ဘာစီလိုနာ အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခ်က္ရရွိသြားၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ဒီလစ္

Spain LaLiga Santander

ဘာစီလိုနာ အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခ်က္ရရွိသြားၿပီလို႔ သတင္းေတြထြက္ေပၚလာတဲ့ ဒီလစ္
——————————–

သတင္းေတြထြက္ေပၚေနခဲ့တဲ့ အတိုင္းပဲ ေအဂ်က္အသင္း ရဲ႕ ၾကယ္ပြင့္ ကစားသမားျဖစ္တဲ့ ဒီလစ္ ဟာ ဘာစီလိုနာအသင္း နဲ႔ အေျပာင္း အေရႊ႕ျဖစ္ေျမာက္သြားခဲ့ၿပီလို႔ သိရပါတယ္။ အခုေနာက္ဆံုးသတင္းေတြမွာေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီလစ္ကိုေခၚယူဖို႔အတြက္ ေနာက္ဆံုးအေျပာင္းအေရႊ႕ေစ်းႏႈန္းကို ညွိႏိႈင္းႏိုင္ခဲ့ၿပီျဖစ္ၿပီး မၾကာခင္မွာ အၿပီးသတ္ေခၚယူႏိုင္ေတာ့မယ္လို႔ ဆိုပါတယ္။ ဘာစီလိုနာအ သင္း ဘက္ကေန ဒီလစ္ကိုအၿပီးသတ္ေခၚယူႏိုင္ခဲ့မယ္ဆိုပါက ယူရို (၇၅) သန္းအျပင္ အပိုထပ္ေဆာင္းၿပီး ေအဂ်က္အသင္းကို ေပးေခ် သြားဖို႔ လည္းရွိေနပါတယ္။

ဘာစီလိုနာ နဲ႔ ေအဂ်က္အသင္းတို႔ၾကားမွာ ကစားသမားအေျပာင္းအေရႊ႕အတြက္ ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း (၇၅) ျဖင့္အၿပီးသတ္ သေဘာတူညီမႈရရွိသြားခဲ့ၿပီလို႔ ဆိုပါတယ္။ေအဂ်က္အသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္သလို အဓိက ကစားသမားလည္းျဖစ္တဲ့ ဒီလစ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ေအဂ်က္အသင္းနဲ႔အတူ ပိုမိုေတာက္ပလာခဲ့ၿပီး ေအဂ်က္အသင္းကို ျပည္တြင္းဖလား (၂) ခု နဲ႔ ဥေရာပခ်န္ပီယံ လိဂ္ ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ထိ ေရာက္ရွိေအာင္ ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့အပိုင္းမွာ အဓိကေနရာက ပါ၀င္ခဲ့ပါတယ္။အသက္ (၁၉) ႏွစ္သာရွိေသးတဲ့ ဒီလစ္ကေတာ့ ယခုႏွစ္အေျပာင္းအေရႊ႕ကာလမွာ အလႈပ္ခတ္ဆုံးကစားသမားတစ္ဦးျဖစ္သလို ဘာစီလိုနာ ၊ မန္ခ်က္ စတာ ယူႏိုက္တက္ ၊ ပီအက္စ္ဂ်ီ ၊ ဂ်ဴဗင္တပ္ နဲ႔ ရီးရဲလ္အသင္းတို႔လို ဥေရာပရဲ႕ ထိပ္တန္းအသင္းေတာ္ေတာ္မ်ားမ်ား ရဲ႕ ပစ္မွတ္ထားခံ ရတဲ့ ကစားသမားလည္းျဖစ္ပါတယ္။

[unicode]

သတင်းတွေထွက်ပေါ်နေခဲ့တဲ့ အတိုင်းပဲ အေဂျက်အသင်း ရဲ့ ကြယ်ပွင့် ကစားသမားဖြစ်တဲ့ ဒီလစ် ဟာ ဘာစီလိုနာအသင်း နဲ့ အပြောင်း အရွှေ့ဖြစ်မြောက်သွားခဲ့ပြီလို့ သိရပါတယ်။ အခုနောက်ဆုံးသတင်းတွေမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ဒီလစ်ကိုခေါ်ယူဖို့အတွက် နောက်ဆုံးအပြောင်းအရွှေ့ဈေးနှုန်းကို ညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအ သင်း ဘက်ကနေ ဒီလစ်ကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့မယ်ဆိုပါက ယူရို (၇၅) သန်းအပြင် အပိုထပ်ဆောင်းပြီး အေဂျက်အသင်းကို ပေးချေ သွားဖို့ လည်းရှိနေပါတယ်။ဘာစီလိုနာ နဲ့ အေဂျက်အသင်းတို့ကြားမှာ ကစားသမားအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၇၅) ဖြင့်အပြီးသတ် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ ဆိုပါတယ်။အေဂျက်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အဓိက ကစားသမားလည်းဖြစ်တဲ့ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အေဂျက်အသင်းနဲ့အတူ ပိုမိုတောက်ပလာခဲ့ပြီး အေဂျက်အသင်းကို ပြည်တွင်းဖလား (၂) ခု နဲ့ ဥရောပချန်ပီယံ လိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အပိုင်းမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။အသက် (၁၉) နှစ်သာရှိသေးတဲ့ ဒီလစ်ကတော့ ယခုနှစ်အပြောင်းအရွှေ့ကာလမှာ အလှုပ်ခတ်ဆုံးကစားသမားတစ်ဦးဖြစ်သလို ဘာစီလိုနာ ၊ မန်ချက် စတာ ယူနိုက်တက် ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် နဲ့ ရီးရဲလ်အသင်းတို့လို ဥရောပရဲ့ ထိပ်တန်းအသင်းတော်တော်များများ ရဲ့ ပစ်မှတ်ထားခံ ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *