ဆီးခ်ိဳက်ေစဖို႔ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္ကို မနက္တိုင္းေသာက္မယ္

KNOWLEDGE

ဆီးခ်ိဳက်ေစဖို႔ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္ကို မနက္တိုင္းေသာက္မယ္
———————————-

ခ်ိဳတဲ့အစားအစာေတြကို လူႀကိဳက္မ်ားေပမယ့္ ခါးတဲ့ အစားအစာကိုေတာ့ လူတိုင္းမႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ ေဆးတိုင္း လိုလို ခါးၾက တာကိုေတာ့လူတိုင္း သတိထားမိၾကမွာပါ။ ၾကက္ဟင္းခါးသီးဟာဆီးခ်ိဳေရာဂါထိန္းခ်ဳပ္ရာမွာ အသံုး၀င္တဲ့အာနိသင္ (၃) မ်ိဳးပါ၀င္ပါတယ္။ ဆီးခ်ိဳေရာဂါခံစားေနရသူေတြအေနနဲ႔ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္ကို မနက္တိုင္း ဘာအစားမွ မစားခင္မွာ ေသာက္ေပးသင့္ပါတယ္။ လူ တိုင္း ဒီအက်ိဳးေက်းဇူးရွိတယ္ဆိုတာကို သတိထားမိၾကတယ္။ အသိအမွတ္ျပဳၾကတယ္ဆိုေပမယ့္ ခါးလို႔ လူတိုင္း လိုက္မ ေသာက္ႏိုင္ ၾက ပါဘူး။ ဒါေပမယ့္ ဒီလိုအရသာ ခါးခါးကို ေၾကာက္ေနရင္ေတာ့ ေရာဂါခါးခါးကိုခံစားၾကရမွာပါ။ ဆီးခ်ိဳေ၀ဒနာရွင္ေတြအတြက္ ၾကက္ဟင္း ခါးသီးေဖ်ာ္ ရည္ဘယ္လိုလုပ္ရမလဲဆိုတာ မွ်ေ၀ေပးပါမယ္။ အရင္ဆံုး ေရေသခ်ာေဆးၿပီး အေပၚပိုင္း အေရခြံကို လွီးလိုက္ပါ။ ၿပီးရင္ အေန ေတာ္ အတံုးေသးေသးေလးေတြ လွီးလိုက္ၿပီး ဆား၊ နႏြင္းနဲ႔ ေသခ်ာနယ္လိုက္ပါ။ အဲဒီေနာက္ ခဏထားထားလိုက္ရင္ ၾကက္ဟင္းခါးသီး ကေန အရည္ထြက္လာတာ ေတြ႔ရမွာပါ။ အရည္ထြက္လာရင္ အားရပါးရ ႏွယ္လိုက္ပါ။ ၿပီးရင္ အရည္ညွစ္ထုတ္ၿပီး စကာ (ဇကာ) နဲ႔ စစ္ခ် လိုက္ကာ ခြက္တစ္လံုးထဲ ထည့္လိုက္ပါ။ ၿပီးရင္ သံပုရာရည္ နည္းနည္းညွစ္ထည့္လိုက္ပါ။ တိုင္းရင္းေဆး ပညာေတြအရ ၾကက္ဟင္းခါး သီးကို  ေဆးဖက္၀င္အစားအစာအျဖစ္ အသံုးျပဳၾကၿပီး ဗိုက္နာျခင္း၊ အဖ်ားတက္ျခင္း၊ နာတာရွည္ေခ်ာင္းဆိုးျခင္းနဲ႔ အေရျပားေရာဂါတို႔အ တြက္ အသံုးျပဳၾကသလို အနာက်က္ေစဖို႔ ၊ မီးဖြားရလြယ္ေစဖို႔နဲ႔ ငွက္ဖ်ားေရာဂါ၊ ၀က္သက္ ေရေက်ာက္စတဲ့ ေရာဂါအမ်ိဳးမ်ိဳးအတြက္လည္း အသံုးျပဳၾကပါတယ္။

ဘယ္လိုေသာက္မလဲ – မနက္အိပ္ယာႏိုးႏိုးခ်င္ ဘာမွမစားခင္ ေသာက္ေပးရမွာပါ။ အဲဒီလိုေသာက္ေပးရင္ ေသြးတြင္း သၾကာဓာတ္ကို ေလွ်ာ့ခ်ေပးၿပီး ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းမြန္ေစတယ္လို႔ဆိုပါတယ္။

သုေတသန – ၂၀၁၁ ခုႏွစ္က ထုတ္ေ၀ခဲ့တဲ့ ေဆးပညာစာေစာင္တစ္ခုမွာ ၾကက္ဟင္းခါးသီးနဲ႔ပတ္သတ္ၿပီး Clinical Trial ဆိုတဲ့ လက္ ေတြ႔ စမ္းသပ္ ေလ့လာမႈတစ္ခုအေၾကာင္းေဖာ္ျပခဲ့ပါတယ္။ အဲဒီသုေတသနမွာ ၾကက္ဟင္းခါးသီး ေန႔စဥ္ ၂ ဂရမ္စားသံုးေပးတဲ့ ဆီးခ်ိဳေသြး ခ်ိဳ ေ၀ဒနာရွင္ ေတြမွာ ေသြးထဲက ဂလူးကို႔စ္ သၾကားပမာနကို သိသိသာသာ က်ေအာင္လုပ္ႏိုင္တယ္ဆိုတဲ့ ေလ့လာေတြ႔ရွိမႈကို ေဖာ္ျပ ထား ပါတယ္။ အေမရိကန္ျပည္ေထာင္စု Saint Louis တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနမွာေတာ့ ၾကက္ဟင္းခါးသီး အႏွစ္ဟာ ရင္ သားကင္ဆာ ဆဲလ္ႀကီးထြားမႈကို ဟန္႔တားေပးႏိုင္တယ္လို႔ ေတြ႔ရွိထားပါတယ္။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ Credit ေပးပါအပ္ပါတယ္။

[unicode]

ချိုတဲ့အစားအစာတွေကို လူကြိုက်များပေမယ့် ခါးတဲ့ အစားအစာကိုတော့ လူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် ဆေးတိုင်း လိုလို ခါးကြ တာကိုတော့လူတိုင်း သတိထားမိကြမှာပါ။ ကြက်ဟင်းခါးသီးဟာဆီးချိုရောဂါထိန်းချုပ်ရာမှာ အသုံးဝင်တဲ့အာနိသင် (၃) မျိုးပါဝင်ပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်း ဘာအစားမှ မစားခင်မှာ သောက်ပေးသင့်ပါတယ်။ လူ တိုင်း ဒီအကျိုးကျေးဇူးရှိတယ်ဆိုတာကို သတိထားမိကြတယ်။ အသိအမှတ်ပြုကြတယ်ဆိုပေမယ့် ခါးလို့ လူတိုင်း လိုက်မ သောက်နိုင် ကြ ပါဘူး။ ဒါပေမယ့် ဒီလိုအရသာ ခါးခါးကို ကြောက်နေရင်တော့ ရောဂါခါးခါးကိုခံစားကြရမှာပါ။ ဆီးချိုဝေဒနာရှင်တွေအတွက် ကြက်ဟင်း ခါးသီးဖျော် ရည်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးပါမယ်။ အရင်ဆုံး ရေသေချာဆေးပြီး အပေါ်ပိုင်း အရေခွံကို လှီးလိုက်ပါ။ ပြီးရင် အနေ တော် အတုံးသေးသေးလေးတွေ လှီးလိုက်ပြီး ဆား၊ နနွင်းနဲ့ သေချာနယ်လိုက်ပါ။ အဲဒီနောက် ခဏထားထားလိုက်ရင် ကြက်ဟင်းခါးသီး ကနေ အရည်ထွက်လာတာ တွေ့ရမှာပါ။ အရည်ထွက်လာရင် အားရပါးရ နှယ်လိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်ပြီး စကာ (ဇကာ) နဲ့ စစ်ချ လိုက်ကာ ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် သံပုရာရည် နည်းနည်းညှစ်ထည့်လိုက်ပါ။ တိုင်းရင်းဆေး ပညာတွေအရ ကြက်ဟင်းခါး သီးကို ဆေးဖက်ဝင်အစားအစာအဖြစ် အသုံးပြုကြပြီး ဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့ အရေပြားရောဂါတို့အ တွက် အသုံးပြုကြသလို အနာကျက်စေဖို့ ၊ မီးဖွားရလွယ်စေဖို့နဲ့ ငှက်ဖျားရောဂါ၊ ဝက်သက် ရေကျောက်စတဲ့ ရောဂါအမျိုးမျိုးအတွက်လည်း အသုံးပြုကြပါတယ်။

ဘယ်လိုသောက်မလဲ – မနက်အိပ်ယာနိုးနိုးချင် ဘာမှမစားခင် သောက်ပေးရမှာပါ။ အဲဒီလိုသောက်ပေးရင် သွေးတွင်း သကြာဓာတ်ကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတယ်လို့ဆိုပါတယ်။
သုတေသန – ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဆေးပညာစာစောင်တစ်ခုမှာ ကြက်ဟင်းခါးသီးနဲ့ပတ်သတ်ပြီး Clinical Trial ဆိုတဲ့ လက် တွေ့ စမ်းသပ် လေ့လာမှုတစ်ခုအကြောင်းဖော်ပြခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကြက်ဟင်းခါးသီး နေ့စဉ် ၂ ဂရမ်စားသုံးပေးတဲ့ ဆီးချိုသွေး ချို ဝေဒနာရှင် တွေမှာ သွေးထဲက ဂလူးကို့စ် သကြားပမာနကို သိသိသာသာ ကျအောင်လုပ်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုကို ဖော်ပြ ထား ပါတယ်။ အမေရိကန်ပြည်ထောင်စု Saint Louis တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ကြက်ဟင်းခါးသီး အနှစ်ဟာ ရင် သားကင်ဆာ ဆဲလ်ကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *