခိုလိုပဲ အလဲအထပ်လုပ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အသက်၃၂နှစ်အရွယ် နာပိုလီတိုက်စစ်မှူး မာတန်စ်ဟာ နာပိုလီအတွက် လက်ရှိရာသီမှာ သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပြီး လက်ရှိရာသီအကုန်မှာ နာပိုလီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ မူလပထမက ကာဗာနီ ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ကာဗာနီ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရွေးချယ်သွားတာကြောင့် မာတန်စ် ဘက်ကို […]

Continue Reading

ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်လာတဲ့ ဘင်ချီဝဲလ်

ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်လာတဲ့ ဘင်ချီဝဲလ် ———————- ချယ်လ်ဆီးအသင်းဟာ လက်စတာစီးတီးအသင်း ရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဘင်ချီဝဲလ် လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ အဓိ ကပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ လက်ရှိဆောင်းဈေးကွက်မှာ အသင်းထံကို ထိရောက်တဲ့ကစားသမားသစ်ခေါ်ယူခြင်းမပြုလုပ်သေးတဲ့ ချယ်လ်ဆီးအသင်းကို ပရိသတ်တွေက အားမလိုအားမရတွေဖြစ်နေကြပြီး အသင်းကတော့ လာမယ့်နွေရာသီမှာသာ အသင်းရဲ့ လူစာရင်းကို တောင့်တင်းဖို့ ဘင်ချီဝဲလ် ကိုပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ချယ်လ်ဆီးအသင်းဟာ နောက်တန်းခံစစ်ပိုင်း အားနည်းချက်တွေရှိနေခဲ့တာဖြစ်သလို ရှေ့တန်းတိုက်စစ်မှာလည်း အေဗရာဟမ်တစ်ဦးကိုသာ အားပြုပြီးဆော့နေရသလိုဖြစ်နေဖြစ်ပါတယ်။လက်ရှိရာသီ အသင်းရဲ့ ခံစစ်ကြောင်းက ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) ပွဲကစားပြီးချိန်မှာ ပေးဂိုးက (၃၂) ဂိုးထိရှိလာခဲ့လို့ လမ်းပတ်က ခံစစ်ပိုင်းကို အဓိက ပြင်ဆင်သွားဖို့ စီစဉ်နေခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဘင်ချီဝဲလ်ကို ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လောက်အသုံးပြုရဖွယ်ရှိနေပြီး […]

Continue Reading

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဇန်န၀ါရီ နောက်ဆုံးပစ်မှတ်ဖြစ်လာတဲ့ မက်ဆီဂိုမက်ဇ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဇန်န၀ါရီ နောက်ဆုံးပစ်မှတ်ဖြစ်လာတဲ့ မက်ဆီဂိုမက်ဇ် ———————– မန်ချက်စတာယူနိုက်တက် အသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးပစ်မှတ်အဖြစ် စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီ ဂိုမက်ဇ်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ 90 Minutes ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လူကာကူ၊ ဆန်းချက်ဇ်တို့နေရာမှာ အစားထိုးတိုက်စစ်မှူး ခေါ်ယူခြင်းမရှိခဲ့သလို အသင်းရဲ့ အားထားရဲ့ အဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုလည်း ကာလရှည် လက်လွှတ်ထားခဲ့ရတာကြောင့် အခုလိုပဲတိုက်စစ်မှူး တစ်ဦးမဖြစ်မနေခေါ်ယူဖို့ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဥရုဂွေး တိုက်စစ်မှူး ဂိုမက်ဇ်ဟာ ယခုနှစ် စပိန်လာလီဂါမှာ ဗလင်စီယာအသင်းအတွက်ဂိုးအများဆုံး သွင်းပေးထားနိုင်သူ ဖြစ်သလို တိုက်စစ်ပိုင်းမှာ နည်းပြ ဆိုးလ်ရှားက အခက်ကြုံနေရတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဂိုမက်ဇ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ဂိုမက်ဇ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဆဲလ်တာဗီဂို အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဗလင်စီယာအတွက်အကောင်းဆုံးခြေစွမ်းပြ ကစားနေခဲ့သူ […]

Continue Reading

  ဖာနန်ဒက်စ်ကို အသင်းနဲ့ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ သွင်းဂိုးတွေကို ဆာလောင်နေတဲ့ တိုက်စစ်မှူးမျိုးလိုအပ်ကြောင်း ဆိုးလ်ရှား ဖွင့်ဟ

ဖာနန်ဒက်စ်ကို အသင်းနဲ့ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ သွင်းဂိုးတွေကို ဆာလောင်နေတဲ့ တိုက်စစ်မှူးမျိုးလိုအပ်ကြောင်း ဆိုးလ်ရှား ဖွင့်ဟ ————————— မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ သူ့အသင်းမှာ သွင်းဂိုးတွေကို ဆာလောင်နေတဲ့ တိုက်စစ်မှူးမျိုးလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘိုဖလား ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက်အသင်းကို အီတီဟတ် မှာ အနိုင်ရရှိခဲ့ပေမယ့် ပထမ အကျော့ အရှုံးကို မခြေဖျက်နိုင်ခဲ့တာကြောင့် ဖိုင်နယ်ကိုတက်လှမ်းနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆိုပါပွဲမှာ အခွင့်အရေးဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဆိုးလ်ရှားက မိမိအနေနဲ့ ဂိုးသွင်းယူဖို့ ပိုမိုဆာလောင်တဲ့ တိုက်စစ်မှူးမျိုး လိုအပ်ကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။ ဆိုးလ်ရှားက ပြောကြားခဲ့ရာမှာတော့ ” ကျွန်တော်တို့အသင်းအနေနဲ့ အခုလက်ရှိထက် ဂိုးတွေပိုသွင်းနိုင်တဲ့ တိုက်စစ်မှူးတွေ လိုအပ်နေပါတယ်။ သွင်းဂိုးတွေရရှိဖို့ ခန္ဓာကိုယ်ရဲ့ အချို့သောနေရာတွေကိုတောင်ပေးဆပ်နိုင်တဲ့ […]

Continue Reading

ဝက်စ်ဟမ်းကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ၁၉ မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ လီဗာပူးလ်

ဝက်စ်ဟမ်းကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ၁၉ မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ လီဗာပူးလ် ———————— ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ ပွဲကျန်တစ်ပွဲဖြစ်တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက အမှားအယွင်းမရှိ နိုင်ပွဲတစ်ပွဲရှာဖွေသွားနိုင်ခဲ့ပြန်ပါတယ်။ မာနေးမပါတဲ့ တိုက်စစ်မှာ အိုရီဂရီကို ကလော့က ထည့်သွင်းအသုံးပြုခဲ့တာကလွဲလို့ ဖာမီနို၊ ဆာလာ၊ အောက်စလေချိန်ဘာလိန်၊ ဟန်ဒါဆန်၊ ၀စ်နယ်ဒန် တို့ရဲ့ စုဖွဲ့မှုက အင်အားတောင့်တင်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပထမပိုင်းပွဲချိန်စတယ်ဆိုရုံပဲအဖွင့်ဂိုးရရှိခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကို ဆာလာ က အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပွဲချိန် ၅၂ မိနစ်မှာလည်း ဆာလာ ရဲ့ ဖန်တီးပေးမှုကို အောက်စလေ ချိန်ဘာလိန်က ဒုတိယ ဦးဆောင်ဂိုးသွင်းယူခဲ့လို့ လီ ဗာပူးလ်အသင်း ပွဲပြီးဆုံးချိန်မှာ ၀ […]

Continue Reading

ဘရူနို ဖာနန်ဒက်စ် နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ စာချူပ်ပါ အချက်အလက်များ

ဘရူနို ဖာနန်ဒက်စ် နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ စာချူပ်ပါ အချက်အလက်များ ————————– မန်ချက်စတာယူနိုက်တက် အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း နဲ့ခေါ်ယူဖို့ ကလပ်နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်အတွက် အဆိုပါပြောင်းရွှေ့ကြေးအပြင် အပိုဆုကြေး(Add On) ကြေး ယူရို ၂၅ သန်းလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ဖာနန်ဒက်စ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ တစ်ပတ် လုပ်ခ လစာငွေအဖြစ် ပေါင် ၇၀၀၀၀ ရရှိမှာဖြစ်ပြီး ကစားသမားရဲ့ အောင်မြင်မှုအပိုဆုကြေးတွေလည်းပါဝင်နေပါတယ်။ ဖာနန်ဒက်စ် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာရရှိမယ့် Add On ကြေး တွေကတော့ – ပွဲအရေအတွက်ပေါ်မူတည်မှု – ယူရို(၅)သန်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှု – ယူရို(၅)သန်း၊ […]

Continue Reading