ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပုံလေးများ

KNOWLEDGE

ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပုံလေးများ
————————–



[unicode]

ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါမှာ ဘယ်လိုအကျိုးအာနိသင်တွေ ရှိတယ်ဆိုတာ မသိသေးသူတွေအတွက် ပဲ ကတ္တီပါနဲ့ပတ်သက်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်လို့ ပဲကတ္တီပါ ရဲ့ ကောင်းကျိုးအာနိသင်လေး တွေကတော့- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချို သမားတွေနဲ့ ဆီးချိုဖြစ်နိုင်ခြေ အလားအလာ ရှိနေသူတွေ ပဲ ကတ္တီပါကို နေ့စဉ်စားပေးရင် အကျိုးများတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ပဲကတ္တီပါစားထားရင် ဗိုက်ပြည့် နေစေကာ အစားတွေ အလွန်အကြူးစားတာတို့၊ ခဏခဏဆာတာတို့ မဖြစ်တော့တာကြောင့် ဝိတ်ချမယ့်သူတွေအတွက် အကျိုးများစေပါတယ်။ဒါတင်မက ဝမ်းမချုပ်အောင်လည်း လုပ်ဆောင်ပေးသလို ကိုယ်ခံစွမ်း အားကိုလည်း မြင့်စေပါတယ်။ ပရိုတိန်းဓာတ်လည်း ကြွယ်ဝတဲ့ အ တွက် ကြွက်သားတွေ သန်မာစေသလို ဇီဝတွင်းဖြစ်ပျက်မှုတွေကိုလည်း စွမ်းအားမြင့်စေပါတယ်။ ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုကနေ ကာ ကွယ်ပေးသလို အကြောအားနည်းပြီး ခြေလက်တုန်တဲ့ ပါကင်ဆန် ရောဂါဖြစ်နိုင်ခြေလည်း နည်းပါးစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ပါးစေသလို ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ အမျိုးသားများ မျိုးပွားမှုပိုင်းဆိုင်ရာအတွက်လည်းထောက် ကူပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *