ဖီဖာရဲ႕အေျပာင္းအေရႊ႕ပိတ္ဆို႔မႈျပစ္ဒဏ္ကို တြန္းလွန္ႏုိင္ခဲ့မယ္ဆုိရင္ ခ်ယ္ဆီးအသင္း ပထမဆံုးေခၚယူသြားမယ့္ ဘာစီလိုနာၾကယ္ပြင့္

Premier League

ဖီဖာရဲ႕အေျပာင္းအေရႊ႕ပိတ္ဆို႔မႈျပစ္ဒဏ္ကို တြန္းလွန္ႏုိင္ခဲ့မယ္ဆုိရင္ ခ်ယ္ဆီးအသင္း ပထမဆံုးေခၚယူသြားမယ့္ ဘာစီလိုနာၾကယ္ပြင့္
————————————-

Metro ရဲ႕ေဖာ္ျပခ်က္အရ ခ်ယ္ဆီးအသင္းဟာ ဖီဖာရဲ႕အေျပာင္းအေရႊ႕ပိတ္ဆို႔မႈျပစ္ဒဏ္ကို တြန္းလွန္ႏုိင္ခဲ့မယ္ဆုိရင္ ယခုေႏြရာသီမွာ ဘာစီလိုနာၾကယ္ပြင့္ ေကာ္တင္ဟိုကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ အေျပာင္းအေရႊ႕အတြက္ အယူခံ၀င္ရာမွာ ပယ္ခ်ခံထား ရတဲ့ ခ်ယ္ဆီးအသင္းဟာ ေနာက္ဆံုး အဆင့္ ထိ အယူခံ၀င္သြားဖို႔ ရွိေနတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ခ်ယ္ဆီးအသင္းဟာ ဖီဖာ ရဲ႕ အေျပာင္းအေရႊ႕ေစ်းကြက္ ၂ ခုမွာ ကစားသမားအသစ္ ေခၚယူခြင့္ ပိတ္ဆို႔ျခင္းခံထားရၿပီး ၂၀၂၀ ခုႏွစ္အထိ ကစားသမားေခၚယူခြင့္ရွိ မွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ခ်ယ္ဆီးအသင္္းအေနနဲ႔ ကစားသမားေတြကို ေရာင္းခ်ႏုိင္ဆဲျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းက အီဒင္ဟာဇက္ကို လာမယ့္အပတ္ အေစာပိုင္းမွာ ေခၚယူႏုိင္ၿပီျဖစ္ေၾကာင္း အတည္ျပဳႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ဟာဇက္ရဲ႕ေနရာမွာ အစားထိုးဖို႔ ကစားသမားသစ္ ေခၚယူလိုေနတဲ့ ခ်ယ္ဆီးအသင္းအေနနဲ႔ ေကာ္တင္ဟိုဟာ ဟာဇက္ေနရာမွာ အစားထုိးဖို႔ ခ်ယ္ဆီးအသင္းက သတ္မွတ္ထားတဲ့ကစားသ မားျဖစ္ တယ္ လုိ႔ သိရပါတယ္။ေကာ္တင္ဟုိဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ လီဗာပူးအသင္းကေန ဘာစီလိုနာအသင္းကို ေပါင္ ၁၄၄ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ႏူးကမ့္က ဘာစီလိုနာပရိသတ္ေတြရဲ႕ အားေပးေထာက္ခံမႈရရွိေအာင္ စြမ္းေဆာင္ႏုိင္ျခင္းမရွိသူျဖစ္ ပါတယ္။

[unicode]

Metro ရဲ့ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ယခုနွေရာသီမှာ ဘာစီလိုနာကြယ်ပွင့် ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့အတွက် အယူခံဝင်ရာမှာ ပယ်ချခံထား ရတဲ့ ချယ်ဆီးအသင်းဟာ နောက်ဆုံး အဆင့် ထိ အယူခံဝင်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချယ်ဆီးအသင်းဟာ ဖီဖာ ရဲ့ အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ကစားသမားအသစ် ခေါ်ယူခွင့် ပိတ်ဆို့ခြင်းခံထားရပြီး ၂၀၂၀ ခုနှစ်အထိ ကစားသမားခေါ်ယူခွင့်ရှိ မှာ မဟုတ်ပါဘူး။ဒါပေမယ့် ချယ်ဆီးအသင်းအနေနဲ့ ကစားသမားတွေကို ရောင်းချနိုင်ဆဲဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အီဒင်ဟာဇက်ကို လာမယ့်အပတ် အစောပိုင်းမှာ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ဟာဇက်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ခေါ်ယူလိုနေတဲ့ ချယ်ဆီးအသင်းအနေနဲ့ ကော်တင်ဟိုဟာ ဟာဇက်နေရာမှာ အစားထိုးဖို့ ချယ်ဆီးအသင်းက သတ်မှတ်ထားတဲ့ကစားသ မားဖြစ် တယ် လို့ သိရပါတယ်။ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၄၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နူးကမ့်က ဘာစီလိုနာပရိသတ်တွေရဲ့ အားပေးထောက်ခံမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသူဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *