ပေါ့ဂ်ဘာအတွက် ရမ်ဆေးနဲ့ အလိုက်ပေးမယ့် ဂျူဗင်တပ်စ် အသင်းရဲ့ အစီစဉ်ကို စိတ်ဝင်စားနေတဲ့ ဆိုးလ်ရှား

ပေါ့ဂ်ဘာအတွက် ရမ်ဆေးနဲ့ အလိုက်ပေးမယ့် ဂျူဗင်တပ်စ် အသင်းရဲ့ အစီစဉ်ကို စိတ်ဝင်စားနေတဲ့ ဆိုးလ်ရှား ———————— အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ် အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့အတွက် အသင်းက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ အာရွန် ရမ်ဆေးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ Daily Mail ကဖော်ပြပါတယ်။ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ထားတဲ့ ပေါ့ဂ်ဘာ ကို ဂျူဗင်တပ်စ် အသင်းက ပြန်လည်ခေါ်ယူချင်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းကြောင့် အပြောင်းအရွှ့မဖြစ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဖာနန်ဒက်စ် နဲ့ တွဲဖက်ပေးဖို့ ကွင်းလယ်ကစားသမားတစ်ဦးအလိုရှိနေတဲ့ ဆိုးလ်ရှားက ရမ်ဆေးကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အသက် ၂၉ နှစ်အရွယ် ရမ်ဆေး ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင်ရဖို့ […]

Continue Reading

ဖာနန်ဒက်စ် နဲ့ တွဲဖက်ပေးသင့်တဲ့ ကစားသမားကို ရွေးချယ်သွားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း

ဖာနန်ဒက်စ် နဲ့ တွဲဖက်ပေးသင့်တဲ့ ကစားသမားကို ရွေးချယ်သွားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ——————— မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုနသန်ဂရင်းနင်းက ကတော့ ယူနိုက်တက် တို့ဟာ ဂျိမ်းစ် မက်ဒီဆင် ထက် အက်စတွန်ဗီလာ ကွင်းလယ်လူကိုသာ ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက် ဟာ လာမယ့် နွေရာသီမှာ ဒီကစားသမားထဲက တစ်ဦးကို ဖာနန်ဒက်စ် နဲ့ တွဲဖက်ပေးဖို့ ခေါ်ယူသွားမယ်လို့ သတင်းတွေထွက်ပေါ်ထားတာဖြစ်ပြီး ဂရင်းနင်းကတော့ ဆိုးလ်ရှားအနေနဲ့ မက်ဒီဆင်ထက် ဂရီးလစ်ရှ်ကိုသာ ပထမဦးစားပေးအဖြစ် ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ ဂရင်းနင်းကပြောကြားခဲ့ရာမှာတော့ “ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက ဂရီးလစ်ရှ် သို့မဟုတ် မက်ဒီဆင်တို့ မန်ချက်စတာယူနိုက်တက်ကို ရောက်လာလိမ့်မယ်လို့ ပြောနေကြပါတယ်။ သူတို့နှစ်ဦးထဲက တစ်ဦးဆိုရင်တော့ ကျွန်တော် ဂရီးလစ်ရှ် ကိုရွေးရပါလိမ့်မယ်၊ မက်ဒီဆင်က ဂိုးဖန်တီးမှုကောင်းတယ်၊ […]

Continue Reading

လာမယ့်ရာသီမှာ ဒေါ့မွန်အသင်းကနေ ဟာလန်း ထွက်ခွာဖွယ်ရှိမရှိ ရွိုင်အိုလာ ဖွင့်ဟပြောကြား

လာမယ့်ရာသီမှာ ဒေါ့မွန်အသင်းကနေ ဟာလန်း ထွက်ခွာဖွယ်ရှိမရှိ ရွိုင်အိုလာ ဖွင့်ဟပြောကြား —————————- Daily Mail ရဲ့ ဖော်ပြချက်အရ နာမည်ကြီးကစားသမားတွေရဲ့ စူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာကတော့ သူကိုင်တွယ်ထားတဲ့ က စားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်း ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်သွားခဲပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ရက်ဘူးလ်ဆားလ်ဘတ် အသင်းကနေ ဒေါ့မွန်အသင်းထံရောက်ရှိလာခဲ့သူဖြစ်ပြီး ဂျာမန်မြေမှာလည်း မထင်မှတ်ထားလောက်အောင်ခြေစွမ်းပြသနေသူဖြစ်ပြီး ဟာလန်းရဲ့ ခြေစွမ်းကြောင့်ပဲ ဥရောပအသင်းကြီး ၎င်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ သို့ပေမယ့် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကတော့” ဟာလန်းက ဆက်ပြီးတိုးတက်ဖို့ လိုနေပါသေးတယ်၊ သူဒေါ့မွန်မှာ ဆက်ပြီးရှိနေဦးမှာပါ၊ နောက်ရာသီမှာတော့သူ အသင်းပြောင်းရွှေ့ဖြစ်ဦးမှာ မဟုတ်ဘူးလို့ ” ရွိုင်အိုလာက ပြောကြားခဲ့ပါတယ်။ဟာလန်းကတော့ ဘွန်ဒစ်လီဂါ ၈ ပွဲကစားပြီးချိန်မှာ ၉ဂိုး […]

Continue Reading

 ပေါ့ဂ်ဘာကို သတ်မှတ်ဈေးထက် လျော့ပြီးရောင်းချသွားတော့မယ့် မန်ချက်စတာယူနိုက်တက်

ပေါ့ဂ်ဘာကို သတ်မှတ်ဈေးထက် လျော့ပြီးရောင်းချသွားတော့မယ့် မန်ချက်စတာယူနိုက်တက် —————————- မန်ချက်စတာယူနိုက်တက် အသင်းဟာ သူတို့ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကိုလာမယ့်နွေ၇ာသီမှာ ဈေးလျော့ ရောင်းချသွားမယ်လို့ 90 minutes ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြေင်းအရွှေ့တွေမှာ ပေါ့ဂ်ဘာကို ရောင်းချဖို့ ပေါင်သန်း ၁၅၀ သတ်မှတ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပြင်သစ်သားကို ပေါင် သန်း ၁၀၀ ၀န်းကျင်နဲ့ ရောင်းချသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာကတည်းက အသင်းကနေပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ပေါ့ဂ်ဘာဟာ လက်ရှိရာသီမှာ ခြေချင်းဝတ် ဒဏ်ရာကြောင့် ပွဲစဉ်တော်တတ်ေများများကို လွဲချော်ထားသူဖြစ်ပါတယ်။ သိပ်မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားတဲ့ပေါ့ဂ်ဘာကို လက်ရှိအချိန်မှာတော့ ယူနိုက်တက် က အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အပြီးသတ်စီစဉ်မှုတွေပြုလုပ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အပြောင်းအရွှေ့ကိစ္စတွေမှာ အေးဂျင့်ရွိုင်အိုလာရဲ့ ကြားဝင်မှုတွေက ကစားသမားနဲ့အသင်းကြားကအခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့သလို အသင်းထံဖာနန်ဒက်စ် […]

Continue Reading

ဒေးဗစ်လုစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုသွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

ဒေးဗစ်လုစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုသွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ် ——————— အာဆင်နယ်အသင်းဟာ နောက်ခံလူ ဒေးဗစ်လုစ်ကို ၂၀၂၁ခုနှစ်ထိ အသင်းမှာ ဆက်ရှိစေမယ့် ၁ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ ဒေးဗစ်လုစ် ဟာ နည်းပြ အာတီတာ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေကတော့ လက်တလောမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မိမိနေအိမ်တွေမှာ သီးသန့် လေ့ကျင့်နေကြတာဖြစ်ပြီး ဒေးဗစ်လုစ်ကတော့ အာဆင်နယ် အသင်းကို ပြောင်းရွေ့ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုထာားခဲ့ပါတယ်။ ဒေးဗစ်လုစ်ကပြောကြားခဲ့ရာမှာတော့” ကျွန်တော် အာဆင်နယ်ကို မပြောင်းရွှေ့ခင်ကတည်းက ချယ်လ်ဆီး အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ပြီးခဲ့ပါပြီ၊ အဲ့လိုအချိန်မှာ အာဆင်နယ်က ကမ်းလှမ်းလာတော့ လက်ခံလိုက်ပါတယ်။ ကျွန်တော်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ သိပ်ပြီး အများကြီးစဉ်းစားမနေပါဘူး၊ ချယ်လ်ဆီးအသင်းကနေထွက်ခွာလာတဲ့ […]

Continue Reading

ကော်တင်ဟို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ ချယ်လ်ဆီး

ကော်တင်ဟို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ ချယ်လ်ဆီး ———————– ပရီးမီးယားလိဂ် ကလပ်ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားသွားရောက် ကစားနေတဲ့ ဘာစီလိုနာတောင်ပံကစား သမား ကော်တင်ဟိုကို ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ Daily Mail ကဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်က လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးလ်သားဟာ စပိန်မြေမှာ ထင်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဘာစီလိုနာ အသင်းက ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းက ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးတော့မယ့် ၀ီလီယံ ရဲ့ နေရာမှာ အစားထိုးဖို့ ကော်တင်ဟို ကိုခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။ ကော်တင်ဟိုကတော့ ဘာစီလိုနာအသင်းမှာ ခြေစွမ်းမပြနိုင်သလို အငှားသွားရောက်ကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ပုံမှန်ခြေစွမ်းမတည်ငြိမ်တာကြောင့် ဘာစီလိုနာ အသင်းနည်းပြ ဆက်တီယန်ကလည်း ကော်တင်ဟိုကို […]

Continue Reading

ဒေါ့မွန် နဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းထဲက တစ်သင်း ကိုရွေးချယ်ဖို့ ဆုံးဖြတ်ထားတဲ့ ဘီလင်ဟမ်

ဒေါ့မွန် နဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းထဲက တစ်သင်း ကိုရွေးချယ်ဖို့ ဆုံးဖြတ်ထားတဲ့ ဘီလင်ဟမ် —————————- Metro ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာမင်ဂမ် အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဘီလင်ဟမ် ကို ဒေါ့မွန်အသင်းနဲ့ အပြိုင် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ခက်ခဲဖွယ်ရှိနေတယ်လို့သိရပါတယ်။ ဘီလင်ဟမ် နဲ့ ဘာမင်ဂမ် တို့ရဲ့ စာချူပ်သက်တမ်းဟာ ၂၀၂၁ခုနှစ်ရှိနေတာဖြစ်ပြီး ဒီကစားသမားလေးက မန်ချက်စတာယူနိုက်တက် အသင်းထက် ဒေါ့မွန်အသင်းကိုသာ ရွေးချယ်သွားဖို့ နီးစပ်နေတယ်လို့ ဂျာမဏီ သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဘီလင်ဟမ်ဟာ ဘာမင်ဂမ်အသင်းကြီးအတွက် အသက် ၁၆ နှစ်အရွယ်မှာပဲ ပါဝင်ကစားပေးနေရသူဖြစ်ကာ ဒီရာသီမှာ ပွဲပေါင်း ၃၀ ကျော်ပါဝင်ကစားပေးခဲ့ပြီး ၄ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဘာမင်ဂမ် အသင်းက ဘီလင်ဟမ် အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း […]

Continue Reading

အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်ရဲ့ တန်ကြေးကို သတ်မှတ်ပေးလိုက်တဲ့ အာဆင်နယ်

အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်ရဲ့ တန်ကြေးကို သတ်မှတ်ပေးလိုက်တဲ့ အာဆင်နယ် ——————- အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အူဘာမီယန် ရဲ့ ပြောင်းရွှေ့ကြေးကို တန်းဖိုးသတ်မှတ်လိုက်တယ်လို့ Dail Express ကဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဂါဘွန်သားရဲ့ တန်ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ခဲ့တာဖြစ်ပြီး အသင်းမှာ စာချူပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်အပြေတာကြောင့် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အူဘာမီယန်ကို ရောင်းချလိုခြင်းမရှိပေမယ့်လည်း လာမယ့် နွေရာသီမှာ လက်လွှတ်သွားရဖွယ်ရှိနေပါတယ်။ ဒီတိုက်စစ်မှူးကို ဘာစီလိုနာအသင်းက စောင့်ကြည့်နေတာဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရမှာအစားထိုးဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းသာ ချန်ပီယံလိဂ် ၀င်ခွင့်ကိုလာမယ့်ရာသီမှာသာ ဆက်လက်ဆုံးရှုံးခဲ့မယ်ဆိုရင် အူဘာမီယန်းကို သေချာပေါက်လက်လွှတ်ရမယ့်အရေးနဲ့ကို ရင်ဆိုင်ရနိုင်တာဖြစ်ပြီး လက်ရှိရာသီမှာလည်း အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာက […]

Continue Reading

ယခင်စာချူပ်ပါအချက်အလက်အရ မာတစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ယခင်စာချူပ်ပါအချက်အလက်အရ မာတစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ————————— Sky sports ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နီမန်ဂျာ မာတစ်ကို တစ်နှစ်သက်တမ်းတိုး စာချူပ်ချူပ်ဆိုခဲ့တယ်လို့သိရပါတယ်။ ဆားဘီးယား ကွင်းလယ်လူဟာ ယခင်က အသင်းကနေထွက်ခွာဖို့ သတင်းကြီးခဲ့တဲ့ မာတစ်ဟာ နည်းပြဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကနေ အခုလို သက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် မာတစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမမှာဖြစ်ပေမယ့် ယခင်ကချူပ်ဆိုထားတဲ့ စာချူပ်မှာ နောက်ထပ်တစ်နှစ် စာချူပ်ချူပ်ဆိုခွင့်နှင်အညီ မာတစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။မာတစ်ဟာ ယခင်နည်းပြဟောင်း မော်ရင်ဟိုလက်ထက် ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးအသင်းမှ မန်ယူအသင်းသို့ ယူရို (၄၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၃ […]

Continue Reading

ခါးသီးပြိုင်ဘက်ကို ကူညီရာရောက်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

ခါးသီးပြိုင်ဘက်ကို ကူညီရာရောက်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် ———————- ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ လတ်တလောမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုမြင့်မားနေတာကြောင့် ခေတ္တဆိုင်းငံ့ထားတာဖြစ်ပြီး မနက်ဖြန် ကြာသမပေးတေးနေ့မှာတော့ ဆုံးဖြတ်ချက်တွေချမှတ်သွားမှာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ် အဖွဲ့ချူပ်နဲ့ ပရီးမီးယားလိဂ်အသင်းတွေက အဓိကဆွေးနွေးသွားမှာကတော့ Covid- 19 ကပ်ရောဂါကြီး လျော့ပါးသွားချိန်အထိ လက်ရှိရာသီ ရပ်တန့်မှာလား ရက်ရွှေ့ဆိုင်းပြီး ဆက်လက်ကျင်းပမှာလား ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မန်ချက်စတာယူနိုက်တက် အသင်းက အချို့သောအသင်းတွေနဲ့ ဆန့်ကျင်ဘက် ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ကျန်ပွဲစဉ်တွေကို ဆက်မကစားပဲ လက်ရှိရာသီကို ဖျက်သိမ်းသွားမယ်ဆိုတဲ့ အဆိုကို ကန့်ကွက်ဖို့ ပြင်ဆင်နေပြီး၊ ရက်ရွှေ့ဆိုင်းတာကိုသာ ထောက်ခံသွားမယ်လို့ သိရပါတယ်။ သို့သော်လည်း ယူနိုက်တက် ရဲ့ အဆိုတစ်ခုတည်းနဲ့တော့ ဒီဆုံးဖြတ်ချက်က အသက်ဝင်မှာမဟုတ်ပဲ အခြားသောအသင်းတွေရဲ့ အခြေအနေကိုလည်း ကြည့်ရဦးမှာဖြစ်ပါတယ်။ […]

Continue Reading