ရော်နယ်ဒို ကို စံပြပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရခြင်းအကြောင်းကို ဒါလော့ ထုတ်ဖော်ပြောကြား
Premier League
ရော်နယ်ဒို ကို စံပြပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရခြင်းအကြောင်းကို ဒါလော့ ထုတ်ဖော်ပြောကြား
———————————–
[unicode]
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရော်နယ်ဒိုကို ပေါ်တူဂီနိုင်ငံသားချင်းဖြစ်တာကြောင့် အားကျအတုယူတာမဟုတ်ကြောင်း ဒါလော့ ဖွင့်ဟခဲ့ပါတယ်။ပေါ်တိုမှာ ကြီးပြင်းခဲ့စဉ်အချိန်တုန်းက စံပြပုဂ္ဂိုလ်က ဘယ်သူလဲလို့ ဒါလော့ကို မေးမြန်းခဲ့ရာမှာ ဒါလော့က ၎င်း ရဲ့တုံ့ပြန်မှုဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့ ဟာသဖောက်ခဲ့ပြီး ဘာကြောင့် ခရစ်စတီယာနိုကို ချစ်ခင်နှစ်သက် ရလဲဆိုတာ အသေးစိတ်ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ရဲ့အဖြေက အားလုံးအတွက် နည်းနည်းအံ့အားသင့်စရာဖြစ် ပါလိမ့်မယ်”“ရော်နယ်ဒိုပါ။ သူက ကျွန်တော့်အတွက် အဓိကစံပြပုဂ္ဂိုလ်တစ်ဦးပါ။ ဘောလုံးစကစားတဲ့နေ့ကတည်းက သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ် ခဲ့တာပါ။ ပေါ်တူဂီလူမျိုးဖြစ်နေလို့ ရော်နယ်ဒို လေးစားအားကျခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ကစားတဲ့ပုံစံကြောင့်လည်းမဟုတ်ပါဘူး။ သူ့ ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ခင်ဗျား အားကစားသမားတစ်ယောက်အကြောင်း စဉ်းစားလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့အား ကစားသ မား၊ ပြီးပြည့်စုံတဲ့ဘောလုံးသမားဆိုရင်တော့ ခရစ်စတီယာနိုကို ရွေးချယ်ဖို့ လိုပါတယ်” “ကျွန်တော့်အတွက်ကတော့ သူက ဘောလုံးစ ကစားဖို့အတွက် အဓိကအားကျအတုယူခဲ့ရတဲ့သူပါ။ သူနဲ့ တူချင်တာကြောင့်တော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ကျွန်တော် လျှောက်လှမ်းချင်လို့ပါ။ ဒါပေမယ့် သူ့ကို သိတယ်ဆိုရင် သူ ဘယ်လိုအလုပ်လုပ်လဲဆိုတာ မယုံကြည်နိုင်လောက်စရာ မြင် တွေ့ရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *