ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ကစားမယ့္ ဟာဇက္နဲ႔ ပတ္သတ္ၿပီး သူ႔အျမင္ကို ဖာဘရီဂတ္စ္ ထုတ္ေဖာ္ေျပာၾကား

Premier League

ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ကစားမယ့္ ဟာဇက္နဲ႔ ပတ္သတ္ၿပီး သူ႔အျမင္ကို ဖာဘရီဂတ္စ္ ထုတ္ေဖာ္ေျပာၾကား
——————————————–

မိုနာကို နဲ႔ ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္းျဖစ္တဲ့ ဖာဘရီဂတ္စ္က ရီးရဲလ္ကို ေျပာင္းေရႊ႕မယ့္ အသင္းေဖာ္ေဟာင္း အီဒင္ဟာဇက္ဟာ ရီးရဲလ္မွာ ေအာင္ျမင္မႈမ်ိဳးစံုကို ရရွိလိမ့္မယ္လုိ႔ ေျပာၾကားခဲ့ျပီး ဟာဇက္ရဲ႕ ေျပာင္းေရႊ႕မႈအေပၚမွာ ေထာက္ခံသြားခဲ့ပါတယ္။ ဖာဘရီဂတ္စ္ ဟာ ခ်ယ္လ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ (၂)လံုး ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး ဟာဇက္ အေနနဲ႔ တစ္ဦးခ်င္းေအာင္ျမင္မႈေတြေရာ၊ အသင္းလိုက္ ေအာင္ျမင္မႈေတြ ကိုပါ ရီးရဲလ္မက္ဒရစ္မွာ ရရွိလိမ့္မယ္လို႔ ဖာဘရီဂတ္စ္က ဆိုပါတယ္။ ဟာဇက္ ဟာ ယူရိုပါလိဂ္ဗုိလ္လုပြဲမွာ ခ်ယ္လ္ဆီး အတြက္ သြင္းဂိုး (၂)ဂိုးသြင္းယူေပးခဲ့ျပီး ဆုဖလားဆြတ္ခူးႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ဖာဘရီဂတ္စ္က ေျပာၾကားခဲ့ရာမွာေတာ့“ လက္ရွိအေျခအေနက ေျပာရခက္ခဲ့ျပီး ကၽြန္ေတာ့္မွာရွိတဲ့ အျမင္ကိုလည္း ထုတ္ေျပာဖို႔ မလြယ္ ကူပါဘူး၊ သူက ခ်ယ္လ္ဆီးမွာပဲ ရွိေနေသးတာပါ၊ အသင္းကို အျပစ္ရွာတယ္လို႔လည္း လူေတြကို ကၽြန္ေတာ္မထင္ေစခ်င္ပါဘူး၊ ဒါေပမယ့္ လက္ရွိအခ်ိန္က ဟာဇက္ကအတြက္ေအာင္ျမင္မႈရဖို႔ တျခားေနရာမွာ ရွာေဖြရမယ့္အခ်ိန္ပါ” “ သူက ဘလြန္းဒီေအာဆုကို ဂရုမစိုက္ဘူး ဆို တာ ကၽြန္ေတာ္အျမဲေျပာခဲ့ဖူးပါတယ္၊ ဒါေပမယ့္လည္း ကစားသမားတိုင္းက ဒီလိုတန္ဖိုးရွိတဲ့ ဆုကို ရယူခ်င္တာခ်ည္းပါပဲ၊ သူ ရီးရဲလ္ မွာဆို ဘလြန္းဒီေအာဆုကို ရယူႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ အတိအက်ယံုၾကည္ပါတယ္၊ သူ ဘာလုပ္ႏိုင္တယ္ဆိုတာကို ကၽြန္ေတာ္ သိပါ တယ္၊ သူနဲ႔ ကၽြန္ေတာ္အေကာင္းဆံုးတြဲဖက္ကစားႏိုင္ခဲ့ပါတယ္” လို႔ ဖာဘရီဂတ္စ္က ေျပာဆိုသြားခဲ့ပါတယ္။

[unicode]

မိုနာကို နဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်က ရီးရဲလ်ကို ပြောင်းရွှေ့မယ့် အသင်းဖော်ဟောင်း အီဒင်ဟာဇက်ဟာ ရီးရဲလ်မှာ အောင်မြင်မှုမျိုးစုံကို ရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဟာဇက်ရဲ့ ပြောင်းရွှေ့မှုအပေါ်မှာ ထောက်ခံသွားခဲ့ပါတယ်။ ဖာဘရီဂတ်စ် ဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် (၂)လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ဟာဇက် အနေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေရော၊ အသင်းလိုက် အောင်မြင်မှုတွေ ကိုပါ ရီးရဲလ်မက်ဒရစ်မှာ ရရှိလိမ့်မယ်လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။ ဟာဇက် ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီး အတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့ပြီး ဆုဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ဖာဘရီဂတ်စ်က ပြောကြားခဲ့ရာမှာတော့“ လက်ရှိအခြေအနေက ပြောရခက်ခဲ့ပြီး ကျွန်တော့်မှာရှိတဲ့ အမြင်ကိုလည်း ထုတ်ပြောဖို့ မလွယ် ကူပါဘူး၊ သူက ချယ်လ်ဆီးမှာပဲ ရှိနေသေးတာပါ၊ အသင်းကို အပြစ်ရှာတယ်လို့လည်း လူတွေကို ကျွန်တော်မထင်စေချင်ပါဘူး၊ ဒါပေမယ့် လက်ရှိအချိန်က ဟာဇက်ကအတွက်အောင်မြင်မှုရဖို့ တခြားနေရာမှာ ရှာဖွေရမယ့်အချိန်ပါ” “ သူက ဘလွန်းဒီအောဆုကို ဂရုမစိုက်ဘူး ဆို တာ ကျွန်တော်အမြဲပြောခဲ့ဖူးပါတယ်၊ ဒါပေမယ့်လည်း ကစားသမားတိုင်းက ဒီလိုတန်ဖိုးရှိတဲ့ ဆုကို ရယူချင်တာချည်းပါပဲ၊ သူ ရီးရဲလ် မှာဆို ဘလွန်းဒီအောဆုကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် အတိအကျယုံကြည်ပါတယ်၊ သူ ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် သိပါ တယ်၊ သူနဲ့ ကျွန်တော်အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပါတယ်” လို့ ဖာဘရီဂတ်စ်က ပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *