အင္တာမီလန္ နဲ႔ ကြန္တီ ကို လူကာကူ ရဲ႕ တန္ေၾကးသတ္မွတ္ေပးလိုက္တဲ့ မန္ခ်က္စတာယူႏိုက္တက္

Premier League

အင္တာမီလန္ နဲ႔ ကြန္တီ ကို လူကာကူ ရဲ႕ တန္ေၾကးသတ္မွတ္ေပးလိုက္တဲ့ မန္ခ်က္စတာယူႏိုက္တက္
——————————–

မန္ခ်က္စတာယူႏိုက္တက္ ရဲ႕ ဘယ္္လ္ဂ်ီယံလက္ေရြးစင္တုိက္စစ္မွဴး လူကာကူဟာ ၎အေနနဲ႔ အိုးထရက္ဖုိ႔ဒ္ကေန စြန္႔ ခြာႏုိင္တယ္လုိ႔ ေျပာၾကားထားၿပီး ဆုိးလ္ရွားရဲ႕ ကစားကြက္နဲ႔ လူကာကူဟာ အံမဝင္ျဖစ္ေနတာမို႔ ရက္ရွ္ဖို႔ဒ္ ရဲ႕ ေနာက္မွာသာ ပြဲထြက္ကစားေနရသူျဖစ္ ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၂၀၁၇ ခုႏွစ္မွာ လူကာကူကို ေျပာင္းေရႊ႕ေၾကးေပါင္ ၇၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ လည္း ေနာက္ထပ္ထပ္ေဆာင္းေပးေခ်ရတဲ့ ေပးေခ်မႈေတြေၾကာင့္ လူကာကူရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ေပါင္သန္း ၉၀ ၀န္းက်င္နီးပါးအထိ ရွိ ေနခဲ့တယ္လို႔ ဆိုပါတယ္။

လတ္တေလာမွာ အင္တာမီလန္ နည္းျပ ပူပူေႏြးေႏြး ျဖစ္လာတဲ့ ကြန္တီ ဟာ တရား၀င္ နည္းျပမျဖစ္ခင္ကတည္းက လူကာကူ ကို ေခၚယူ သြားမယ္ဆိုတဲ့သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚထားတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း လူကာကူ ကိုေရာင္းခ်ခဲ့မယ္ဆိုရင္ေတာင္ သတ္မွတ္ေစ်းႏႈန္း ျပန္ရမွသာ လူကာကူကို အသင္း ကေန ထြက္ခြာခြင့္ျပဳသြားမွာျဖစ္ပါတယ္။ လူကာကူ ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ၅၅ ပြဲ ပြဲထြက္ကစားခဲ့ရာမွာ ၂၈ ဂိုး သြင္းယူခဲ့ၿပီး ဘယ္လ္ဂ်ီယံအသင္းရဲ႕ ထိပ္တန္းဂိုး သြင္း ရွင္လည္း ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လူကာကူအတြက္ မန္ ခ်က္စတာယူႏုိက္တက္အသင္းက ေပါင္္သန္း ၈၀ နဲ႔အထက္ ေတာင္းဆုိသင့္တယ္လုိ႔ ယူဆေနၿပီး အဆိုပါ ပမာဏေလာက္ ရရွိလိမ့္မယ္ လုိ႔ ယံုၾကည္မႈရွိေနေၾကာင္း The Times ကေဖာ္ျပ သြားခဲ့ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် ရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ ၎င်းအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ စွန့် ခွာနိုင်တယ်လို့ ပြောကြားထားပြီး ဆိုးလ်ရှားရဲ့ ကစားကွက်နဲ့ လူကာကူဟာ အံမဝင်ဖြစ်နေတာမို့ ရက်ရှ်ဖို့ဒ် ရဲ့ နောက်မှာသာ ပွဲထွက်ကစားနေရသူဖြစ် ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ်မှာ လူကာကူကို ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် လည်း နောက်ထပ်ထပ်ဆောင်းပေးချေရတဲ့ ပေးချေမှုတွေကြောင့် လူကာကူရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၉၀ ဝန်းကျင်နီးပါးအထိ ရှိ နေခဲ့တယ်လို့ ဆိုပါတယ်။လတ်တလောမှာ အင်တာမီလန် နည်းပြ ပူပူနွေးနွေး ဖြစ်လာတဲ့ ကွန်တီ ဟာ တရားဝင် နည်းပြမဖြစ်ခင်ကတည်းက လူကာကူ ကို ခေါ်ယူ သွားမယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း လူကာကူ ကိုရောင်းချခဲ့မယ်ဆိုရင်တောင် သတ်မှတ်ဈေးနှုန်း ပြန်ရမှသာ လူကာကူကို အသင်း ကနေ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ လူကာကူ ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၅၅ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ ၂၈ ဂိုး သွင်းယူခဲ့ပြီး ဘယ်လ်ဂျီယံအသင်းရဲ့ ထိပ်တန်းဂိုး သွင်း ရှင်လည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာကူအတွက် မန် ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၈၀ နဲ့အထက် တောင်းဆိုသင့်တယ်လို့ ယူဆနေပြီး အဆိုပါ ပမာဏလောက် ရရှိလိမ့်မယ် လို့ ယုံကြည်မှုရှိနေကြောင်း The Times ကဖော်ပြ သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *