သူ႔အေပၚမွာ ေ၀ဖန္ေနမႈေတြဟာ မွ်တမႈမရွိဘူးလို႔ ေပါ့ဂ္ဘာ ထုတ္ေဖာ္ေျပာၾကား

Premier League

သူ႔အေပၚမွာ ေ၀ဖန္ေနမႈေတြဟာ မွ်တမႈမရွိဘူးလို႔ ေပါ့ဂ္ဘာ ထုတ္ေဖာ္ေျပာၾကား
—————————-

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဂ္ဘာက သူ႔အေပၚမွာ ေ၀ဖန္ေနမႈေတြဟာ မွ်တမႈမရွိဘူးလို႔ ထုတ္ေဖာ္ေျပာ ဆို လိုက္ပါတယ္။ ေပါ့ဂ္ဘာက သူ႔ရဲ႕ ျမင့္မားတ့ဲေျပာင္းေရႊ႕ေၾကး၊ ဆံပင္ပံုစံနဲ႔ ကိုယ္အမူအရာေတြအေပၚမွာ လူေတြက လိုအပ္တာထက္ပိုျပီး ေ၀ဖန္ေနတယ္လို႔ ယံုၾကည္ေနတာလည္း ျဖစ္ပါတယ္။ေပါ့ဂ္ဘာဟာ ၂၀၁၆ ခုႏွစ္မွာ ဂ်ဴဗီကေန ယူႏိုက္တက္ကို စံခိ်န္တင္ ေပါင္၈၉သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး မၾကာခဏဆိုသလို ဆံပင္ပံုစံေျပာင္းလဲတတ္ျပီး ထူးျခားတဲ့ ကိုယ္ဟန္အမူအရာေတြကို လုပ္ျပတတ္ေလ့ ရွိတဲ့ သူလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ရာသီမွာ  ေပါ့ဂ္ဘာဟာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီး ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈကို ခံခဲ့ရသူလည္း ျဖစ္ပါ တယ္။

ေပါ့ဂ္ဘာ က ေျပာၾကားခဲ့ရာမွာေတာ့“ ဆံပင္ပံုစံနဲ႔ ကိုယ္အမူအရာက ကၽြန္ေတာ္ရဲ႕ နဂိုပံုစံပါ၊ ကေလးဘ၀ကတည္းက ဒီလိုပံုစံမ်ိဳးနဲ႔ က စားလာခဲ့တာပါ၊ ကၽြန္ေတာ့္ကို ေ၀ဖန္ေနတာေတြက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေၾကာင့္လည္းျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္၊ ဒီအတြက္ တ ျခားကစားသမားေတြနဲ႔ မတူညီကြဲျပားတဲ့ ေ၀ဖန္မႈေတြကို ကၽြန္ေတာ္ရရွိေနတာျဖစ္မွာပါ”“ ကၽြန္ေတာ့္ဆီက သူတို႔ကအမ်ားၾကီးေမွ်ာ္ လင့္ ေနျပီး အဲဒါကလည္း ကၽြန္ေတာ့္ရဲ႕ ေျပာင္းေရႊ႕ေၾကးေၾကာင့္ပါပဲ၊ ကၽြန္ေတာ့္ရဲ႕ ကိုယ္ဟန္အမူအရာနဲ႔ ဆံပင္ပံုစံေတြက ဒီတိုင္းေျပာ ရံုပဲ  ေျပာ စရာရွိတာပါ၊ အသင္း အႏိုင္ရခ်ိန္မွာ ျပသနာမရွိေပမယ့္ အသင္းအေရးနိမ့္ခဲ့ရင္၊ ကၽြန္ေတာ္ေျခစြမ္းမျပခဲ့ရင္ေတာ့ အဲဒါက ျပႆ နာျဖစ္လာပါတယ္” လို႔ ေပါ့ဂ္ဘာက ေျပာသြားခဲ့ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာက သူ့အပေါ်မှာ ဝေဖန်နေမှုတွေဟာ မျှတမှုမရှိဘူးလို့ ထုတ်ဖော်ပြော ဆို လိုက်ပါတယ်။ ပေါ့ဂ်ဘာက သူ့ရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေး၊ ဆံပင်ပုံစံနဲ့ ကိုယ်အမူအရာတွေအပေါ်မှာ လူတွေက လိုအပ်တာထက်ပိုပြီး ဝေဖန်နေတယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗီကနေ ယူနိုက်တက်ကို စံချိန်တင် ပေါင်၈၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မကြာခဏဆိုသလို ဆံပင်ပုံစံပြောင်းလဲတတ်ပြီး ထူးခြားတဲ့ ကိုယ်ဟန်အမူအရာတွေကို လုပ်ပြတတ်လေ့ ရှိတဲ့ သူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ ပေါ့ဂ်ဘာဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူလည်း ဖြစ်ပါ တယ်။ပေါ့ဂ်ဘာ က ပြောကြားခဲ့ရာမှာတော့“ ဆံပင်ပုံစံနဲ့ ကိုယ်အမူအရာက ကျွန်တော်ရဲ့ နဂိုပုံစံပါ၊ ကလေးဘဝကတည်းက ဒီလိုပုံစံမျိုးနဲ့ က စားလာခဲ့တာပါ၊ ကျွန်တော့်ကို ဝေဖန်နေတာတွေက စံချိန်တင်ပြောင်းရွှေ့ကြေးကြောင့်လည်းဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒီအတွက် တ ခြားကစားသမားတွေနဲ့ မတူညီကွဲပြားတဲ့ ဝေဖန်မှုတွေကို ကျွန်တော်ရရှိနေတာဖြစ်မှာပါ”“ ကျွန်တော့်ဆီက သူတို့ကအများကြီးမျှော် လင့် နေပြီး အဲဒါကလည်း ကျွန်တော့်ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ပါပဲ၊ ကျွန်တော့်ရဲ့ ကိုယ်ဟန်အမူအရာနဲ့ ဆံပင်ပုံစံတွေက ဒီတိုင်းပြော ရုံပဲ ပြော စရာရှိတာပါ၊ အသင်း အနိုင်ရချိန်မှာ ပြသနာမရှိပေမယ့် အသင်းအရေးနိမ့်ခဲ့ရင်၊ ကျွန်တော်ခြေစွမ်းမပြခဲ့ရင်တော့ အဲဒါက ပြဿ နာဖြစ်လာပါတယ်” လို့ ပေါ့ဂ်ဘာက ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *