နှလုံးသွေးကြောကျဉ်းရောဂါ လက်တွေ့ပျောက်တဲ့ ဆေးနည်းကောင်း ——————– ကိုယ်တိုင်ဖြစ်မှဘယ်လောက်ခံရခက်တဲ့ရောဂါလဲဆိုတာသိရတယ်။ကိုယ့်လိုရောဂါတူ မိတ်ဆွေတွေကိုလည်းကိုယ်ခြင်းစာမိတယ်။ဒါ့ကြောင့်ကုသိုလ်ယူတဲ့အနေနဲ့ဆေးနည်းလေးမျှဝေပါတယ်ရှင်။ဆေးနည်းမညွန်းမှီ ရောဂါအခြေနေခန့်မှန်းလို့ရအောင်အရင်ပြောပြမယ်နော်။လွန်ခဲ့တဲ့ ရက် ၂၀ က အသက်ရှုမဝဘူး။၃ရက်မြောက်နေ့ပိုဆိုးလာတယ်။ဒါနဲ့အခြေနေမကောင်းလို့ ဆေးရုံသွားရတော့တယ်။အာရှတော်ဝင်ဆေးရုံနဲ့ဖွားအိမ်နဲ့ကလမ်းလျောက်သွားရင် ၅မိနစ်ဘဲ။အမြန်လိုလို့ကားနဲ့သွားတာ ၁၅ မိနစ်ကြာတယ်။ကားပိတ်တာလေ။ကားပေါ်မှာတင် အသက်ရှုကျပ်ပြီး ပြာနမ်းသွားတယ်။ Emergency ရောက်။လိုအပ်တာစစ်ပြီး နှလုံးအထူးကုဆရာဝန်ကြီးပါမောက္ခဦး—- နဲ့ကုသမှု့ခံယူတယ်။အဖွားက နှလုံးသွေးကြော၂ချောင်းကျဉ်းနေတာ။နှလုံးခုန်နှုန်းကလဲ ၅၀အောက်သာထိုးကျချင်နေတယ်။ကုသမှု့ ၅ရက်ထိအခြေနေကတိုးတက်မလာဘဲပါးစပ်ဟပြီးလေရှုနေရတယ်။ဆရာဝန်ကြီးကစိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးတဲ့ လူကအမောဖောက်နေပြီပါးစပ်ဟပြီးရှုတဲ့ရက်ကများလာတော့ ရင်ဘက်တွေပါနာ စကားပြောလဲမော အသက်ရှုလဲမောဘာမှကိုမလုပ်နိုင်တော့တာ။ သေမှာလဲကြောက်တယ်။ဒါနဲ့ အင်တာနက်ထဲဆေးနည်းတွေရှာကြည့်တယ်။နှလုံးသွေးကြောကျဉ်းရောဂါလို့ရိုက်ထည့်ပြီးရှာလိုက်တာဆေးနည်းတွေအများကြီးဘဲတွေ့တယ်။ဆေးနည်းအများကြီးထဲကမှ တစ်ခုကိုရွေးလိုက်တယ်။နှလုံးသွေးကြောကျဉ်းရောဂါအတွက်ကြွက်နားရွက်မှိုခြောက် လက်တစ်ဆုတ်တရုတ်ဆီးသီးခြောက် ၅လုံး ဂျင်းလက်တဆစ်ဆားအနည်းငယ်ရေဖန်ခွက်နဲ့ ၃ခွက် ၁ ခွက်တင်ကျိုမနက်တစ်ခါသောက်ညနေတစ်ခါထပ်ပြုတ်ပြီးညတခါသောက်ပြုတ်ရည် ၂ခါယူပါတယ်။အဖတ်ကိုတော့စားနိုင်ရင်စား အဖွားတော့မစားနိုင်လို့အရည်ဘဲသောက်တယ်။၁၅ ရက်သောက်ပေးရပါမယ်။နှလုံးသွေးကြောကျဉ်းရောဂါအတွက်ယူပြစ်သလိုသက်သာပျောက်ကင်းစေတာ ကိုယ်တွေ့ပါနော်။ခုမမောတော့ဘူး။အသက်ရှုလဲဝဝလင်လင်ဘဲ။နှလုံးခုန်နှုန်းတောင် ၇၀ကျော်ထိတက်လာတယ်။ပုံမှန်နီးပါးနေလို့ကောင်းပါပြီ။ငွေမကုန် လူမပန်းဘဲ လက်တွေ့သက်သာပျောက်ကင်းတဲ့ဆေးနည်းလေးမို့မျှဝေလိုက်ပါတယ်။ရောဂါတူမိတ်ဆွေများ သက် သာပျောက်ကင်းကြပါစေ။ဒီဆေးရဲ့ ဆိုကျိုးတခုတော့ ကျမ ကြားဖူးပါတယ် ။ကြာရှည်သောက်မယ်ဆို ….ကျောက်ကပ်ကိုပျက်စီးစေတတ်ပါတယ်တဲ့ …သတိထားသောက်စေခြင်ပါတယ် ။ Credit ယမင်း […]
Continue Reading