ယူ-၂၀ ကမၻာ့ဖလားျပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ ကမၻာ႔ဖလား ဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့တဲ့ ေတာင္ကိုရီးယား

Premier League

ယူ-၂၀ ကမၻာ့ဖလားျပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ ကမၻာ႔ဖလား ဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့တဲ့ ေတာင္ကိုရီးယား
———————————

လက္ရွိမွာက်င္းပေနဆဲျဖစ္တဲ့ ဖီဖာ ယူ-၂၀ ကမၻာ့ဖလားျပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေတာင္ကိုရီးယားအသင္းဟာ အီေကြေဒါ အသင္း ကို တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ယူျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။ ေတာင္ကိုရီးယားအသင္းဟာ ယူ-၂၀ ကမၻာ့ဖလားျပိဳင္ပြဲသမုိင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ပြဲကစားခ်ိန္ (၃၉)မိနစ္မွာ ေတာင္ ကိုရီးယားအတြက္ ခ်ံဳဂ်မ္က အႏိုင္ဂိုးသြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ အီေကြေဒါအသင္းက ေခ်ပဂိုးရဖို႔ အစြမ္းကုန္ ၾကိဳး စားခဲ့ေပမယ့္လည္း ေတာင္ကိုရီးယားဂိုးသမား လီဂြမ္ယြန္က လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တယ္လုိ႔ သိရျပီး အီေကြေဒါအသင္းကို ေခ် ပဂိုးမေပးရေအာင္ တားဆီးကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဖီဖာ ယူ-၂၀ ကမၻာ့ဖလားျပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို ဇြန္လ (၁၅)ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ျပီးေတာ့ အီတလီကို (၁-၀)နဲ႔ အႏိုင္ကစားျပီး ဗိုလ္လုပြဲတက္ခဲ့တဲ့ ယူကရိန္းနဲ႔ ကစားသြားရမယ္လုိ႔ သိရပါတယ္။ အဆိုပါပြဲမွာေတာ့ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ျပီး ပြဲကစားခ်ိန္း (၆၅)မိနစ္မွာ ကြန္ႏိုပလီယာက ယူကရိန္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။(၇၉)မိနစ္မွာ ယူကရိန္း အသင္းဘက္က ကစားသမားတစ္ဦးထုတ္ပယ္ခံခဲ့ရေပမယ့္လည္း ယူကရိန္းက အႏိုင္ဂိုးကို အေကာင္းဆံုးထိန္းသိမ္းသြားႏိုင္ခဲ့ျပီး ဗိုလ္ လုပြဲတက္ခြင့္လက္မွတ္ကို ရရွိေအာင္ ယူႏိုင္ခဲ့ပါတယ္။ အာရွရဲ႕ အင္အားၾကီးအသင္းတစ္သင္းျဖစ္တဲ့ ေတာင္ကိုရီးယားအသင္းဟာ ပြဲ စဥ္တစ္ေလွ်ာက္ေျခစြမ္းျပႏိုင္ခဲ့ျပီး ဗုိလ္လုပြဲမွာ ယူကရိန္းကို အႏိုင္ယူကာ ဗိုလ္စြဲသြားမလား ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

[unicode]

လက်ရှိမှာကျင်းပနေဆဲဖြစ်တဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းဟာ အီကွေဒေါ အသင်း ကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ပွဲကစားချိန် (၃၉)မိနစ်မှာ တောင် ကိုရီးယားအတွက် ချုံဂျမ်က အနိုင်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ အီကွေဒေါအသင်းက ချေပဂိုးရဖို့ အစွမ်းကုန် ကြိုး စားခဲ့ပေမယ့်လည်း တောင်ကိုရီးယားဂိုးသမား လီဂွမ်ယွန်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်လို့ သိရပြီး အီကွေဒေါအသင်းကို ချေ ပဂိုးမပေးရအောင် တားဆီးကာကွယ်သွားနိုင်ခဲ့ပါတယ်။ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဇွန်လ (၁၅)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အီတလီကို (၁-ဝ)နဲ့ အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ယူကရိန်းနဲ့ ကစားသွားရမယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာတော့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ပွဲကစားချိန်း (၆၅)မိနစ်မှာ ကွန်နိုပလီယာက ယူကရိန်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။(၇၉)မိနစ်မှာ ယူကရိန်း အသင်းဘက်က ကစားသမားတစ်ဦးထုတ်ပယ်ခံခဲ့ရပေမယ့်လည်း ယူကရိန်းက အနိုင်ဂိုးကို အကောင်းဆုံးထိန်းသိမ်းသွားနိုင်ခဲ့ပြီး ဗိုလ် လုပွဲတက်ခွင့်လက်မှတ်ကို ရရှိအောင် ယူနိုင်ခဲ့ပါတယ်။ အာရှရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းဟာ ပွဲ စဉ်တစ်လျှောက်ခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ယူကရိန်းကို အနိုင်ယူကာ ဗိုလ်စွဲသွားမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *