ဘယ္လ္ဂ်ီယံအသင္းတြက္ ေျခစြမ္းျပ ဂိုးေတြတဒိုင္ဒိုင္း သြင္းယူေပးေနတဲ့ လူကာကူ ကို မာတီနက္ဇ္ ခ်ီးက်ဴးဂုဏ္ျပဳစကားဆို

Premier League

ဘယ္လ္ဂ်ီယံအသင္းတြက္ ေျခစြမ္းျပ ဂိုးေတြတဒိုင္ဒိုင္း သြင္းယူေပးေနတဲ့ လူကာကူ ကို မာတီနက္ဇ္ ခ်ီးက်ဴးဂုဏ္ျပဳစကားဆို
———————————

စေကာ့တလန္အသင္းကို ဘယ္လ္ဂ်ီယံက (၃-၀) နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ သြင္းဂိုး (၂)ဂိုးသြင္းယူေပးခဲ့တဲ့ ဘယ္လ္ ဂ်ီယံ နဲ႔ မန္ယူ တိုက္စစ္မွဴးလူကာကူကို နည္းျပမာတီနက္ဇ္က ခ်ီးက်ဴးဂုဏ္ျပဳသြားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြ မွာ ရာႏႈန္းျပည့္ႏိုင္ပြဲရရွိခဲ့ျပီး အုပ္စုတြင္းမွာ ရုရွကို (၃)မွတ္ျဖတ္ကာ ဦးေဆာင္ေနျပီလည္း ျဖစ္ပါတယ္။လူကာကူက ဘယ္လ္ဂ်ီယံအတြက္ အဖြင့္ဂိုးကို (၄၅)မိနစ္မွာ ေခါင္းတိုက္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အဆုိပါသြင္းဂိုးဟာ ဘယ္လ္ဂ်ီယံအတြက္ ေနာက္ဆံုး (၂၁)ပြဲမွာ (၂၅)ဂိုး ေျမာက္ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးျဖစ္ပါတယ္။ (၅၇)မိနစ္မွာ လူကာကူက ေနာက္ထပ္တစ္ဂိုးထပ္မံသြင္းယူခဲ့ျပီးေနာက္ ဘယ္လ္ဂ်ီယံကို ႏိုင္ပြဲအတြက္ စိတ္ခ်ေစခဲ့ပါတယ္။

မာတီနက္ဇ္ က ေျပာၾကားခဲ့ရာမွာေတာ့ “ လက္ေရြးစင္အသင္းကို အားေပးေနခဲ့တဲ့ ပရိသတ္ေတြကို ကၽြန္ေတာ္ အသိအမွတ္ျပဳခ်ီးက်ဴး ပါတယ္၊ လူကာကူက ေနာက္ဆံုး (၃)ရာသီအတြင္းမွာ အရမ္းေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပသႏိုင္ခဲ့တဲ့ ေကာင္ေလးတစ္ဦးပါ၊ သူက အခြင့္အေရးေတြအမ်ားၾကီးဖန္တီးေပးႏိုင္ခဲ့ျပီးဂိုးေတြလည္းအမ်ားၾကီး သြင္းယူေပးႏိုင္ခဲ့ပါ တယ္” “ စည္းကမ္းေကာင္းမြန္ျပီး ႏိုင္ငံတကာ ပြဲစဥ္ေတြမွာလည္း သူ ဘယ္ေလာက္ထိ စိတ္အားထက္သန္လဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္၊ တခါတေလမွာ သူ႔ကစားပံု မေကာင္း ရင္ ေတာ့ ကၽြန္ေတာ္ ၀မ္းနည္းရပါတယ္” လို႔ မာတီနက္ဇ္က ေျပာသြားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံ အသင္းမွာ ေျခစြမ္းျပ ဂိုးေတြသြင္ယူႏိုင္တဲ့ လူကာကူ ဟာ ယူႏိုက္တက္မွာေတာ့ အနာဂတ္မေသမခ်ာျဖစ္ေနျပီး အသင္းနည္းျပဆိုးလ္ရွားက သူ႔ကို ျပန္လည္ေရာင္းထုတ္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

[unicode]

စကော့တလန်အသင်းကို ဘယ်လ်ဂျီယံက (၃-ဝ) နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့တဲ့ ဘယ်လ် ဂျီယံ နဲ့ မန်ယူ တိုက်စစ်မှူးလူကာကူကို နည်းပြမာတီနက်ဇ်က ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေ မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး အုပ်စုတွင်းမှာ ရုရှကို (၃)မှတ်ဖြတ်ကာ ဦးဆောင်နေပြီလည်း ဖြစ်ပါတယ်။လူကာကူက ဘယ်လ်ဂျီယံအတွက် အဖွင့်ဂိုးကို (၄၅)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာ ဘယ်လ်ဂျီယံအတွက် နောက်ဆုံး (၂၁)ပွဲမှာ (၂၅)ဂိုး မြောက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်ပါတယ်။ (၅၇)မိနစ်မှာ လူကာကူက နောက်ထပ်တစ်ဂိုးထပ်မံသွင်းယူခဲ့ပြီးနောက် ဘယ်လ်ဂျီယံကို နိုင်ပွဲအတွက် စိတ်ချစေခဲ့ပါတယ်။မာတီနက်ဇ် က ပြောကြားခဲ့ရာမှာတော့ “ လက်ရွေးစင်အသင်းကို အားပေးနေခဲ့တဲ့ ပရိသတ်တွေကို ကျွန်တော် အသိအမှတ်ပြုချီးကျူး ပါတယ်၊ လူကာကူက နောက်ဆုံး (၃)ရာသီအတွင်းမှာ အရမ်းကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကောင်လေးတစ်ဦးပါ၊ သူက အခွင့်အရေးတွေအများကြီးဖန်တီးပေးနိုင်ခဲ့ပြီးဂိုးတွေလည်းအများကြီး သွင်းယူပေးနိုင်ခဲ့ပါ တယ်” “ စည်းကမ်းကောင်းမွန်ပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာလည်း သူ ဘယ်လောက်ထိ စိတ်အားထက်သန်လဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်၊ တခါတလေမှာ သူ့ကစားပုံ မကောင်း ရင် တော့ ကျွန်တော် ဝမ်းနည်းရပါတယ်” လို့ မာတီနက်ဇ်က ပြောသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံ အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်ယူနိုင်တဲ့ လူကာကူ ဟာ ယူနိုက်တက်မှာတော့ အနာဂတ်မသေမချာဖြစ်နေပြီး အသင်းနည်းပြဆိုးလ်ရှားက သူ့ကို ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *