အသင်း ရဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို (၄)နှစ် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်

Premier League

အသင်း ရဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို (၄)နှစ် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်
—————————–



[unicode]

မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ အသက် ၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမား ပါရဲရားဟာ စပိန် ကလပ်တွေဖြစ်တဲ့ ဂရာနာဒါနဲ့ ဗလင်စီယာအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ရာသီကမှ မန်ချက်စတာယူနိုက်တက်ဆီကို ပြန်လည်ရောက် ရှိလာသူတစ်ယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါရဲရား က၂၃ ပွဲအထိ ပါဝင် ကစား ပေးထားနိုင်ခဲ့ပါတယ်။The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ် ရှားဟာ ပါရဲရား ကို အသင်းရဲ့ အနာဂတ် အစီအစဉ် မှာ ထည့်သွင်းထားတာဖြစ်ပြီး လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ပြင်ဆင်နေ တယ်လို့သိရပါတယ်။ ပါရဲရားရဲ့လက် ရှိစာချုပ် သက်တမ်းဟာ၂၀၁၈-၂၀၁၉ ရာသီကုန်မှာ ကုန်ဆုံး မှာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ၁ နှစ်သက်တမ်းတိုးခွင့် ကို အသုံးပြုခဲ့တာကြောင့် လာမယ့်ရာသီကုန်မှ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အ သင်းက လေးနှစ် စာချုပ်သစ် ကမ်းလှမ်း ခဲ့မယ်ဆိုရင် ပါရဲရားအနေနဲ့ အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ တစ် ဖက်မှာလည်း မန်ချက်စ တာယူနိုက်တက်အသင်းက ကွင်းလယ်ဖန်တီးရှင် မာတာကို စာချုပ်သစ် ကမ်းလှမ်းထားပြီး ဟာရဲရားနဲ့ ဗလင်စီ ယာ တို့ကတော့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *