ရန္ပံုေငြရွာတဲ့ ပြဲမွာ သြင္းယူခဲ့တဲ့ ဆိုးလ္ရွားရဲ႕ သြင္းဂိုး နဲ႔ပတ္သတ္ၿပီး ရက္ရွ္ဖို႔ဒ္ သံုးသပ္ေျပာၾကား

Premier League

ရန္ပံုေငြရွာတဲ့ ပြဲမွာ သြင္းယူခဲ့တဲ့ ဆိုးလ္ရွားရဲ႕ သြင္းဂိုး နဲ႔ပတ္သတ္ၿပီး ရက္ရွ္ဖို႔ဒ္ သံုးသပ္ေျပာၾကား
————————————

မေန႔ညက ကစားခဲ့တဲ့ ဂႏၱဝင္ေတြရဲ႕ ရန္ပံုေငြရွာတဲ့ ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္းနားဆုိးလ္ရွားဟာ ပထမပိုင္း စတင္ ၿပီး ၅ မိနစ္မွာပဲ ဘလြန္းကြစ္ရဲ႕ ေပးပိုု႔မႈကို ပင္နယ္တီဧရိယာအတြင္းမွာ ေနရာယူမွန္မွန္နဲ႔ အပိုင္ပိတ္သြင္းယူႏုိင္ခဲ့ေၾကာင့္ မန္ခ်က္စတာ ယူႏုိက္တက္အသင္းက အဖြင့္ဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ဂႏၱဝင္အသင္းအတြက္ ေနာက္ထပ္သြင္းဂိုးေတြ ကိုေတာ့  ဒိြဳက္ေယာ့ခ္၊ နစ္ကီဘတ္၊ ဆာဟာ၊ ေဒးဗစ္ဘက္ခမ္းတုိ႔က အသီးသီးသြင္းယူေပးခဲ့ၾကၿပီး ဘိုင္ယန္ျမဴးနစ္ဂႏၱဝင္အသင္းကို ၅ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရရွိသြားခဲ့ၿပီး သူတို႔ရဲ႕ တန္ဖိုးကို ျပသသြားနိုင္ခဲ့ပါတယ္။

၁၉၉၉ ဂႏၱဝင္မ်ား ျပန္လည္ဆံုစည္းတဲ့ပြဲစဥ္မွာ ပြဲသံုးသပ္သူအျဖစ္ ဂ်က္ဆီလင္ဂတ္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္တုိက္စစ္မွဴး မား ကပ္စ္ ရက္ရွ္ဖို႔ဒ္ တို႔ကေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ မားကပ္စ္ရက္ရွ္ဖို႔ဒ္က နည္းျပဆုိးလ္ရွားရဲ႕ ဂိုးသြင္းယူပံုနဲ႔ ပတ္သက္ၿပီး BT Sport ကို အခုလုိ သံုးသပ္ေျပာၾကားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ ကေျပာၾကားခဲ့ရာမွာေတာ့- “အဲဒါ သူပဲဆုိတာကို ျပသလုိက္တာပါ။ သူ႔ရဲ႕  ေန ရာယူပံုက အရမ္းေကာင္းမြန္ပါတယ္”“သူက အၿမဲတမ္း အခ်ိန္မွန္၊ ေနရာမွန္မွာ ေရာက္ေနတတ္တဲ့သူပါ” “ရိုးရွင္းတဲ့သြင္းဂိုးအျဖစ္ အ ဆံုးသတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ညာေတာင္ပံဘက္ျခမ္းကေန ကစားကြက္တည္ေဆာက္ေနခ်ိန္အတြင္းမွာေတာ့ သူက စိတ္ရွည္ရွည္ နဲ႔ကို ေစာင့္ဆုိင္းေနခဲ့ပါတယ္။ သူက ေျခာက္ကိုက္စည္းထဲမွာ ရွိေနၿပီး ေဘာလံုးက သူ႔ဆီကို ေရာက္လာခဲ့တာပါ”လို႔  ရက္ရွ္ဖို႔ဒ္က သံုး သပ္ေျပာၾကားခဲ့ပါတယ္။

[unicode]

မနေ့ညက ကစားခဲ့တဲ့ ဂန္တဝင်တွေရဲ့ ရန်ပုံငွေရှာတဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပထမပိုင်း စတင် ပြီး ၅ မိနစ်မှာပဲ ဘလွန်းကွစ်ရဲ့ ပေးပို့မှုကို ပင်နယ်တီဧရိယာအတွင်းမှာ နေရာယူမှန်မှန်နဲ့ အပိုင်ပိတ်သွင်းယူနိုင်ခဲ့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက အဖွင့်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်အသင်းအတွက် နောက်ထပ်သွင်းဂိုးတွေ ကိုတော့ ဒွိုက်ယော့ခ်၊ နစ်ကီဘတ်၊ ဆာဟာ၊ ဒေးဗစ်ဘက်ခမ်းတို့က အသီးသီးသွင်းယူပေးခဲ့ကြပြီး ဘိုင်ယန်မြူးနစ်ဂန္တဝင်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး သူတို့ရဲ့ တန်ဖိုးကို ပြသသွားနိုင်ခဲ့ပါတယ်။၁၉၉၉ ဂန္တဝင်များ ပြန်လည်ဆုံစည်းတဲ့ပွဲစဉ်မှာ ပွဲသုံးသပ်သူအဖြစ် ဂျက်ဆီလင်ဂတ်နဲ့အတူ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မား ကပ်စ် ရက်ရှ်ဖို့ဒ် တို့ကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်က နည်းပြဆိုးလ်ရှားရဲ့ ဂိုးသွင်းယူပုံနဲ့ ပတ်သက်ပြီး BT Sport ကို အခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ကပြောကြားခဲ့ရာမှာတော့- “အဲဒါ သူပဲဆိုတာကို ပြသလိုက်တာပါ။ သူ့ရဲ့ နေ ရာယူပုံက အရမ်းကောင်းမွန်ပါတယ်”“သူက အမြဲတမ်း အချိန်မှန်၊ နေရာမှန်မှာ ရောက်နေတတ်တဲ့သူပါ” “ရိုးရှင်းတဲ့သွင်းဂိုးအဖြစ် အ ဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ညာတောင်ပံဘက်ခြမ်းကနေ ကစားကွက်တည်ဆောက်နေချိန်အတွင်းမှာတော့ သူက စိတ်ရှည်ရှည် နဲ့ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ သူက ခြောက်ကိုက်စည်းထဲမှာ ရှိနေပြီး ဘောလုံးက သူ့ဆီကို ရောက်လာခဲ့တာပါ”လို့ ရက်ရှ်ဖို့ဒ်က သုံး သပ်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *