ကစားသမားဘ၀ သြင္းဂိုး (၁၀၀)ျပည့္ေျမာက္ခဲ့တဲ့ ကိုင္လီယန္ အမ္ဘတ္ပီ

France Ligue 1

ကစားသမားဘ၀ သြင္းဂိုး (၁၀၀)ျပည့္ေျမာက္ခဲ့တဲ့ ကိုင္လီယန္ အမ္ဘတ္ပီ
—————————-

ျပင္သစ္ နဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မွဴး ကိုင္လီယန္အမ္ဘတ္ပီဟာ အန္ဒိုရာနဲ႔ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ ျပင္သစ္အတြက္ ဂိုး သြင္းေပးႏိုင္ခဲ့ျပီးေနာက္ ကစားသမားဘ၀ သြင္းဂိုး (၁၀၀) ျပည့္ေျမာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ပြဲခ်ိန္ အေစာပိုင္း (၁၁)မိနစ္မွာ ဘတ္ပီ က သြင္းယူႏိုင္ခဲ့တာျဖစ္ျပီးအသက္ (၂၀)အရြယ္မွာပဲ ကလပ္နဲ႔ႏိုင္ငံသြင္းဂိုး (၁၀၀) ျပည့္ေျမာက္သြားခဲ့တာ ျဖစ္ပါတယ္။ျပင္သစ္က (၄-၀) နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘတ္ပီရဲ႕ သြင္းဂိုးအပါအ၀င္ သာအူဗင္၊ ဘင္ယက္ဒါ၊ ဇူးမားတို႔က ျပင္သစ္အတြက္ အႏိုင္ဂိုးေတြ အသီးသီး သြင္းယူ ေပးခဲ့ၾကပါတယ္။ ကိုင္လီယန္ဘတ္ပီဟာ ကစားသမားဘ၀ ပြဲေပါင္း (၁၈၀)အထိ ကစားေပးခဲ့ျပီးေနာက္မွာ ကလပ္အသင္းအ တြက္ (၈၇) ဂိုး၊ ႏိုင္ငံအသင္းအတြက္ (၁၃)ဂိုးအထိ ရယူေပးထားႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ျပင္သစ္အတြက္ ျပီးခဲ့တဲ့ ကမၻာ့ဖလားျပိဳင္ပြဲမွာ (၄)ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ဘတ္ပီဟာ ျပင္သစ္လိဂ္ေရႊဖိနပ္ဆုကို ရရွိထားသူျဖစ္ျပီး ပီအက္စ္ဂ်ီအတြက္ (၃၃)ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ လူငယ္ကစားသမားဘ၀မွာပဲ ထူးျခားေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပ သေနခဲ့ျပီး အနာဂတ္ ေဘာလံုး ကမၻာ့မွာ ထြန္းေတာက္လာမယ့္ ၾကယ္တစ္ပြင့္အျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။ လူငယ္ က စားသမားေတြထဲမွာ ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးအျဖစ္ စံခ်ိန္တင္ထားခဲ့တဲ့ ဘတ္ပီဟာ ျပီးခဲ့တဲ့ရာသီ ဥေရာပေရႊဖိနပ္ဆုအတြက္ ဘာစီလို နာတိုက္စစ္မွဴး မက္ဆီနဲ႔ အၾကိတ္အနယ္ယွဥ္ျပိဳင္ႏိုင္ခဲ့ပါတယ္။ မက္ဆီက ဘာစီလိုနာအတြက္ သြင္းဂိုး (၃၆)ဂိုးအထိ အမွတ္ေပးပြဲမွာ သြင္းယူႏိုင္ခဲ့ျပီး ဘတ္ပီနဲ႔ (၃)ဂိုးကြာဟခဲ့ကာ ဥေရာပေရႊဖိနပ္ဆုကို ဆြတ္ခူးသြားခဲ့တာ ျဖစ္ပါတယ္။

[unicode]

ပြင်သစ် နဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကိုင်လီယန်အမ်ဘတ်ပီဟာ အန်ဒိုရာနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပြင်သစ်အတွက် ဂိုး သွင်းပေးနိုင်ခဲ့ပြီးနောက် ကစားသမားဘ၀ သွင်းဂိုး (၁၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲချိန် အစောပိုင်း (၁၁)မိနစ်မှာ ဘတ်ပီ က သွင်းယူနိုင်ခဲ့တာဖြစ်ပြီးအသက် (၂၀)အရွယ်မှာပဲ ကလပ်နဲ့နိုင်ငံသွင်းဂိုး (၁၀၀) ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ပြင်သစ်က (၄-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘတ်ပီရဲ့ သွင်းဂိုးအပါအဝင် သာအူဗင်၊ ဘင်ယက်ဒါ၊ ဇူးမားတို့က ပြင်သစ်အတွက် အနိုင်ဂိုးတွေ အသီးသီး သွင်းယူ ပေးခဲ့ကြပါတယ်။ ကိုင်လီယန်ဘတ်ပီဟာ ကစားသမားဘ၀ ပွဲပေါင်း (၁၈၀)အထိ ကစားပေးခဲ့ပြီးနောက်မှာ ကလပ်အသင်းအ တွက် (၈၇) ဂိုး၊ နိုင်ငံအသင်းအတွက် (၁၃)ဂိုးအထိ ရယူပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်အတွက် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ဘတ်ပီဟာ ပြင်သစ်လိဂ် ရွှေဖိနပ်ဆုကို ရရှိထားသူဖြစ်ပြီး ပီအက်စ်ဂျီအတွက် (၃၃)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားဘဝမှာပဲ ထူးခြား ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြ သနေခဲ့ပြီး အနာဂတ် ဘောလုံး ကမ္ဘာ့မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် အဖြစ်သတ် မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ လူငယ် က စားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီ ဥရောပရွှေဖိနပ်ဆုအတွက် ဘာစီလို နာတိုက်စစ်မှူး မက်ဆီနဲ့ အကြိတ်အန ယ်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ မက်ဆီက ဘာစီလိုနာအတွက် သွင်းဂိုး (၃၆)ဂိုးအထိ အမှတ်ပေးပွဲမှာ သွင်းယူနိုင်ခဲ့ပြီး ဘတ်ပီနဲ့ (၃)ဂိုးကွာဟခဲ့ကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *