အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့စာချူပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ လီဗာပူးလ်အသင်းအတည်ပြု

အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့စာချူပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ လီဗာပူးလ်အသင်းအတည်ပြု ———————— ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်သင်းဟာ ခံစစ်ပိုင်းဒဏ်ရာပြဿနာတွေများပြားနေမှုကြောင့် ရှော်လ်ကေးအသင်းရဲ့ အသက် ၂၀ အရွယ်နောက်ခံ အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ၆လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခူလူမာတစ် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရမယ့်အခြေအနေတွေကြောင့် ခါဘတ်ကို မြန်မြန်ဆန်ဆန်အခုလိုပဲ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ခါဘတ်ကို အငှားခေါ်ယူတဲ့ စာချူပ်မှာ ကစားသမားရဲ့ ပွဲထွက်ခွင့်အပေါ်မူတည်ပြီး အပိုဆုကြေး ပေါင် ၁.၅သန်းအထိပါဝင်ခဲ့သလို ရာသီ ကုန်ဆုံးချိန်မှာလည်း အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်တဲ့ အချက်လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ကြိုးကြာနီတွေဟာ ခါဘတ် ကိုပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး […]

Continue Reading