သူအမြဲတမ်း ကစားပေးချင်တဲ့ အသင်းကို ဒီလစ်ဂ်ျ ထုတ်ဖော်ပြောကြား
Premier League
သူအမြဲတမ်း ကစားပေးချင်တဲ့ အသင်းကို ဒီလစ်ဂ်ျ ထုတ်ဖော်ပြောကြား
———————————
အေဂျက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့  ဒီလစ်ဂ်ျ ကို လက်ရှိဈေးကွက်အတွင်းမှာ ခေါ်ယူချင်တဲ့အသင်းအများ အပြား ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဒီလစ်ဂ်ျ ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီလစ်ဂ်ျ ကတော့ ၎င်းအမြဲတမ်း ကစားပေးဖို့ အိပ်မက် မက်ခဲ့ရတဲ့အသင်းဟာ အေဂျက်အသင်းသာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
[unicode]
အေဂျက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီလစ်ဂျ် ကို လက်ရှိဈေးကွက်အတွင်းမှာ ခေါ်ယူချင်တဲ့အသင်းအများ အပြား ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဒီလစ်ဂျ် ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီလစ်ဂျ် ကတော့ ၎င်းအမြဲတမ်း ကစားပေးဖို့ အိပ်မက် မက်ခဲ့ရတဲ့အသင်းဟာ အေဂျက်အသင်းသာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီလစ်ဂျ် ကပြောကြားခဲ့ရာမှာတော့ – ကျွန်တော်နဲ့ ပတ်သတ်တဲ့ သတင်းတွေ အများကြီးလည်း ရေးခဲ့ကြပြီးပါပြီ။ အဲဒီသတင်းတွေက တစ် နှစ်လုံး ရေးနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီသတင်းတွေကြောင့် ကျွန်တော် အရူးအဖြစ်မခံပါဘူး”“တော်တော်များများ ရေးခဲ့ ကြပေမယ့် ကျွန်တော် စိတ်ပူပင်နေတာ မရှိပါဘူး။ ဖရန်ကီဒီဂျောင်က သူ အသင်းသစ်ကို သွားရမယ်ဆိုတာ သိနေနှင့်ပြီးသားပါ။ ကျွန် တော်ကတော့ မသိသေးပါဘူး။ ဒါပါပဲ” “ကျွန်တော့်မှာ ကစားဖို့ အိပ်မက်မက်ခဲ့ရတဲ့အသင်းရှိလား၊ မရှိဘူးလားဆိုရင် မရှိပါဘူး။ အေဂျက် အသင်းမဟုတ်တဲ့အသင်းကို ကျွန်တော် တကယ်ကို အိပ်မက်မက်ခဲ့တာမရှိပါဘူး။ အေဂျက်အသင်းမှာ ကစားဖို့က ကျွန်တော့် ရဲ့အမြဲ တမ်း အိပ်မက်ဖြစ်နေမှာပါ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *