ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ပြဲကို အဆံုးအျဖတ္ေပးႏိုင္တဲ့ ကစားသမားႏွစ္ဦးကို ေမာ္ရင္ဟိုေျပာၾကား

Premier League

ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ပြဲကို အဆံုးအျဖတ္ေပးႏိုင္တဲ့ ကစားသမားႏွစ္ဦးကို ေမာ္ရင္ဟိုေျပာၾကား
——————————–

လီဗာပူးလ္နဲ႔ စပါးတိ႔ုဟာ မနက္ျဖန္ည မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို မက္ဒရစ္ျမိဳ႕၊ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ အိမ္ကြင္း မက္ ထ ရိုပိုလီတန္ႏိုကြင္းၾကီးထဲမွာ ယွဥ္ျပိဳင္ကစားသားၾကမွာျဖစ္ပါတယ္။ အဆိုပါပြဲစဥ္နဲ႔ပတ္သက္ျပီး ေမာ္ရင္ဟိုက အဆံုးအျဖတ္ေပးႏိုင္ မယ့္ ကစားသမားႏွစ္ဦးကို အခုလိုပဲေျပာၾကားသြားခဲ့ပါတယ္။လီဗာပူးလ္နဲ႔စပါးတို႔ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးလ္ေနာက္ခံလူ ဗန္ ဒိုက္ နဲ႔ စပါးကြင္းလယ္လူ အဲရစ္ဆန္တို႔က အဓိကကစားသမားေတြျဖစ္လာလိမ့္မယ္လုိ႔ ေမာ္ရင္ဟိုက ယံုၾကည္ေနပါတယ္။ Eleven Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ေမာ္ရင္ဟိုက ေျပာဆိုခဲ့တာျဖစ္ျပီး အဆုိပါကစားသမားႏွစ္ဦးက ပြဲရလဒ္ကို အဆံုးအ ျဖတ္ေပးႏိုင္လိမ့္မယ္လို႔လည္း သံုးသပ္ခဲ့ပါတယ္။

ေမာ္ရင္ဟို ကေျပာၾကားခဲ့ရာမွာေတာ့”ေရြးခ်ယ္ရမယ္ဆိုရင္ သူတို႔ရဲ႕ေနာက္ဆံုးေျခစြမ္းေပၚကို မူတည္ျပီး ကၽြန္ေတာ္က ဗန္ဒုိက္ကို ေရြး ခ်ယ္ခ်င္ပါတယ္၊ ေတာ့တင္ဟမ္အတြက္ေတာ့ အဲရစ္ဆန္ကိုပါ၊ ေတာ့တင္ဟမ္က ဗိုလ္လုပြဲအထိ ေရာက္လာခဲ့မႈမွာ ဟယ္ရီကိန္မပါ၀င္ပဲနဲ႔ ေရာက္လာႏိုင္ခဲ့လို႔ပါ” လို႔ ေမာ္ရင္ဟိုက ေျပာပါတယ္။ ေမာ္ရင္ဟိုက ဗိုလ္လုပြဲအတြက္ ေရပန္းစားေနတဲ ့အသင္းမရွိပဲ ႏွစ္သင္းစလံုးက ယံုၾကည္မႈျပည့္၀ေနတယ္လို႔လည္း ေျပာခဲ့ပါတယ္။ “ႏွစ္သင္းစလံုးက သာမန္အေနအထားမ်ိဳးနဲ႔ ဒီအဆင့္ထိ တက္ေရာက္လာႏိုင္ခဲ့တာမ ဟုတ္ ပါဘူး၊ ဒီအတြက္ အသင္းႏွစ္သင္းၾကားမွာ ကြာဟမႈကနည္းနည္းပဲ ရွိျပီး ေရပန္းစားမႈကလည္း နည္းနည္းေလးစီပဲ ကြာျခားပါတယ္၊ သူတို႔က ဒီအဆင့္ကို Titans ေတြလိုကစားျပီးေတာ့ေရာက္လာႏိုင္ခဲ့တာပါ၊ ျပိဳင္ဘက္ေတြကို အေကာင္းဆံုးကစားျပီးေတာ့မွ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္”ဒီအသင္းႏွစ္သင္းရဲ႕ ဗိုလ္လုပြဲက ဆန္းျပားလာမွာပါ၊ သူတို႔က ဆုဖလားကို သူတို႔ပိုင္ဆိုင္တဲ့အရာလုိ႔ ယူဆျပီးေတာ့ ကစားႏိုင္ခဲ့ၾကပါတယ္” လို႔ ေမာ္ရင္ဟိုကေျပာသြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကေတာ့ လီဗာပူးလ္နဲ႔ စပါးတို႔အတြက္ ဆုဖလားလက္မဲ့ရာသီမျဖစ္ဖို႔ ၾကိဳးစားရမယ့္ ပြဲလည္း ျဖစ္ပါတယ္။

[unicode]

လီဗာပူးလ်နဲ့ စပါးတိ့ုဟာ မနက်ဖြန်ည မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မက်ဒရစ်မြို့၊ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်း မက် ထ ရိုပိုလီတန်နိုကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက အဆုံးအဖြတ်ပေးနိုင် မယ့် ကစားသမားနှစ်ဦးကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။လီဗာပူးလ်နဲ့စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်နောက်ခံလူ ဗန် ဒိုက် နဲ့ စပါးကွင်းလယ်လူ အဲရစ်ဆန်တို့က အဓိကကစားသမားတွေဖြစ်လာလိမ့်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။ Eleven Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးက ပွဲရလဒ်ကို အဆုံးအ ဖြတ်ပေးနိုင်လိမ့်မယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။မော်ရင်ဟို ကပြောကြားခဲ့ရာမှာတော့”ရွေးချယ်ရမယ်ဆိုရင် သူတို့ရဲ့နောက်ဆုံးခြေစွမ်းပေါ်ကို မူတည်ပြီး ကျွန်တော်က ဗန်ဒိုက်ကို ရွေး ချယ်ချင်ပါတယ်၊ တော့တင်ဟမ်အတွက်တော့ အဲရစ်ဆန်ကိုပါ၊ တော့တင်ဟမ်က ဗိုလ်လုပွဲအထိ ရောက်လာခဲ့မှုမှာ ဟယ်ရီကိန်မပါဝင်ပဲနဲ့ ရောက်လာနိုင်ခဲ့လို့ပါ” လို့ မော်ရင်ဟိုက ပြောပါတယ်။ မော်ရင်ဟိုက ဗိုလ်လုပွဲအတွက် ရေပန်းစားနေတဲ့အသင်းမရှိပဲ နှစ်သင်းစလုံးက ယုံကြည်မှုပြည့်ဝနေတယ်လို့လည်း ပြောခဲ့ပါတယ်။ “နှစ်သင်းစလုံးက သာမန်အနေအထားမျိုးနဲ့ ဒီအဆင့်ထိ တက်ရောက်လာနိုင်ခဲ့တာမ ဟုတ် ပါဘူး၊ ဒီအတွက် အသင်းနှစ်သင်းကြားမှာ ကွာဟမှုကနည်းနည်းပဲ ရှိပြီး ရေပန်းစားမှုကလည်း နည်းနည်းလေးစီပဲ ကွာခြားပါတယ်၊ သူတို့က ဒီအဆင့်ကို Titans တွေလိုကစားပြီးတော့ရောက်လာနိုင်ခဲ့တာပါ၊ ပြိုင်ဘက်တွေကို အကောင်းဆုံးကစားပြီးတော့မှ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြပါတယ်”ဒီအသင်းနှစ်သင်းရဲ့ ဗိုလ်လုပွဲက ဆန်းပြားလာမှာပါ၊ သူတို့က ဆုဖလားကို သူတို့ပိုင်ဆိုင်တဲ့အရာလို့ ယူဆပြီးတော့ ကစားနိုင်ခဲ့ကြပါတယ်” လို့ မော်ရင်ဟိုကပြောသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ လီဗာပူးလ်နဲ့ စပါးတို့အတွက် ဆုဖလားလက်မဲ့ရာသီမဖြစ်ဖို့ ကြိုးစားရမယ့် ပွဲလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *