ခ်န္ပီယံလိဂ္မွာ အႏိုင္ရဗိုလ္စြဲေစခ်င္တဲ့အသင္းကို ရီယိုဖာဒီနန္ ထုတ္ေဖာ္ေျပာၾကား

Premier League

ခ်န္ပီယံလိဂ္မွာ အႏိုင္ရဗိုလ္စြဲေစခ်င္တဲ့အသင္းကို ရီယိုဖာဒီနန္ ထုတ္ေဖာ္ေျပာၾကား
————————-

စပါးအသင္းနဲ႔ လီဗာပူးအသင္းတို႔ကေတာ့ မနက္ျဖန္ညမွာေတာ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕အိမ္ကြင္း ၀န္ဒါမက္ထရိုပိုလီ တာႏို ကြင္းမွာ ခ်န္ပီယံလိဂ္ ဖိုင္နယ္ပြဲစဥ္ကို ယွဥ္ၿပိဳင္ ကစားၾကမွာ ျဖစ္ၿပီး အဆိုပါ ပြဲစဥ္ဟာဆယ္စုႏွစ္တစ္ခုအတြင္း မန္ယူနဲ႔ ခ်ဲလ္ဆီး အ သင္း ၿပီးေနာက္ ဒုတိယေျမာက္ အဂၤလန္အသင္း ၂ သင္း ယွဥ္ျပိဳင္ရတဲ့ ဖိုင္နယ္ပြဲစဥ္ ျဖစ္လာခဲ့ပါတယ္။ဒီခ်န္ပီယံလိဂ္ ဖိုင္နယ္ပြဲစဥ္နဲ႕ ပတ္သတ္ၿပီး ယူႏိုက္တက္ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ရီယိုဖာဒီနန္ က သူ ဗိုလ္စြဲေစခ်င္တဲ့ အသင္းကို ထုတ္ေဖာ္ေျပာျပသြားတာ ရွိပါတယ္။ အဲဒီအသင္းကေတာ့ စပါး အသင္းပါ။ဖာဒီနန္ ေျပာၾကားခဲ့တာကေတာ့ “ကြ်န္ေတာ္ကေတာ့ စပါးအသင္းကို အႏိုင္ရဗိုလ္စြဲ ေစ ခ်င္ပါတယ္။ ဒါဟာ ကြ်န္ေတာ့္ စိတ္ဆႏၵပါ။ ပရိသတ္တစ္ေယာက္ အေနနဲ႔ေတာ့ ဘယ္အသင္း ဂိုးသြင္းသြင္း ေအာင္ပြဲခံသြားမွာပါ”လို႔ ဖာဒီနန္က The Sun ကိုေျပာပါတယ္။

“လီဗာပူးအသင္းကိုလည္း ရေစခ်င္ပါတယ္။ ဒါေပမယ့္ နည္းျပ ပိုခ်က္တီႏို အေနနဲ႔ေတာ့ ဘတ္ဂ်က္ အနည္းငယ္နဲ႔ အခုလိုမ်ိဳး ဥေရာပ ထိပ္ တန္း ဖိုင္နယ္ပြဲစဥ္ တစ္ပြဲကို အေရာက္ပို႔ ႏိုင္ခဲ့တဲ့အတြက္ေတာ့ စပါးအသင္းကိုရေစခ်င္တာပါ။ တျခား ဘာအေၾကာင္းမွ မရွိပါဘူး”လို႔ သူ က ဆိုပါတယ္။“လီဗာပူးအသင္းက ၿပီးခဲ့တဲ့ႏွစ္ကလည္း ရီးရဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ေတြ႕ဆံုခဲ့ပါေသးတယ္။ အဲ့တုန္းက ရံႈး နိမ့္ၿပီး ခ်န္ပီယံလိဂ္ ဖလားကို လက္လႊတ္ခဲ့ရပါတယ္။ အခု ဒီတစ္ေခါက္မွာေတာ့ သူတို႔ အရင္ႏွစ္ကလို အျဖစ္ခံေတာ့မွာ မဟုတ္ပါဘူး။ အခုဆို နည္းျပ ကေလာ့နဲ႔ ကစားသမား အားလံုးက ဆုဖလား ရယူဖို႔အတြက္ အဆင္သင့္ ျဖစ္ေနၾကၿပီလို႔ ထင္ပါတယ္”လို႔ ဖာဒီနန္က ေျပာပါတယ္။ပရီးမီးယားလိဂ္မွာ ဒီ ၂ သင္း ေတြ႕ဆံုတုန္းကလည္း အေတာ္ေလးကုိ ၿပိဳင္ဆိုင္မႈ ျပင္းထန္တာကို ခင္ဗ်ားတို႔ ျမင္ေတြ႕ခဲ့ ရမွာပါ။ အခုလည္း ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ဒီ၂ သင္းၾကား ၿပိဳင္ဆိုင္မႈ ျပင္းထန္ ေနဦးမွာပါ” လို႔ ဖာဒီနန္က သူ႕ရဲ႕အျမင္ကို ေျပာၾကားခဲ့ပါ တယ္။

[unicode]

စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ကတော့ မနက်ဖြန်ညမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဝန်ဒါမက်ထရိုပိုလီ တာနို ကွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ဟာဆယ်စုနှစ်တစ်ခုအတွင်း မန်ယူနဲ့ ချဲလ်ဆီး အ သင်း ပြီးနောက် ဒုတိယမြောက် အင်္ဂလန်အသင်း ၂ သင်း ယှဉ်ပြိုင်ရတဲ့ ဖိုင်နယ်ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ဒီချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန် က သူ ဗိုလ်စွဲစေချင်တဲ့ အသင်းကို ထုတ်ဖော်ပြောပြသွားတာ ရှိပါတယ်။ အဲဒီအသင်းကတော့ စပါး အသင်းပါ။ဖာဒီနန် ပြောကြားခဲ့တာကတော့ “ကျွန်တော်ကတော့ စပါးအသင်းကို အနိုင်ရဗိုလ်စွဲ စေ ချင်ပါတယ်။ ဒါဟာ ကျွန်တော့် စိတ်ဆန္ဒပါ။ ပရိသတ်တစ်ယောက် အနေနဲ့တော့ ဘယ်အသင်း ဂိုးသွင်းသွင်း အောင်ပွဲခံသွားမှာပါ”လို့ ဖာဒီနန်က The Sun ကိုပြောပါတယ်။“လီဗာပူးအသင်းကိုလည်း ရစေချင်ပါတယ်။ ဒါပေမယ့် နည်းပြ ပိုချက်တီနို အနေနဲ့တော့ ဘတ်ဂျက် အနည်းငယ်နဲ့ အခုလိုမျိုး ဥရောပ ထိပ် တန်း ဖိုင်နယ်ပွဲစဉ် တစ်ပွဲကို အရောက်ပို့ နိုင်ခဲ့တဲ့အတွက်တော့ စပါးအသင်းကိုရစေချင်တာပါ။ တခြား ဘာအကြောင်းမှ မရှိပါဘူး”လို့ သူ က ဆိုပါတယ်။“လီဗာပူးအသင်းက ပြီးခဲ့တဲ့နှစ်ကလည်း ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့တုန်းက ရှုံး နိမ့်ပြီး ချန်ပီယံလိဂ် ဖလားကို လက်လွှတ်ခဲ့ရပါတယ်။ အခု ဒီတစ်ခေါက်မှာတော့ သူတို့ အရင်နှစ်ကလို အဖြစ်ခံတော့မှာ မဟုတ်ပါဘူး။ အခုဆို နည်းပြ ကလော့နဲ့ ကစားသမား အားလုံးက ဆုဖလား ရယူဖို့အတွက် အဆင်သင့် ဖြစ်နေကြပြီလို့ ထင်ပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။ပရီးမီးယားလိဂ်မှာ ဒီ ၂ သင်း တွေ့ဆုံတုန်းကလည်း အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်တာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ ရမှာပါ။ အခုလည်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဒီ၂ သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန် နေဦးမှာပါ” လို့ ဖာဒီနန်က သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *