ေရဖ်င္းစြဲေနသူမ်ား အသည္းသမားမ်ားအတြက္ မဲဇလီေခါက္အစြမ္း

KNOWLEDGE

ေရဖ်င္းစြဲေနသူမ်ား အသည္းသမားမ်ားအတြက္ မဲဇလီေခါက္အစြမ္း
————————-

ဇနီးျဖစ္သူက အရက္ေလ်ာ႔ေသာက္ပါ..ေသာက္ပါဆိုသည္စကားေျပာ၍တစ္ႏွစ္မွ်ပင္မၾကာလိုက္ ကိုထြန္းေအာင္ ေရဖ်ဥ္းေရာဂါျဖင့္ အိပ္ ရာထဲလဲေတာ့သည္။ ေရဖ်ဥ္းျဖစ္ျပီးခႏၡာကိုယ္ေအာက္ပိုင္း ေပါင္ႏွင့္ေျခသလံုးမ်ားပါ ေဖါေရာင္၍ အိပ္၍မရ အသက္ရွုၾကပ္ လွသည္ ဆို သည္။ ခက္သည္ကား ေက်ာက္ကပ္ေၾကာင့္လား၊အသည္းေၾကာင့္လား တိတိပပေ၀ခဲြမရျဖစ္ျပန္သည္။ ျမိဳ႕တက္၍ဆရာ၀န္ျဖင့္စမ္းသပ္ မွဳ မ်ားျပဳ လုပ္ရာ အသည္းေျခာက္ျပီး ေရဖ်ဥ္းစဲြေၾကာင့္သိရသည္။ ေဆးရံုလည္းမတက္လို၍ ရြာသို႔ျပန္ေခၚရင္း ဘာလုပ္ေပးရမည္မသိ ျဖစ္ေနစဥ္- ကိုယ္တိုင္ျဖစ္ဖူးပါတယ္…ငါေျပာသလိုလုပ္ၾကည့္ပါဟု မိတ္ေဆြတစ္ဦးကဆို၍ ေအာက္ပါေဆးနည္းအတိုင္း ေဆာင္ရြက္ ၾကည့္ ရာ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ႔ပါသည္။

ေဆးနည္း-
မယ္ဇလီပင္မွအေခါက္ကိုခြါရသည္။ခြာလို႔ရတဲ့ မယ္ဇလီေခါက္(၃)ပိႆာကို ေရစင္ေအာင္ေဆးျပီး မီးရွဳိ႕ျပာခ်လိုက္ရသည္။ ထိုျပာမ်ားကို ေရသံုးဖလားျဖင့္ေရာကာ ေန႔စဥ္ နံက္တစ္ၾကိမ္ညေနတစ္ၾကိမ္ လက္ဖက္ရည္အၾကမ္းပန္းကန္လံုး (၁)လံုးမွ် ေရစစ္ျဖင့္စစ္ျပီးတိုက္ေပး ရျခင္းျဖစ္ပါသည္။ ထိုသို႔ျပဳလုပ္ျပီး(၂)ရက္အၾကာတြင္ ဆီးမၾကာခဏစသြားကာ တစ္လအတြင္း ေဖာင္ကားေနသည့္ဗိုက္အိုးၾကီးမွာ သိ သိ သားေလ်ာ့က်၍ အရွင္းေပ်ာက္ကင္းသြားျခင္းျဖစ္သည္ဟုဆိုပါသည္။ ကိုယ္ေတြ႔ၾကံဳဖူးသူ ေျပာျပေသာေဆးနည္းေလးျဖစ္ပါ၍ ေခတ္မီ ေဆး၀ါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူတို႔ လိုအပ္ပါလွ်င္ အသံုးျပဳနိုင္ပါရန္ တင္ျပေပးျခင္းျဖစ္ပါတယ္။ ၉၆ပါး ေရာဂါေ၀ဒနာေတြ ကင္းရွင္း ၾက ပါေစ။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

[unicode]

ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည်စကားပြော၍တစ်နှစ်မျှပင်မကြာလိုက် ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ် ရာထဲလဲတော့သည်။ ရေဖျဉ်းဖြစ်ပြီးခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ် လှသည် ဆို သည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊အသည်းကြောင့်လား တိတိပပဝေခွဲမရဖြစ်ပြန်သည်။ မြို့တက်၍ဆရာဝန်ဖြင့်စမ်းသပ် မှု များပြု လုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်သိရသည်။ ဆေးရုံလည်းမတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်- ကိုယ်တိုင်ဖြစ်ဖူးပါတယ်…ငါပြောသလိုလုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက် ကြည့် ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။


ဆေးနည်း-
မယ်ဇလီပင်မှအခေါက်ကိုခွါရသည်။ခွာလို့ရတဲ့ မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။ ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ်ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေး ရခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာခဏစသွားကာ တစ်လအတွင်း ဖောင်ကားနေသည့်ဗိုက်အိုးကြီးမှာ သိ သိ သားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်းဖြစ်သည်ဟုဆိုပါသည်။ ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေးဖြစ်ပါ၍ ခေတ်မီ ဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့ လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြပေးခြင်းဖြစ်ပါတယ်။ ၉၆ပါး ရောဂါဝေဒနာတွေ ကင်းရှင်း ကြ ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *