အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျခေထာက္က အနံ႔ဆိုးေတြထြက္လာပီဆိုရင္ အေကာင္းဆံုးသန္႔စင္နည္း

KNOWLEDGE

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျခေထာက္က အနံ႔ဆိုးေတြထြက္လာပီဆိုရင္ အေကာင္းဆံုးသန္႔စင္နည္း
————————–
ၾကံဳဖူးၾကလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ကိုယ္ကိုယ္တိုင္ျဖစ္ေနရင္ အျခားေသာသူမ်ားကိုအားနာရသလို အျခားသူမ်ားျဖစ္ေနရင္လည္း ကိုယ့္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။ေျခေထာက္အနံ႔ျဖစ္ေပၚရျခင္း အေၾကာင္းကေတာ့ ေျခေထာက္ဆီထြက္မ်ားသူမ်ား အ ဓိကအျဖစ္မ်ားပါတယ္။ ၿပီးေတာ့ ေျခေထာက္ကထြက္တဲ့ဆီ ဖိနပ္ေရစိုျခင္း တို႔ေၾကာင့္ ဘက္တီးရီးယားမ်ားေပါက္ဖြားၿပီးေျခေထာက္အနံ႔ ဆိုးမ်ားျဖစ္ပြားရျခင္းျဖစ္ပါတယ္။

လိုအပ္တာကေတာ့ ပန္းသီးရွာလကာရည္ ၊ ေျခေထာက္စိမ္ဖို႔ ဇလံုတစ္လံုး ၊ ေရေႏြး တို႔ပဲျဖစ္ပါတယ္။ ဇလံုထဲကိုေရေႏြးေႏြး(ေျခေထာက္ စိမ္လ်င္ခံႏိုင္ရည္ရွိေသာ အပူခ်ိန္) ၄လီတာ ထည့္ပါ။ ပန္းသီးရွာလကာရည္ ထမင္းစားဇြန္းတစ္၀က္ ကိုေရေႏြးထဲထည့္ ၿပီးေသခ်ာေမႊပါ။ ထို႔ေနာက္ ေျခေထာက္ကို ၁၅မိနစ္ခန္႔စိမ္ထားပါ။ ေျခေထာက္အန့ံျပင္းသူမ်ား တစ္ရက္ျခား ၃ႀကိမ္ မွ ၄ႀကိမ္လုပ္ပါ။ ၅ႀကိမ္ထက္ပို လုပ္စ ရာမလိုပါဘူးေနာ္။သာမာန္ေလာက္ဆိုရင္ တစ္ႀကိမ္နဲ႔တင္ အျမစ္ျပတ္ေပ်ာက္ပါတယ္။ အေရးႀကီးတာက ေျခေထာက္အနံ႔ဆိုးစဥ္က ၀တ္ ဆင္ထားေသာဖိနပ္မ်ား ေျခအိတ္မ်ားအားျပန္မ၀တ္မိဖို႔ေတာ့လိုပါတယ္။ အားလံုးအသစ္ျပန္၀ယ္လိုက္ပါ။

Credit ; ကို စိန္သန္း

[unicode]

ကြုံဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်နေရင် အခြားသောသူများကိုအားနာရသလို အခြားသူများဖြစ်နေရင်လည်း ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ခြေထောက်အနံ့ဖြစ်ပေါ်ရခြင်း အကြောင်းကတော့ ခြေထောက်ဆီထွက်များသူများ အ ဓိကအဖြစ်များပါတယ်။ ပြီးတော့ ခြေထောက်ကထွက်တဲ့ဆီ ဖိနပ်ရေစိုခြင်း တို့ကြောင့် ဘက်တီးရီးယားများပေါက်ဖွားပြီးခြေထောက်အနံ့ ဆိုးများဖြစ်ပွားရခြင်းဖြစ်ပါတယ်။လိုအပ်တာကတော့ ပန်းသီးရှာလကာရည် ၊ ခြေထောက်စိမ်ဖို့ ဇလုံတစ်လုံး ၊ ရေနွေး တို့ပဲဖြစ်ပါတယ်။ ဇလုံထဲကိုရေနွေးနွေး(ခြေထောက် စိမ်လျင်ခံနိုင်ရည်ရှိသော အပူချိန်) ၄လီတာ ထည့်ပါ။ ပန်းသီးရှာလကာရည် ထမင်းစားဇွန်းတစ်ဝက် ကိုရေနွေးထဲထည့် ပြီးသေချာမွှေပါ။ ထို့နောက် ခြေထောက်ကို ၁၅မိနစ်ခန့်စိမ်ထားပါ။ ခြေထောက်အနံ့ပြင်းသူများ တစ်ရက်ခြား ၃ကြိမ် မှ ၄ကြိမ်လုပ်ပါ။ ၅ကြိမ်ထက်ပို လုပ်စ ရာမလိုပါဘူးနော်။သာမာန်လောက်ဆိုရင် တစ်ကြိမ်နဲ့တင် အမြစ်ပြတ်ပျောက်ပါတယ်။ အရေးကြီးတာက ခြေထောက်အနံ့ဆိုးစဉ်က ဝတ် ဆင်ထားသောဖိနပ်များ ခြေအိတ်များအားပြန်မဝတ်မိဖို့တော့လိုပါတယ်။ အားလုံးအသစ်ပြန်ဝယ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *