လာမယ့်ရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့  (၆) ယောက်မြောက် ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်လာတဲ့ ကိုင်ဟာဗက်စ်

လာမယ့်ရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့  (၆) ယောက်မြောက် ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်လာတဲ့ ကိုင်ဟာဗက်စ် ———————— ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမားတစ်ဉီးဖြစ်တဲ့ ကိုင်ဟာဗက်စ် ကို ခေါ်ယူနိုင်ခဲ့ပြီလို့ Sky Sport ကဖော်ပြသွားခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခြေလှမ်းသွက်သွက်နဲ့ ကစားသမားတွေတောက်လျှောက်ဆိုသလိုခေါ်ယူနေခဲ့တာဖြစ်ပြီး ဒီတစ်ခါမှလည်း ကိုင်ဟာဗက်စ်ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၉၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဘက်ကတော့ အပြောင်းအရွှေ့ကို ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေငြာသွားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက အပြောင်းအရွှေ့က ဖြစ်မြောက်ဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ လေဗာကူဆင်အသင်းနဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို သဘောတူညီမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကိုင်ဟာဗက်စ်အတွက် လေဗာကူဆင်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း ယူရို […]

Continue Reading

အသင်းဟောင်းနဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မော်ရင်ဟို

အသင်းဟောင်းနဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မော်ရင်ဟို ———————– ပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဂျိူအာကင်း ကို ခေါ်ယူဖို့ ကစာသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက ဆွေးနွေးနေတယ်လို့ 90minutes ကဖော်ပြသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုအဖြစ် ကစားသမား ၃ ဦးအထိခေါ်ယူထားပြီးဖြစ်တဲ့ စပါးအသင်းဟာ ယမန်နှစ်ရာသီက ဟယ်ရီကိန်း ဒဏ်ရာရရှိချိန်မှာ တိုက်စစ်ပိုင်းက ရုန်းကန်ခဲ့ရတဲ့ အခြေအနေမျိူး ထပ်မဖြစ်ဖို့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ဂျိူအာကင်းကို မန်ချက်စတာယူနိုက်တက် အသင်းကလည်း ပေါင်သန်း ၂၀နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဘူးပေမယ့် ဘုန်းမောက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျိူအာကင်း ရဲ့ အသင်းက ပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့ပြီး ကစားသမားကတော့ လာမယ့် […]

Continue Reading

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဒုတိယမြောက်ခေါ်ယူမယ့် ကစားသမားဖြစ်လာနိုင်တဲ့ ပတ်ဆွန်ဒါကာ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဒုတိယမြောက်ခေါ်ယူမယ့် ကစားသမားဖြစ်လာနိုင်တဲ့ ပတ်ဆွန်ဒါကာ ———————— မန်ချက်စတာယူနိုက်တက် အသင်းဟာ အေဂျက်စ်ကွင်းလယ်လူ ဒွန်ဘန်ဒီဘိခ် ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက်မှာတော့ တိုက် စစ်ပိုင်းအင်အားဖြည့်တင်းဖို့ ရက်ဘူးလ်ဆားလ်ဘတ် အသင်းရဲ့ တိုက်စစ်မှူး ပတ်ဆွန် ဒါကာ ကို ကမ်းလှမ်းခေါ်ယူဖို့ စီစဉ်နေတယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားဟာ ရာသီအတွက် ကစားသမား သုံးလေးဦးလောက်အထိဝယ်ယူဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ဈေးကွက်အတွင်းမှာ ကစားသမားအများစုကိုစောင့်ကြည့်လျက်ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ပတ်ဆွန် ဒါကာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက Austria League ပွဲစဥ်တွေမှာ ရက်ဘူးလ်ဆားလ်ဘတ် အသင်းအတွက် ၃၁ ပွဲကစားပြီး ၂၄ ဂိုးသွင်းယူပေးထားနိုင်သူတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ သွင်း […]

Continue Reading

လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမရဖြစ်နေတဲ့ သီယာဂို အယ်ကန်တရာကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်

လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမရဖြစ်နေတဲ့ သီယာဂို အယ်ကန်တရာကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက် ————————- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို လီဗာပူးလ်နဲ့ အပြိုင်ခေါ်ယူတော့မယ်လို့ Manchester Evening News ကဖော်ပြလိုက်ပါတယ်။အန်ဖီးလ် ကလပ်ဟာ အယ်ကန်တရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာဖြစ်လို့ ယူနိုက်တက်တို့က အဆိုပါအခြေအနေပေါ်မှာ အခွင့်ကောင်းယူဖို့ စပိန်သားကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဌ ရူမင်ဂီနစ်ကလည်း ၎င်းတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းရရှိမယ်ဆိုရင် ကမ်းလှမ်းလာတဲ့ အသင်းတွေဆီရောင်းချဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပြီး ဒီလိုကမ်းလှမ်းမှုတွေကိုလည်း လာမယ့်ရက်ပိုင်းအတွက် ရရှိဖို့ မျှော်လင့်နေတယ်လို့ ပြောဆိုထားခဲ့ပါတယ်။ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ကတော့ အယ်ကန်တရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အယ်ကန်တရာဟာ ကြီးကျယ်တဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်ထိ ၎င်းဟာ […]

Continue Reading

မက်ဂွဲယားကို အင်္ဂလန် အသင်းမှာရွေးချယ်သွားခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မေးခွန်းထုတ်သွားခဲ့တဲ့ ရူနီ

မက်ဂွဲယားကို အင်္ဂလန် အသင်းမှာရွေးချယ်သွားခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မေးခွန်းထုတ်သွားခဲ့တဲ့ ရူနီ ———————— မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝိန်းရူနီကတော့ ဟယ်ရီမက်ဂွဲယားကို အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်သွားခဲ့တဲ့ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မေးခွန်းထုတ်သွားခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စအတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားဟာ အားလပ်ရက်မှာ ဂရိနိုင်ငံ မိုင်ကွန်နော့စ် ကျွန်းကို အလည်အပတ်သွားရင်း ပြဿနာဖြစ်ပွားခဲ့ပြီးနောက်မှာ ဆောက်ဂိတ်က အိုက်စလန် ၊ ဒိန်းမတ် အသင်း တွေနဲ့ကစားရမယ့် ပွဲစဉ်တွေမှာ မက်ဂွဲယားကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ မက်ဂွဲယားနဲ့ ပတ်သက်တဲ့ ဆောက်ဂိတ်ရဲ့ ဆုံဖြတ်ချက်တွေအပေါ်မှာ ရူနီက” ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တုန်းက အင်္ဂလန်အသင်းလူစာရင်းမှာ မက်ဂွဲယားနဲ့ နာမည်ကို ဆောက်ဂိတ်အနေနဲ့ရွေးချယ်စရာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လက်ရွေးစင်အသင်းက သူ့ကိုရွေးချယ်သွားတယ်။ အဲ့နောက် သိပ်မကြာခင်မှာ ထုတ်ပယ်လိုက်ပါတယ်။ ခုကျတော့ ထပ်ပြီးရွေးသွားပြန်တယ်။ […]

Continue Reading

သီယာဂို အတွက် ကမ်းလှမ်းမှုများကို လာမည့်ရက်အနည်းငယ်အတွင်း မျှော်လင့်နေတဲ့ ရူမင်နစ်ဂီ

သီယာဂို အတွက် ကမ်းလှမ်းမှုများကို လာမည့်ရက်အနည်းငယ်အတွင်း မျှော်လင့်နေတဲ့ ရူမင်နစ်ဂီ ———————- လီဗာပူးလ်အသင်းနဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ သီယာဂို အယ်ကန်တရာ နဲ့ ပတ်သက်လို့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကမ်းလှမ်းမှုတွေကို စောင့်မျှော်လျက်ရှိနေတယ်လို့ Goal ကဖော်ပြသွားခဲ့ပါတယ်။ ကြိုးကြာနီတို့ဟာ စပိန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက သီယာဂိုအတွက် ကမ်းလှမ်းမှုများကို လာမည့်ရက်အနည်းငယ်အတွင်း မျှော်လင့်ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၀ လ သာကျန်ရှိတော့တဲ့ သီယာဂို အတွက် ဘိုင်ယန်မြူးနစ်အသင်းက ယူရို သန်း ၃၀ အလိုရှိနေတာဖြစ်ပါတယ်။ သီယာဂို အယ်ကန်တရာ ကိုယ်တိုင်က လီဗာပူးလ်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ၎င်းရဲ့ […]

Continue Reading

အေဂျက်စ်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

အေဂျက်စ်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် —————————- မန်ချက်စတာယူနိုက်တက် အသင်းဟာ အေဂျက်စ်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ Sky Sport ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ် နယ်သာလန် ကွင်းလယ်လူအတွက် ပေါင်သန်း ၄၀ အပြင် Add On ကြေးအပါအဝင် ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ကစားချင်တဲ့ ဗန်ဒီဘိခ် ရဲ့ ဆန္ဒတွေကတော့ ပြည့်မြောက်ခဲ့ပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ် နဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ကွင်းလယ်အင်အား ဖြည့်တင်းဖို့ လက်ဦးမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဗန်ဒီဘိခ် ကတော့ […]

Continue Reading

နှစ်ယောက်စလုံးက ယူနိုက်တက်မှာ ကစားချင်သူတွေဖြစ်လို့ ရွေးချယ်ဖို့ လိုနေတဲ့ ဆိုးလ်ရှား

နှစ်ယောက်စလုံးက ယူနိုက်တက်မှာ ကစားချင်သူတွေဖြစ်လို့ ရွေးချယ်ဖို့ လိုနေတဲ့ ဆိုးလ်ရှား ———————– မန်ချက်စတာယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့စေဈးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှုမရှိသေးပဲ အခုအခါမှာလည်း အက်စတွန်ဗီလာ ကွင်းလယ်ကစားသမာ ဂျက် ဂရီလစ်ချ် ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိပြီး တစ်ဖက်ကလည်း ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားချင်နေတဲ့ အေဂျက်စ် ကွင်းလယ်လူ ဗန်ဒီဘိခ် ကိုစောင့်ကြည့်နေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆန်ချိူကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက်မှာ ဒီကစားသမားနှစ်ဦးကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ အက်စတွန်ဗီလာ အသင်းက သူတို့ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဝန်းကျင်သတ်မှတ်ထားသလို အေဂျက်စ်အသင်းကလည်း ဗန်ဒီဘိခ်အတွက် ပေါင် ၄၅ သန်း ဝန်းကျင်အလိုရှိနေတယ်လို့ သိရပါတယ်။ ကစားသမားနှစ်ဦးစလုံးကတော့ အိုးထရက်ဖို့ဒ် ကလပ်ထံကို လာရောက်ကစားချင်နေကြသူတွေဖြစ်လို့ […]

Continue Reading

ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူးကို သတ်မှတ်ဈေးနှုန်းအတိုင်းပေးပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ လီဗာပူးလ်

ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူးကို သတ်မှတ်ဈေးနှုန်းအတိုင်းပေးပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ လီဗာပူးလ် ————————- ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး အစ္စမေးလ် ဆားလ် ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ အဆင့်သင့်ဖြစ်နေကြောင်း Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းအတွက် ပြီးခဲ့တဲ့ ရာသီမှာ ဆားလ် ဟာခြေစွမ်းပြနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး တိုက်စစ်နေရာစုံကစားနိုင်စွမ်းရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆားလ်ကို နည်းပြကလော့ပ်ကြီး ကလော့ပ်က အသင်းရဲ့ သုံးယောက်တွဲတြိဂံတိုက်စစ်မှာ အရံအသုံးပြုဖို့ ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ဆားလ် ဟာ ပြီးခဲ့နှစ်ဘောလုံးရာသီက အသင်းအတွက် သွင်းဂိုး ၆ ဂိုးသွင်းယူထားသူတစ်ဦးဖြစ်ပြီး ဝက်ဖို့ဒ်အသင်းကတော့ သူတို့ ကစား သမားအတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားတယ်လို့ […]

Continue Reading

ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက်

ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက် ——————————- ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ရီဂူလွန် ကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ Marca ကဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ရီဂူလွန် ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်မရရှိခဲ့ပဲ ဆီဗီလာအသင်းထံကို အငှားချခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဆီဗီလာ အသင်းမှာတော့ ရီဂူလွန် ဟာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားပါဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘယ်နောက်ခံ ကစားသမားနေရာအတွက် စပိန်သားကို စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ဘာနေဗျူးမှာ မာဆယ်လို နဲ့ မန်ဒီတို့ ရှိနေတဲ့အတွက် ရီဂူလွန်ကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ကူးရှိမနေပဲ ဆီဗီလာ အ သင်းက အပြီးသတ်ဝယ်ယူသွားမလားဆိုတာကိုတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ကစား သ မားအတွက် ပြောင်းရွှေ့ကြေး […]

Continue Reading