ငွေကြေးထက် နိုင်လိုစိတ်ပြင်းပြတဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူသွားမယ်လို့ ၀ုဒ်ဝက်ဒ် ဖွင့်ဟ
ငွေကြေးထက် နိုင်လိုစိတ်ပြင်းပြတဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူသွားမယ်လို့ ၀ုဒ်ဝက်ဒ် ဖွင့်ဟ ———————- မန်ချက်စတာယူနိုက်တက် ဒုတိယဥက္ကဌ ၀ုဒ်ဝက်ဒ်ကတော့ လာမယ့်အပြောင်းအရွှေ့မှာ ကစားသမားတစ်ဦးအတွက် ငွေကြေးများစွာအသုံးပြုရမှာထက် အသင်းအတွက် နိုင်လိုစိတ်ပြင်းပြတဲ့ ကစားသမားမျိုးတွေကို ခေါ်ယူသွားမယ့်အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ အတိအကျမသိရသေးပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်နွေရာသီခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကတော့ ရှိနေပါတယ်။ သို့ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခက်မှုကြောင့် ဏ္ဍာရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပြီးနောက်မှာတော့ ၀ုဒ်ဝက်ဒ် ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ၀ုဒ်ဝက်ဒ်ကပြောကြားခဲ့ရာမှာတော့” ကျွန်တော်တို့ အသင်းကို အင်အားဖြည့်တင်းဖို့ အမြဲစဉ်းစားဖြစ်ပါတယ်။ အကယ်၍အခုလို ကပ်ရောဂါဆိုးကြီးမဖြစ်ခဲ့ရင် ဈေးကွက်အတွင်းမှာ ပုံမှန်လျာထားတဲ့အတိုင်း စီစဉ်သွားဖြစ်မှာပါ၊ လာမယ့်အပြောင်းအရွှေ့က ကျွန်တော်တို့အရင်လိုအပြောင်းအရွှေ့ကြီးကြီးမားမားလုပ်ဖို့ မလိုပါဘူး၊ ဒီအချိန်က ငွေကို ရေလိုသုံးရမယ့် အချိန်ကောင်းလည်း မဟုတ်ပါဘူး၊ ကျွန်တော်အသင်းက အခြားအသင်းတွေလို ဘဏ္ဍာရေး […]
Continue Reading