“ကိုယ္ခ်င္းစာစိတ္ဆိုတာ”

KNOWLEDGE

“ကိုယ္ခ်င္းစာစိတ္ဆိုတာ”
————————
ေရခဲမုန္႔ ဘယ္ေလာက္လဲ။*500*ဒီထက္ ေစ်းေပါတာ မရွိဘူးလား။*ရွိတယ္။ 300 တန္ ရွိတယ္။ေရခဲမုန္႔ ေရာင္းေနတ့ဲ ေကာင္ေလးက စိတ္မရွည္သလို ေျပာလိုက္တယ္။ေရခဲမုန္႔ဝယ္တ့ဲ ေကာင္ေလးကို ၾကည့္လိုက္ေတာ့ ၁၃.ႏွစ္အရြယ္ေကာင္ေလး တေယာက္။ ေငြေၾကး တတ္ႏိုင္တ့ဲ အသိုင္းအဝိုင္းကမွန္းသိသာပါတယ္။ ဒါေပမယ့္ ကပ္စီးအိုး ထင္ပါရဲ႕။ ေစ်းေပါတာကို ေမးေနတယ္ဆိုေတာ့။မဆီမဆိုင္ ေဘး ကေန အကဲျဖတ္ေနမိတယ္ ။ေရခဲမုန္႔ေရာင္းတ့ဲ ေကာင္ေလးကေတာ့ ခပ္ႏြမ္းႏြမ္းရယ္ပါ။ ေနာက္..အေရာင္းအဝယ္က တည့္သြားပါ တယ္။ေကာင္ေလးက 300 တန္ ေရခဲမုန္႔ကို ယူလိုက္တယ္။

ၿပီးေတာ့ ေဘာင္းဘီအိတ္ထဲက 500 တန္ တရြက္ ထုတ္ေပးတယ္။ၿပီးေတာ့ ေကာင္ေလးက စကားတခြန္း ေျပာတယ္။ေရာ့ 500 ။ 200 ကို ျပန္မအမ္းနဲ႔ မင္းယူလိုက္ေတာ့ ငါတို႔ ကစားေနခ်ိန္မွာမင္းက ေစ်းေရာင္းေနရေတာ့ ငါ ကိုယ္ခ်င္းစာပါတယ္။ငါရတ့ဲ မုန္႔ဖိုးကို တခုခု မ ဝယ္စားရင္လည္း အေမက ငါ့ကို ဆူလိမ့္မယ္။ဒါ့ေၾကာင့္ ငါက ေစ်းေပါတာက္ို ေမးၿပီး ဝယ္စားတာပါ။မင္းလည္း 200 ဖိုးေလာက္ ေရခဲမုန္႔ စားခ်င္စားေပါ့။ဒါမွမဟုတ္ တခုခု ဝယ္စားေပါ့နဲနဲေလးရွက္သြားတယ္။ မ်ွေဝေပးတယ္ ဆိုတာကိုလည္းအခုမွ သေဘာေပါက္လိုက္မိတယ္ ။ တာ့ ကိုယ္ခ်င္းစာတယ္ဆိုတာကိုေရာေပါ..။

credit ; orginal

[unicode]

ရေခဲမုန့် ဘယ်လောက်လဲ။*500*ဒီထက် ဈေးပေါတာ မရှိဘူးလား။*ရှိတယ်။ 300 တန် ရှိတယ်။ရေခဲမုန့် ရောင်းနေတဲ့ ကောင်လေးက စိတ်မရှည်သလို ပြောလိုက်တယ်။ရေခဲမုန့်ဝယ်တဲ့ ကောင်လေးကို ကြည့်လိုက်တော့ ၁၃.နှစ်အရွယ်ကောင်လေး တယောက်။ ငွေကြေး တတ်နိုင်တဲ့ အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။ ဒါပေမယ့် ကပ်စီးအိုး ထင်ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။မဆီမဆိုင် ဘေး ကနေ အကဲဖြတ်နေမိတယ် ။ရေခဲမုန့်ရောင်းတဲ့ ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။ နောက်..အရောင်းအဝယ်က တည့်သွားပါ တယ်။ကောင်လေးက 300 တန် ရေခဲမုန့်ကို ယူလိုက်တယ်။ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန် တရွက် ထုတ်ပေးတယ်။ပြီးတော့ ကောင်လေးက စကားတခွန်း ပြောတယ်။ရော့ 500 ။ 200 ကို ပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။ငါရတဲ့ မုန့်ဖိုးကို တခုခု မ ဝယ်စားရင်လည်း အမေက ငါ့ကို ဆူလိမ့်မယ်။ဒါ့ကြောင့် ငါက ဈေးပေါတာကို မေးပြီး ဝယ်စားတာပါ။မင်းလည်း 200 ဖိုးလောက် ရေခဲမုန့် စားချင်စားပေါ့။ဒါမှမဟုတ် တခုခု ဝယ်စားပေါ့နဲနဲလေးရှက်သွားတယ်။ မျှဝေပေးတယ် ဆိုတာကိုလည်းအခုမှ သဘောပေါက်လိုက်မိတယ် ။ တာ့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ..။

Leave a Reply

Your email address will not be published. Required fields are marked *