ဆိုးလ္ရွား ေခၚယူခ်င္တဲ့ ကစားသမားကို အသင္းရဲ႕ဘုတ္အဖြဲ႕က ပယ္ခ်သြားခဲ့

Premier League

ဆိုးလ္ရွား ေခၚယူခ်င္တဲ့ ကစားသမားကို အသင္းရဲ႕ဘုတ္အဖြဲ႕က ပယ္ခ်သြားခဲ့
——————–

မန္ခ်က္စတာ ယူႏုိက္တက္အသင္းဟာ (၂၀၁၉-၂၀) ေဘာလံုးရာသီမွာ အသင္းရဲ႕ေနာက္တန္းကို အဓိကထား ျပန္လည္တည္ေဆာက္ဖို႔ ျပင္ဆင္ေနခဲ့ေပမယ့္ အသင္းဘုတ္အဖြဲ႕၀င္ေတြဟာ ဆိုးလ္ရွားရဲ႔ အဓိက ေႏြရာသီပစ္မွတ္လို႔ဆိုရမယ့္ စပါးအသင္းေနာက္ခံကစားသမား အယ္လ္ဒါ၀ီရယ္ကို ေခၚယူမယ့္ ကိစၥကို ျငင္းဆန္ခဲ့ပါတယ္။အယ္လ္ဒါ၀ီရယ္ ဟာ စပါးအသင္း အတြက္ (၂၀၁၈-၁၉) ရာသီမွာလည္း  အ ေကာင္းဆံုးစြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ အယ္ဒါ၀ီရယ္ကို ေခၚယူဖို႔အတြက္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေမာ္ရင္ဟို လက္ ထက္ မွာ ကတည္းက ပစ္မွတ္ထားလာခဲ့တာျဖစ္ၿပီး အသင္းရဲ႕ေနာက္တန္းမွာ လင္ဒီေလာ့ဖ္ ၊ ခရစၥစေမာလင္း နဲ႔ အဲရစ္ဘိုင္လီတို႔က အ မာခံကစားသမားအျဖစ္ရွိေနခဲ့ေပမယ့္လည္း လူငယ္ကစားသမားေတြ ဦးေဆာင္ႏိုင္တဲ့ ေနာက္ခံကစားသမားတစ္ဦးကို ေခၚယူလိုေန တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္း ဟာ လက္ရွိအခ်ိန္မွာ  အယ္လ္ဒါ၀ီရယ္ကို ေခၚယူမယ္ဆိုရင္ ေပါင္ (၂၅) သန္းေလာက္ေပးေခ်ရ မွာ ျဖစ္ ပါ တယ္။ အသင္းဘုတ္အဖြဲ႕အေနနဲ႔ အယ္လ္ဒါ၀ီရယ္အတြက္ ေပးရမယ့္ ေျပာင္းေရႊ႕ေၾကးက မတန္ဘူးလို႔ သတ္မွတ္ခဲ့တာေၾကာင့္ ဆိုးလ္ရွားရဲ႕အစီအစဥ္ကို အာဏာသံုးၿပီး ပယ္ခ်သြားဖို႔အတြက္ ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။အသင္းကို ကစားသမားမ်ားစြာေခၚယူၿပီး ျပင္ဆင္မယ့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္ ဗဟိုခံစစ္မွဴး (၃) ဦးေလာက္ရွိေနဆဲျဖစ္လို႔ ညာေနာက္ခံကစားသမားကိုပဲ ေခၚ ယူဖို႔အတြက္ ပိုၿပီးသင့္ေတာ္တယ္လုိ႔ ဆံုးျဖတ္ခဲ့ၿပီး ဗဟိုခံစစ္မွဴးတစ္ဦးတည္းအတြက္ ဒီေလာက္ေငြေၾကးကို အသံုးမျပဳခ်င္ဘူးလို႔ မန္ခ်က္ စတာ ယူႏုိက္တက္အသင္း ဘုတ္အဖြဲ႕ ဆံုးျဖတ္ခဲ့ဟန္ရွိပါတယ္။

[unicode]

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ (၂၀၁၉-၂၀) ဘောလုံးရာသီမှာ အသင်းရဲ့နောက်တန်းကို အဓိကထား ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေခဲ့ပေမယ့် အသင်းဘုတ်အဖွဲ့ဝင်တွေဟာ ဆိုးလ်ရှားရဲ့ အဓိက နွေရာသီပစ်မှတ်လို့ဆိုရမယ့် စပါးအသင်းနောက်ခံကစားသမား အယ်လ်ဒါဝီရယ်ကို ခေါ်ယူမယ့် ကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။အယ်လ်ဒါဝီရယ် ဟာ စပါးအသင်း အတွက် (၂၀၁၈-၁၉) ရာသီမှာလည်း အ ကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အယ်ဒါဝီရယ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မော်ရင်ဟို လက် ထက် မှာ ကတည်းက ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အသင်းရဲ့နောက်တန်းမှာ လင်ဒီလော့ဖ် ၊ ခရစ္စစမောလင်း နဲ့ အဲရစ်ဘိုင်လီတို့က အ မာခံကစားသမားအဖြစ်ရှိနေခဲ့ပေမယ့်လည်း လူငယ်ကစားသမားတွေ ဦးဆောင်နိုင်တဲ့ နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူလိုနေ တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်း ဟာ လက်ရှိအချိန်မှာ အယ်လ်ဒါဝီရယ်ကို ခေါ်ယူမယ်ဆိုရင် ပေါင် (၂၅) သန်းလောက်ပေးချေရ မှာ ဖြစ် ပါ တယ်။ အသင်းဘုတ်အဖွဲ့အနေနဲ့ အယ်လ်ဒါဝီရယ်အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက မတန်ဘူးလို့ သတ်မှတ်ခဲ့တာကြောင့် ဆိုးလ်ရှားရဲ့အစီအစဉ်ကို အာဏာသုံးပြီး ပယ်ချသွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အသင်းကို ကစားသမားများစွာခေါ်ယူပြီး ပြင်ဆင်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဗဟိုခံစစ်မှူး (၃) ဦးလောက်ရှိနေဆဲဖြစ်လို့ ညာနောက်ခံကစားသမားကိုပဲ ခေါ် ယူဖို့အတွက် ပိုပြီးသင့်တော်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဗဟိုခံစစ်မှူးတစ်ဦးတည်းအတွက် ဒီလောက်ငွေကြေးကို အသုံးမပြုချင်ဘူးလို့ မန်ချက် စတာ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ ဆုံးဖြတ်ခဲ့ဟန်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *