အသင္းကေန ဒုတိယေျမာက္ ထြက္ခြာသြားတဲ့ ကစားသမားျဖစ္လာတဲ့ အိုလာအီနာ

Premier League

အသင္းကေန ဒုတိယေျမာက္ ထြက္ခြာသြားတဲ့ ကစားသမားျဖစ္လာတဲ့ အိုလာအီနာ
—————————-

ခ်ဲလ္ဆီးအသင္းရဲ႕ေတာင္ပံခံစစ္ကစားသမား အိုလာ အီနာကေတာ့ စီးရီးေအကလပ္ တိုရီႏိုအသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္လို႔ ခ်ဲလ္ ဆီး အသင္းအတြက္ ဒီတစ္ပတ္အတြင္း ဒုတိယေျမာက္အသင္းကို စြန္႔ခြာတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။အိုလာ အီနာ ဟာ တိုရီႏို အ သင္းကို (၂၀၁၈-၁၉) ရာသီမွာ အငွားသြားေရာက္ ကစားခဲ့တဲ့ ကစားသမားျဖစ္ၿပီး  ဥကၠဌျဖစ္သူ အာဘာႏို ကိုင္ရိုက ခ်ဲလ္ဆီး အသင္း ရဲ႕ ေတာင္ပံခံစစ္ကစားသမား အိုလာကို ယူရို (၁၀) သန္းနဲ႔အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီလို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။

“ တိုရီႏိုအသင္းအေနနဲ႔ အိုလာကို ယူရို (၁၀) သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့သလို ခရစၥတီယန္ အန္ဆယ္ဒီ နဲ႔ ေကာ့ဖီ ဒီဒီတို႔ကိုလည္း ေခၚယူထားႏိုင္ခဲ့ပါၿပီ။အသင္းမွာ ရည္မွန္းခ်က္ေတြအမ်ားႀကီးရွိေနတာေၾကာင့္ အသင္းရဲ႕အေကာင္းဆံုးကစားသမားေတြကို အသင္းထံ ကေန မထြက္သြားရေအာင္ ဆက္လက္ထိန္းသိမ္းထားခဲ့တာပါ” လို႔ ကိုင္ရိုက ေျပာၾကားသြားပါတယ္။တိုရီႏိုအသင္း ၿပီးခဲ့တဲ့ရာသီက အ မွတ္ေပးဇယား အဆင့္ (၁၀) ေနရာမွာ ရပ္တည္ႏိ္ုင္ခဲ့တဲ့ စြမ္းေဆာင္ရညေ္တြမွာ အိုလာရဲ႕ စြမ္းေဆာင္ရည္ေတြက အဓိက က်ခဲ့ၿပီး အ သင္းအတြက္ပြဲေပါင္း (၃၀) ကစားခဲ့ကာ သြင္းဂိုး (၁) ဂိုးသြင္းယူေပးႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ (၃) ႀကိမ္ကိုလည္း ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အို လာ ဟာ ခ်ဲလ္ဆီး အသင္းအတြက္ေတာ့  ရီးရဲလ္အသင္းကို ဟာဇတ္ေျပာင္းေရႊ႕ေရာက္ရွိသြားခဲ့ၿပီးေနာက္ပိုင္းမွာ ဒုတိယေျမာက္ အသင္း က ထြက္ခြာတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

[unicode]

ချဲလ်ဆီးအသင်းရဲ့တောင်ပံခံစစ်ကစားသမား အိုလာ အီနာကတော့ စီးရီးအေကလပ် တိုရီနိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်လို့ ချဲလ် ဆီး အသင်းအတွက် ဒီတစ်ပတ်အတွင်း ဒုတိယမြောက်အသင်းကို စွန့်ခွာတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။အိုလာ အီနာ ဟာ တိုရီနို အ သင်းကို (၂၀၁၈-၁၉) ရာသီမှာ အငှားသွားရောက် ကစားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဥက္ကဌဖြစ်သူ အာဘာနို ကိုင်ရိုက ချဲလ်ဆီး အသင်း ရဲ့ တောင်ပံခံစစ်ကစားသမား အိုလာကို ယူရို (၁၀) သန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။“ တိုရီနိုအသင်းအနေနဲ့ အိုလာကို ယူရို (၁၀) သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ခရစ္စတီယန် အန်ဆယ်ဒီ နဲ့ ကော့ဖီ ဒီဒီတို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါပြီ။အသင်းမှာ ရည်မှန်းချက်တွေအများကြီးရှိနေတာကြောင့် အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို အသင်းထံ ကနေ မထွက်သွားရအောင် ဆက်လက်ထိန်းသိမ်းထားခဲ့တာပါ” လို့ ကိုင်ရိုက ပြောကြားသွားပါတယ်။တိုရီနိုအသင်း ပြီးခဲ့တဲ့ရာသီက အ မှတ်ပေးဇယား အဆင့် (၁၀) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ စွမ်းဆောင်ရညေ်တွမှာ အိုလာရဲ့ စွမ်းဆောင်ရည်တွေက အဓိက ကျခဲ့ပြီး အ သင်းအတွက်ပွဲပေါင်း (၃၀) ကစားခဲ့ကာ သွင်းဂိုး (၁) ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၃) ကြိမ်ကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အို လာ ဟာ ချဲလ်ဆီး အသင်းအတွက်တော့ ရီးရဲလ်အသင်းကို ဟာဇတ်ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီးနောက်ပိုင်းမှာ ဒုတိယမြောက် အသင်း က ထွက်ခွာတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *