ရီးယဲလ္မက္ဒရစ္အသင္းမွာ ေက်ာနံပါတ္(၇) ၀တ္ဆင္သြားမယ့္ အီဒင္ဟာဇက္

Spain LaLiga Santander

ရီးယဲလ္မက္ဒရစ္အသင္းမွာ ေက်ာနံပါတ္(၇) ၀တ္ဆင္သြားမယ့္ အီဒင္ဟာဇက္
—————————–

ခ်ယ္လ္ဆီးအသင္းမွေျပာင္းေရႊ႕လာတဲ့ ဘယ္လ္ဂ်ီယံလက္ေတာင္ပံကစားသမား ဟာဇက္ဟာ ရီးယဲလ္မက္ဒရစ္အသင္းတြင္ ရာအူးလ္၊ စီေရာ္နယ္လ္ဒိုတို႔ဝတ္ဆင္ခဲ့သည့္ ေက်ာနံပါတ္ (၇)အား ဝတ္ဆင္ကစားမည္ျဖစ္ေၾကာင္း သိရပါတယ္။အသက္ (၂၈)ႏွစ္အရြယ္ ဟာဇက္ ဟာ ခ်ယ္လ္ဆီးအသင္းမွာ ကစားခဲ့စဥ္က ေက်ာနံပါတ္ (၁၀)ကိုသာ ဝတ္ဆင္ခဲ့သူျဖစ္ၿပီး ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕သြား ခ်ိန္မွာေတာ့ ဂႏၶဝင္ေက်ာနံပါတ္ (၇)ကို ဝတ္ဆင္ခြင့္ရွိသည့္အတြက္ ေျပာင္းလဲဝတ္ဆင္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ဟာဇက္ ၏ေက်ာ နံပါတ္ (၇)ပါ ဂ်ာစီမ်ားကို ဘာစီလိုနာေလဆိပ္ရွိ ရီးယဲလ္မက္ဒရစ္အသင္း၏ဝတ္စုံအေရာင္းဆိုင္တြင္ ယခုအပတ္အေစာပိုင္းကတည္းက ေရာင္းခ်ခဲ့တယ္လို႔လည္းသိရပါတယ္။

ရီးယဲလ္မက္ဒရစ္အသင္းသမိုင္းတစ္ေလ်ာက္ ေက်ာနံပါတ္ (၇)ဝတ္ဆင္ခဲ့သူမ်ားမွာ ဂႏၴဝင္ကစားသမားမ်ားျဖစ္ခဲ့ၿပီး ဟြမ္နီတို၊ ဘူထရာဂီ နို၊ ရာအူးလ္၊ စီေရာ္နယ္လ္ဒို စသည့္ အသင္း၏ေအာင္ျမင္မႈတြင္အေရးပါေသာကစားသမားမ်ားပါဝင္ခဲ့ပါတယ္။ ရီးယဲလ္မက္ဒရစ္ အ သင္း ကေတာ့ ဟာဇက္ကိုလည္း (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေက်ာနံပါတ္ (၇)ကိုေပးအပ္ကာ အသင္း၏ဂႏၴဝင္ကစားသမား တစ္ဦးျဖစ္လာ ရန္ ေမၽွာ္လင့္ထားေနတာလည္းျဖစ္ပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့သည့္ရာသီက စီေရာ္နယ္လ္ဒိုထြက္ခြာသြားၿပီးေနာက္ လိုင္ယြန္အသင္းမွေခၚယူခဲ့သည့္ တိုက္စစ္မႉး မာရီယာနိုဒိုင္ယက္ဇ္ကို သမိုင္းဝင္ေက်ာနံပါတ္ (၇)ေပးအပ္ခဲ့ေသာေၾကာင့္ ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရၿပီး ဟာဇက္ ကေတာ့ လာမည့္ဇြန္ (၁၃)ရက္မွာ ရီးယဲလ္မက္ဒရစ္အသင္းကစားသမားအျဖစ္ တရားဝင္မိတ္ဆက္မႈျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

[unicode]

ချယ်လ်ဆီးအသင်းမှပြောင်းရွှေ့လာတဲ့ ဘယ်လ်ဂျီယံလက်တောင်ပံကစားသမား ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းတွင် ရာအူးလ်၊ စီရော်နယ်လ်ဒိုတို့ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၇)အား ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။အသက် (၂၈)နှစ်အရွယ် ဟာဇက် ဟာ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ကျောနံပါတ် (၁၀)ကိုသာ ဝတ်ဆင်ခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွား ချိန်မှာတော့ ဂန္ဓဝင်ကျောနံပါတ် (၇)ကို ဝတ်ဆင်ခွင့်ရှိသည့်အတွက် ပြောင်းလဲဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဟာဇက် ၏ကျော နံပါတ် (၇)ပါ ဂျာစီများကို ဘာစီလိုနာလေဆိပ်ရှိ ရီးယဲလ်မက်ဒရစ်အသင်း၏ဝတ်စုံအရောင်းဆိုင်တွင် ယခုအပတ်အစောပိုင်းကတည်းက ရောင်းချခဲ့တယ်လို့လည်းသိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျောက် ကျောနံပါတ် (၇)ဝတ်ဆင်ခဲ့သူများမှာ ဂန္ထဝင်ကစားသမားများဖြစ်ခဲ့ပြီး ဟွမ်နီတို၊ ဘူထရာဂီ နို၊ ရာအူးလ်၊ စီရော်နယ်လ်ဒို စသည့် အသင်း၏အောင်မြင်မှုတွင်အရေးပါသောကစားသမားများပါဝင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ် အ သင်း ကတော့ ဟာဇက်ကိုလည်း (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် (၇)ကိုပေးအပ်ကာ အသင်း၏ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်လာ ရန် မျှော်လင့်ထားနေတာလည်းဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့သည့်ရာသီက စီရော်နယ်လ်ဒိုထွက်ခွာသွားပြီးနောက် လိုင်ယွန်အသင်းမှခေါ်ယူခဲ့သည့် တိုက်စစ်မှူး မာရီယာနိုဒိုင်ယက်ဇ်ကို သမိုင်းဝင်ကျောနံပါတ် (၇)ပေးအပ်ခဲ့သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဟာဇက် ကတော့ လာမည့်ဇွန် (၁၃)ရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *