ယူရို -၂၀၂၀ ေျခစစ္ပြဲ အုပ္စု(J)မွာ ရာႏႈန္းျပည့္ ႏိုင္ပြဲ ဆက္ေနတဲ့ အီတလီ

Italy Serie A

ယူရို -၂၀၂၀ ေျခစစ္ပြဲ အုပ္စု(J)မွာ ရာႏႈန္းျပည့္ ႏိုင္ပြဲ ဆက္ေနတဲ့ အီတလီ
———————–

ယူရို -၂၀၂၀ အုပ္စု (J) ရဲ့ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အီတလီအသင္း နဲ႔ ေဘာ့စနီးယားအသင္းတို႔ရဲ႕ ပြဲစဥ္ကေတာ့ အႀကိတ္အနယ္ရွိခဲ့ၿပီး ဗာရက္ တီရဲ့ ေနာက္က်အနိုင္ဂိုးေၾကာင့္သာ အီတလီတို႔ (၂-၁) ဂိုးနဲ႔ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။အီတလီအသင္းဟာ ၄-၃-၃ ပုံစံကို အသုံးျပဳၿပီး တိုက္စစ္မွာ ၀ါရင့္တိုက္စစ္မႉး ကြာဂလီရယ္လာကို အေထာင္ထားကာ အင္ဆစ္ဂ္နီနဲ႔ ဘာနာဒက္ခီကို ေတာင္ပံမွာထားၿပီး ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟို၊ ဗာရက္တီ၊ ဗာရယ္လာတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ခ်ီလီနီ၊ ဘိုႏူခ်ီတို႔ လည္းပါ၀င္ခဲ့ပါတယ္။ေဘာ့စနီးယားအသင္းကေတာ့ ဇစ္ကို ကို အေထာင္ထားကာ ယာနစ္၊ ဆာရစ္စတဲ့ အဓိကကစားသမားေတြကို အစုံအလင္ပြဲထုတ္ၿပီး ၅-၃-၂-၁ ပုံစံနဲ႔ ကစားခဲ့တာပါ။ အီတလီ အ သင္းဟာ ပြဲစကတည္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့ေပမယ့္ ေဘာ့စနီးယားအသင္းရဲ့ မာေၾကာတဲ့ ကစားဟန္ေၾကာင့္ အခက္ ေတြ႕ ခဲ့ရၿပီး ခရီးမေရာက္ခဲ့ပါဘူး။ ဒါ့အျပင္ ေဘာ့စနီးယားအသင္းဟာ တန္ျပန္တိုက္စစ္ေတြနဲ႔ ကစားခဲ့တာေၾကာင့္ အီတလီတို႔အခက္ ေတြ႕ ခဲ့ရပါတယ္။ေဘာ့စနီးယားအသင္းဟာ အီတလီအသင္းကို ရွိန္မေနပဲ အေကာင္းဆုံးကစားသြားခဲ့လို႔ ပထမပိုင္းမွာ ဂိုးသြင္းခြင့္ ပိုမို ဖန္တီးနိုင္ခဲ့တာပါ။ ေဘာ့စနီးယားအသင္းအတြက္ ဦးေဆာင္ဂိုးကို ပြဲခ်ိန္ (၃၂) မိနစ္မွာ လွပတဲ့ကစားကြက္ကေန ဗစ္ကာ ဖန္တီးေပး တာ ကို ဇစ္ကိုက ဂိုးေပါက္နဲ႔အနီးကပ္အေနအထားကေန ပိတ္သြင္းယူခဲ့ၿပီး ပြဲကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရၿပီးေနာက္ အီတလီတို႔တိုက္စစ္ဖြင့္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာ့စနီးယားအသင္းရဲ့ တန္ျပန္တိုက္စစ္ေတြက ပိုထိေရာက္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ (၀-၁) ဂိုးနဲ႔ အဆံုးသတ္ခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ အိမ္ကြင္းမွာ ေခ်ပဂိုးရဖို႔ အီတလီအသင္း တင္ကစားလာခဲ့ၿပီး ပြဲခ်ိန္ (၄၉) မိနစ္မွာပဲ ေခ်ပဂိုးရခဲ့ပါတယ္။ ဘာနာဒက္ခီရဲ့ ေပးပို႔မႈကေန အင္ဆစ္ဂ္နီက ဧရိယာအျပင္ဘက္ကေန ကန္သြင္းယူခဲ့တာ ျဖစ္ ပါတယ္။အဲဒီေနာက္မွာေတာ့ အီတလီအသင္းဟာ ဆက္လက္ဖိကစားနိုင္ခဲ့ၿပီး ဂိုးသြင္းခြင့္ေတြလည္း ဖန္တီးနိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ရရွိ လာတဲ့အခြင့္အေရးေတြကို တိုက္စစ္ပိုင္းက ကြာဂလီရယ္လာ အသုံးခ်နိုင္ျခင္းမရွိတာေၾကာင့္ အီတလီတို႔ နစ္နာခဲ့ရပါတယ္။ပထမပိုင္းက ေကာင္းခဲ့တဲ့ ေဘာ့စနီးယားအသင္းဟာ ဒုတိယပိုင္းမွာေတာ့ အီတလီအသင္းရဲ့ တိုက္စစ္ကို ထိန္းခ်ဳပ္ရင္းနဲ႔ပဲ အခ်ိန္ကုန္ ခဲ့ရပါတယ္။ အိမ္ကြင္းပရိသတ္အားနဲ႔ အနိုင္ရဖို႔ ေတာက္ေလၽွာက္တိုက္စစ္ဖြင့္ေနတဲ့ အီတလီအသင္းဟာ ပြဲခ်ိန္ (၈၆) မိနစ္မွာေတာ့ အနိုင္ဂိုးရ ခဲ့ပါ တယ္။ အင္ဆစ္ဂ္နီဖန္တီးေပးတာကို ကြင္းလယ္လူ ဗာရက္တီက ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။က်န္ပြဲခ်ိန္ေတြမွာ ေဘာ့စနီး ယားအ သင္း ေခ်ပဂိုးရဖို႔ ႀကိဳးစားေပမယ့္ အီတလီအသင္းက အေကာင္းဆုံးထိန္းကစားခဲ့ၿပီး အိမ္ကြင္းမွာ (၂-၁) ဂိုးနဲ႔ အနိုင္ယူခဲ့ပါတယ္။ ဒီနိုင္ ပြဲဟာ အီတလီအသင္းအတြက္ ယူရို-၂၀၂၀ ေျခစစ္ပြဲမွာ (၄) ပြဲကစား (၄) ပြဲေျမာက္နိုင္ပြဲျဖစ္ခဲ့ၿပီး ရာႏႈန္းျပည့္နိုင္ပြဲနဲ႔အတူ အမွတ္ေပးဇ ယား ကို ဦးေဆာင္နိုင္ေနတာလည္း ျဖစ္ပါတယ္။

[unicode]

ယူရို -၂၀၂၀ အုပ်စု (J) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီအသင်း နဲ့ ဘော့စနီးယားအသင်းတို့ရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ဗာရက် တီရဲ့ နောက်ကျအနိုင်ဂိုးကြောင့်သာ အီတလီတို့ (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။အီတလီအသင်းဟာ ၄-၃-၃ ပုံစံကို အသုံးပြုပြီး တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာကို အထောင်ထားကာ အင်ဆစ်ဂ်နီနဲ့ ဘာနာဒက်ခီကို တောင်ပံမှာထားပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ ဗာရယ်လာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ချီလီနီ၊ ဘိုနူချီတို့ လည်းပါဝင်ခဲ့ပါတယ်။ဘော့စနီးယားအသင်းကတော့ ဇစ်ကို ကို အထောင်ထားကာ ယာနစ်၊ ဆာရစ်စတဲ့ အဓိကကစားသမားတွေကို အစုံအလင်ပွဲထုတ်ပြီး ၅-၃-၂-၁ ပုံစံနဲ့ ကစားခဲ့တာပါ။ အီတလီ အ သင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် ဘော့စနီးယားအသင်းရဲ့ မာကြောတဲ့ ကစားဟန်ကြောင့် အခက် တွေ့ ခဲ့ရပြီး ခရီးမရောက်ခဲ့ပါဘူး။ ဒါ့အပြင် ဘော့စနီးယားအသင်းဟာ တန်ပြန်တိုက်စစ်တွေနဲ့ ကစားခဲ့တာကြောင့် အီတလီတို့အခက် တွေ့ ခဲ့ရပါတယ်။ဘော့စနီးယားအသင်းဟာ အီတလီအသင်းကို ရှိန်မနေပဲ အကောင်းဆုံးကစားသွားခဲ့လို့ ပထမပိုင်းမှာ ဂိုးသွင်းခွင့် ပိုမို ဖန်တီးနိုင်ခဲ့တာပါ။ ဘော့စနီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၃၂) မိနစ်မှာ လှပတဲ့ကစားကွက်ကနေ ဗစ်ကာ ဖန်တီးပေး တာ ကို ဇစ်ကိုက ဂိုးပေါက်နဲ့အနီးကပ်အနေအထားကနေ ပိတ်သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် အီတလီတို့တိုက်စစ်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘော့စနီးယားအသင်းရဲ့ တန်ပြန်တိုက်စစ်တွေက ပိုထိရောက်ခဲ့ပြီး ပထမပိုင်းမှာတော့ (ဝ-၁) ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အိမ်ကွင်းမှာ ချေပဂိုးရဖို့ အီတလီအသင်း တင်ကစားလာခဲ့ပြီး ပွဲချိန် (၄၉) မိနစ်မှာပဲ ချေပဂိုးရခဲ့ပါတယ်။ ဘာနာဒက်ခီရဲ့ ပေးပို့မှုကနေ အင်ဆစ်ဂ်နီက ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာ ဖြစ် ပါတယ်။အဲဒီနောက်မှာတော့ အီတလီအသင်းဟာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရရှိ လာတဲ့အခွင့်အရေးတွေကို တိုက်စစ်ပိုင်းက ကွာဂလီရယ်လာ အသုံးချနိုင်ခြင်းမရှိတာကြောင့် အီတလီတို့ နစ်နာခဲ့ရပါတယ်။ပထမပိုင်းက ကောင်းခဲ့တဲ့ ဘော့စနီးယားအသင်းဟာ ဒုတိယပိုင်းမှာတော့ အီတလီအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ရင်းနဲ့ပဲ အချိန်ကုန် ခဲ့ရပါတယ်။ အိမ်ကွင်းပရိသတ်အားနဲ့ အနိုင်ရဖို့ တောက်လျှောက်တိုက်စစ်ဖွင့်နေတဲ့ အီတလီအသင်းဟာ ပွဲချိန် (၈၆) မိနစ်မှာတော့ အနိုင်ဂိုးရ ခဲ့ပါ တယ်။ အင်ဆစ်ဂ်နီဖန်တီးပေးတာကို ကွင်းလယ်လူ ဗာရက်တီက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ကျန်ပွဲချိန်တွေမှာ ဘော့စနီး ယားအ သင်း ချေပဂိုးရဖို့ ကြိုးစားပေမယ့် အီတလီအသင်းက အကောင်းဆုံးထိန်းကစားခဲ့ပြီး အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီနိုင် ပွဲဟာ အီတလီအသင်းအတွက် ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ (၄) ပွဲကစား (၄) ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇ ယား ကို ဦးဆောင်နိုင်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *