ဖီအိုရင်တီနားအသင်း တောင်ပံကစားသမားတစ်ဦးရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်စေလွှတ်ခဲ့တဲ့ ဆိုးလ်ရှား

ဖီအိုရင်တီနားအသင်း တောင်ပံကစားသမားတစ်ဦးရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်စေလွှတ်ခဲ့တဲ့ ဆိုးလ်ရှား ———————– Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ဖီအိုရင်တီနားအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးရဲ့ ခြေစွမ်းကိုစောင့်ကြည့်ဖို့အတွက် အသင်းရဲ့ ကင်းထောက်ကို အီတလီ ကို စေလွှတ်ခဲ့တယ်လို့သိရပါတယ်။ ဆိုးလ်ရှားက ဖီအိုရင်တီးနားအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် အီတလီတိုက်စစ်မှူးကို အသင်းရဲ့ ညာခြမ်းတိုက်စစ်မှာအသုံးပြုဖို့အတွက် ချီယေဆာကို ခေါ်ယူသွားဖို့စိတ်ဝင်စားနေတာဖြစ်ပြီး ဒီကစားသမားက လက်ရှိရာသီ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေ သွင်းဂိုး ၇ ဂိုးသွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ်လည်းပြုလုပ်ထားခဲ့ပါတယ်။ ပြီးးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဖီအိုရင်တီးနားပွဲစဉ်ကို ယူနိုက်တက် ကင်းထောက် ဆီမွန်ဝဲလ်က သွားရောက်ကြည့်ရှုခဲ့ပြီး ချီယေဆာကို အနီးကပ်လေ့လာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ချီယေဆာ ဟာ ကစားသမားဟာ အင်္ဂလိပ်စာသင်ယူမှုတွေပြုလုပ်နေတယ်လို့လည်း သိရပြီး ကစားသမားရဲ့ တန်ကြေးကတော့ […]

Continue Reading

တောင်ကိုရီးယားကနေပြန်လာတဲ့ ဆွန်ဟောင်မင် ကို သီးသန့် ၂ပတ်လောက်ခွဲထားမယ့် စပါး

တောင်ကိုရီးယားကနေပြန်လာတဲ့ ဆွန်ဟောင်မင် ကို သီးသန့် ၂ပတ်လောက်ခွဲထားမယ့် စပါး ———————- ပရီးမီးယားလိဂ် ကလပ် စပါးအသင်း ဟာ အသင်းက တိုက်စစ်မှူး ဆွန်ဟောင်မင် အခုအပတ်က တောင်ကိုရီးယားကနေ ပြန်လာခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ၂ ပတ်ခန့်သီးသန့် ခွဲနေခိုင်းမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဆွန် ဟာ လက်မောင်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ဖို့ တောင်ကိုရီးယားကို ပြန်သွားခဲ့တာဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု များပြားနေတာကြောင့် ဆွန်ဟောင်မင်အသင်းကို ပြန်ရောက်လာတဲ့ အချိန်မှာ သီးသန့် နှစ်ပတ်ခန့် ခွဲနေခိုင်းသွားမှာဖြစ်ပါတယ်။ ဆွန် ဟာ ဒီရာသီ စပါးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားပေးနေသူတစ်ဦးဖြစ်ပြီး အသင်းဘက်ကတော့ တောင်ကိုရီးယားကို ပြန်ခဲ့တဲ့ ဆွန်ဟောင်မင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ စပါးအသင်းကလည်း ဆွန်တစ်ယောက် ကြံ့ခိုင်မှုအနေအထားကို […]

Continue Reading

ယူနိုက်တက်နဲ့ ခြေစွမ်းစမ်းသပ်ခံဖို့ ငြင်းဆန်ခဲ့တဲ့ ကနေဒါ ကြယ်ပွင့်

ယူနိုက်တက်နဲ့ ခြေစွမ်းစမ်းသပ်ခံဖို့ ငြင်းဆန်ခဲ့တဲ့ ကနေဒါ ကြယ်ပွင့် —————— Daily Mail ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစား သမား အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၁၉နှစ်အရွယ် ဒီကစားသမားလေးဟာမန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပိုင်းစမ်းသပ်ခံဖို့အတွက် ကမ်းလှမ်းမှုကို အသက် ၁၇ နှစ်အရွယ်မှာ ရရှိခဲ့ ၎င်းက ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကနေဒါ လက်ရွေးစင်အသင်းကို ကိုယ်စားပြုရွေးချယ်ခဲ့တဲ့ အယ်လ်ဖွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီကမှ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ခြေစွမ်းပြနေသူတစ်ဦးဖြစ်သလို မနေ့ညက ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဘိုင်ယန် အတွက် ပါဝင်ကစားခဲ့သူဖြစ်ပြီး ၎င်းရဲ့ ခြေစွမ်းကို ဘောလုံးသုံးသပ်သူအားလုံးက ချီးကျူးခဲ့ကြပြီး ဒီထဲမှာ ယူနိုက်တက်အသင်းကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်လည်းပါဝင်ခဲ့တယ်လို့သိ၇ပါတယ်။ယ်လ်ဖွန်ဆိုဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် […]

Continue Reading

ယူနိုက်တက်ရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ဖွယ်မရှိတော့တဲ့ ကွင်းလယ်ကစားသမားနှစ်ဦး

ယူနိုက်တက်ရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ဖွယ်မရှိတော့တဲ့ ကွင်းလယ်ကစားသမားနှစ်ဦး ————————– မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ အသင်းရဲ့ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ပါရဲရား နဲ့ ဂျက်ဆီ လင်ဂတ်တို့ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ဦး လက်ရှိရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူတွေဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားက ၎င်းတို့ နှစ်ဦးကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဂျက်ဆီလင်ဂတ် ကတော့ ကွင်းပြင်ပ စီးပွားရေးလုပ်ငန်းတွေကိုသာ အာရုံစိုက်ပြီး ကွင်းအတွင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပါရဲရားကတော့ ဆိုးလ်ရှားရဲ့ ကစားကွက်မှာ ဖရက်နဲ့ တွဲဖက်ကစားနိုင်ဖို့ ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ၎င်းကစားသမားနှစ်ဦးကို ရောင်းချပြီး အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျက်ဂရီလစ်ခ်ျကို ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ အသင်းရဲ့ ဒုတိယဥက္ကဌ […]

Continue Reading

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းကို ပြိုင်ဘက်တွေလိုက်မမှီနိုင်တော့ဘူးလို့ ပေါ့ဂ်ဘာဖွင့်ဟ

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းကို ပြိုင်ဘက်တွေလိုက်မမှီနိုင်တော့ဘူးလို့ ပေါ့ဂ်ဘာဖွင့်ဟ ————————– မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းကို အခြားဘယ်အသင်းမှ လိုက်မှီနိုင်မဟုတ်တော့ဘူးလို့ ၀န်ခံစကားပြောကြားခဲ့ပြီး ခါးသီးပြိုင်ဘက်ကို အမှတ်ပေးဖလား မကိုင်မြှောက်စေချင်ကြောင်းလည်း ၎င်းကပြောဆိုသွားခဲ့ပါတယ်။ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အပြီးမှာ ဦးဆောင်သူလီဗာပူးလ်အသင်းက ဒုတိယနေရာက မန်စီးတီးကို ၂၂ မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်ကာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေခဲ့ပြီ ဖြစ်သလို နောက်ထပ် လေးပွဲအနိုင်ရရှိမယ်ဆိုရင် နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ သူတို့ရဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာကပြောကြားခဲ့ရာမှာတော့ ” ဒီရာသီမှာ လီဗာပူးလ်က ပြိုင်ဘက်တွေထက် အရှေ့ကို တော်တော်ရောက်နေပါပြီ၊ အမှတ်ပေးလိဂ်မှာ တစ်ပွဲမှ မရှုံးသေးသလို ပရီးမီးယားလိဂ်ဖလားရဖို့လည်း တော်တော် အသာရနေပါပြီ။ […]

Continue Reading

သူ့ရဲ့ စံပြကစားသက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဟာလန်း

သူ့ရဲ့ စံပြကစားသက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဟာလန်း ——————– ဒေါ့မွန်အသင်းကိုရောက်စမှာ အံ့အားသင့်ဖွယ် စံချိန်မှတ်တမ်းသစ်တွေရေးထိုးထားနိုင်ခဲ့တဲ့ အာလင်း ဟာလန်းကတော့ ကစားသမားဘ၀မှာ စံပြပုဂ္ဂိုလ်အဖြစ် ပေါ်တူဂီ ၀ါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို သတ်မှတ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေရရှိဖို့ ရော်နယ်ဒိုရဲ့ကစားပုံနဲ့ အားထုတ်မှုကို အတုယူခဲ့ရတယ်လို့လည်း ဟာလန်းက ၀န်ခံပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာလန်း ဟာ ဒီရာသီ ဆားလ်ဘတ်အသင်းနဲ့ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပေးထားပြီး ၃၉ ဂိုးအထိသွင်းယူထားကာ အထင်ကြီးဖွယ်ခြေစွမ်းမျိုးကို ပြသနေသူဖြစ်ပါတယ်။ ဟာလန်းကပြောကြားခဲ့ရာမှာတော့” ကျွန်တော်ရော်နယ်ဒိုနဲ့ တွေ့ဆုံရမယ်ဆိုရင် တစ်ကယ်ကို ၀မ်းသာမိမှာပါ။ ကျွန်တော်အတွက် ရော်နယ်ဒိုက အမြဲစံပြတစ်ယောက်ပါ။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေရရှိဖို့ ရော်နယ်ဒိုရဲ့ကစားပုံနဲ့ အားထုတ်မှုကို ကျွန်တော်အတုယူခဲ့ရတာပါ။ ကျွန်တော်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက်လည်း […]

Continue Reading

ယူနိုက်တက်ထံပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်နေတဲ့ မူဆာ ဒမ်ဘီလီ

ယူနိုက်တက်ထံပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်နေတဲ့ မူဆာ ဒမ်ဘီလီ ————————— Daily Express ရဲ့ ဖော်ပြချက်အရ လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီ ဟာ အိုးထရက်ဖို့ဒ် ကလပ် ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လိုင်ယွန်အသင်းက ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာကတည်းက အသင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေမှုကြောင့် ဒမ်ဘီလီ ရဲ့ အပြောင်းအရွှေ့တွေကို တားဆီးထားခဲ့ရတာဖြစ်ပြီး ဒမ်ဘီလီကို ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ လိုင်ယွန်ကတော့ ဒမ်ဘီလီအတွက်တန်ဖိုးကို ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားပြီး လက်ရှိထွက်ပေါ်ထားတဲ့ သတင်းတွေအရ လာမယ့်ရာသီမှာ ယူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရာရှိတယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်ဒဏ်ရာရရှိချိန်မှာ အီဂါလိုကို အငှားနဲ့ခေါ်ယူခဲ့ရပြီး လာမယ့်ရာသီမှာတော့ တိုက်စစ်မှူးတစ်ဦးအပြီးသတ်ခေါ်ယူသွားဖို့အစီအစဉ်ရှိနေတာဖြစ်ပြီး ဒမ်ဘီလီကလည်း ယူနိုက်တက်ထံပြောင်းရွှေ့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ဒမ္ဘီလီ […]

Continue Reading

လီဗာပူးလ်ထက် ယူနိုက်တက် (သို့) ချယ်လ်ဆီး တစ်သင်းသင်းကိုသာ တီမိုဝါနာပြောင်းရွှေ့သင့်ကြောင်း ဟာမန်းတိုက်တွန်း

လီဗာပူးလ်ထက် ယူနိုက်တက် (သို့) ချယ်လ်ဆီး တစ်သင်းသင်းကိုသာ တီမိုဝါနာပြောင်းရွှေ့သင့်ကြောင်း ဟာမန်းတိုက်တွန်း ————————————————– လီဗာပူးအသင်းကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီယက်မာဟာမန်းကတော့ လိုက်ဇစ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ဂျာမဏီတိုက်စစ်မှူး တီမိုဝါနာအနေနဲ့ လီဗာပူးလ်အသင်းထက် ယူနိုက်တက် ဒါမှမဟုတ် ချယ်လ်ဆီးအသင်းတွေကိုသာပြောင်းရွှေ့သင့်ကြောင်းတိုက်တွန်းပြောဆိုခဲ့တယ်လို့ Goal. com ကဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်ရှိ တီမို ဝါနာဟာလက်ရှိရာသီ လိုက်ဇစ်အသင်းနဲ့ ပြသနေတဲ့ ခြေစွမ်းကြောင့် ဥရောပအသင်းကြီးအများစုရဲ့ စောင့်ကြည့်ခြင်းခံနေရသူတစ်ဦးဖြစ်ပြီး ၀ါနာကတော့ လီဗာပူးလ် အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတာက သူ့အတွက်တော့ ဂုဏ်ယူစရာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။ ၀ါနာက ဥရောပအသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့သူ့အနေနဲ့ အသင့်ဖြစ်နေပေမယ့် လီဗာပူးလ်အသင်းကတော့ သူ့အတွက် အကောင်းဆုံးနေရာ ဖြစ်မယ်မထင်ပါဘူး။ လီဗာပူးလ်အသင်းနဲ့ သတင်းတွေထွက်နေပေမယ့် လီဗာပူးလ်မှာ သူ့ရဲက ကစားပုံက အံဝင်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာရှိပါတယ်။ ၀ါနာက ကွင်းလယ်ကနေ တိုက်စစ်ကို […]

Continue Reading

ယူနိုက်တက်ပရိသတ်တွေအတွက် ၀မ်းသာစရာဖြစ်လာတဲ့ တော်မီနေးရဲ့ ဒဏ်ရာအခြေအနေ

ယူနိုက်တက်ပရိသတ်တွေအတွက် ၀မ်းသာစရာဖြစ်လာတဲ့ တော်မီနေးရဲ့ ဒဏ်ရာအခြေအနေ ————————– ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တော်တော်များများကိုလွဲချော်ထားတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ တော်မီနေးကတော့ ၀က်ဖို့ဒ်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်စဉ်မှာ အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ နည်းပြဆိုးလ်ရှား ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော်မီနေး ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်ခဲ့ပြီဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက်တော့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာတစ်ခုပိုလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့” သူ ဒဏ်ရာကနေ အခုလိုမြန်မြန်ဆန်ဆန်သက်သာလာတာက အသင်းအတွက် ၀မ်းသာစရာဖြစ်သလို ရွေးချယ်မှုလည်းပိုလာပါပြီ။ သူက သန်မာတဲ့သူတစ်ဦးပါ၊ သောကြာနေ့မှာ သူ့အခြေအနေကို ထပ်ကြည့်ရပါမယ်လို့” ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ တော်မီနေး ပြန်လည်သက်သာလာပြီဖြစ်လို့ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်၊ မာတစ်၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့အတူ အင်အားတောင့်တင်းလာမှာဖြစ်ပါတယ်။ တော်မီနေးကတော့ လက်ရှိရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ [unicode] ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ […]

Continue Reading

ဘရုဂျက်နဲ့ ၁-၁ သရေကျတဲ့ ပွဲစဉ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ဗန်ပါစီ

ဘရုဂျက်နဲ့ ၁-၁ သရေကျတဲ့ ပွဲစဉ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ဗန်ပါစီ ———————– မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘရုဂျက်နဲ့ ၁-၁ သရေကျတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ကစားပေးခဲ့တဲ့ ဘရိုနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူ နိုက်တက် အတွက် ၃ပွဲမြောက်ကစားပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၈၁ မိနစ်ရောက်မှ ဒီယေဂိုဒါလော့ရဲ့နေရာမှာ လူစားလဲ ဝင်ရောက်ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုမိုတိုက်စစ်ဆင်ကစားနိုင်ခဲ့တာဖြစ်ပြီး လူစားလဲ ဝင်ရောက်ခဲ့ပေမဲ့လည်း ကစားခွင့်ရတဲ့ အချိန်လေးအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တာကြောင့် သရဲနီတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာပါ။ ဗန်ပါစီကပြောကြားခဲ့ရာမှာတော့” သူက မယုံနိုင်စရာပါပဲ။ အရည်သွေးမြင့် ကစားသမားတွေက ကွင်းထဲကိုရောက်လာတာနဲ့ တစ်ပြိုင်နက် သူတို့ […]

Continue Reading