အင္တာမီလန္အသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ကြန္တီ

Italy Serie A

အင္တာမီလန္အသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ကြန္တီ
——————————-

အင္တာမီလန္အသင္းရဲ႕ နည္းျပသစ္အျဖစ္ ခ်ယ္လ္ဆီးနည္းျပေဟာင္းကြန္တီကို (၃)ႏွစ္စာခ်ဳပ္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ျပီလို႔ Sky Sports က ေဖာ္ျပသြားခဲ့ပါတယ္။ အင္တာမီလန္ကေတာ့ မေန႔ကကစားခဲ့တဲ့ စီးရီးေအေနာက္ဆံုးပြဲမွာ အမ္ပိုလီကို အႏိုင္ရခဲ့ျပီး လာမယ့္ႏွစ္ ခ်န္ပီ ယံလိဂ္၀င္ခြင့္ကို ရရွိခဲ့ျပီျဖစ္ပါတယ္။ အီတလီ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ကြန္တီကို နည္းျပသစ္အျဖစ္ခန္႔အပ္ဖို႔ ေႏွာင့္ေႏွးေန ရ ျခင္း ဟာ အင္တာမီလန္အသင္းရဲ႕ ဒါရိုက္တာ အစည္းအေ၀းကို မျပဳလုပ္ရေသးတာေၾကာင့္လို႔ ေဖာ္ျပၾကပါတယ္။

လက္ရွိနည္းျပ စပယ္လက္တီကိုလည္း အဲ့ဒီအစည္းအေ၀းမွာ ရာထူးက ထုတ္ပယ္ဖို႔ ဆံုးျဖတ္သြားမွာျဖစ္ျပီး ကြန္တီကို နည္းျပသစ္အျဖစ္ ခန္႔အပ္သြားမယ္လုိ႔လည္း သိရပါတယ္။ ကြန္တီကို နည္းျပသစ္ခန္႔အပ္ျပီးပါက လူကာကူ နဲ႔ ဗစ္တာေမာ့ဆက္တို႔ကို အင္တာမီလန္က ေခၚယူသြားမွာျဖစ္တယ္လို႔သိရပါတယ္။ ကြန္တီကေတာ့ ခ်ယ္လ္ဆီးအသင္းကေန ထုတ္ပယ္ခံရျပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနခဲ့သူ
ျဖစ္ျပီး တစ္ႏွစ္အၾကာမွာမွ အင္တာနည္းျပသစ္အျဖစ္နဲ႔ နည္းျပေလာကကို ျပန္လည္၀င္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။

[unicode]

အင်တာမီလန်အသင်းရဲ့ နည်းပြသစ်အဖြစ် ချယ်လ်ဆီးနည်းပြဟောင်းကွန်တီကို (၃)နှစ်စာချုပ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ အင်တာမီလန်ကတော့ မနေ့ကကစားခဲ့တဲ့ စီးရီးအေနောက်ဆုံးပွဲမှာ အမ်ပိုလီကို အနိုင်ရခဲ့ပြီး လာမယ့်နှစ် ချန်ပီ ယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။ အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ ကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ နှောင့်နှေးနေ ရ ခြင်း ဟာ အင်တာမီလန်အသင်းရဲ့ ဒါရိုက်တာ အစည်းအဝေးကို မပြုလုပ်ရသေးတာကြောင့်လို့ ဖော်ပြကြပါတယ်။လက်ရှိနည်းပြ စပယ်လက်တီကိုလည်း အဲ့ဒီအစည်းအဝေးမှာ ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်သွားမှာဖြစ်ပြီး ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။ ကွန်တီကို နည်းပြသစ်ခန့်အပ်ပြီးပါက လူကာကူ နဲ့ ဗစ်တာမော့ဆက်တို့ကို အင်တာမီလန်က ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကွန်တီကတော့ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး တစ်နှစ်အကြာမှာမှ အင်တာနည်းပြသစ်အဖြစ်နဲ့ နည်းပြလောကကို ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *