ဝမ္ဘစ္ဆာကာကို ေခၚယူဖို႔ အဆင္မေျပခဲ့ပါက မက္စ္ေအရြန္စ္ကုိ ေခၚယူဖုိ႔ ျပင္ဆင္သြားမယ့္ မန္ခ်က္စတာယူႏိုက္တက္

Premier League

ဝမ္ဘစ္ဆာကာကို ေခၚယူဖို႔ အဆင္မေျပခဲ့ပါက မက္စ္ေအရြန္စ္ကုိ ေခၚယူဖုိ႔ ျပင္ဆင္သြားမယ့္ မန္ခ်က္စတာယူႏိုက္တက္
—————————-

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ခရစၥတယ္ပဲေလ့စ္ အသင္းရဲ႕ ညာေနာက္ခံလူ ျဖစ္သူ ဝမ္ဘစ္ဆာကာကို ေခၚယူဖို႔ အဆင္မေျပ ေသးဘဲ ခရစၥတယ္ပဲေလ့စ္ အသင္းဟာ သူတို႔ရဲ႕ ေနာက္ခံလူအတြက္ ေပါင္သန္း(၆၀) အလိုရွိေနတာျဖစ္ၿပီး ယူႏိုက္တက္ က ကနဦး စ တင္ကမ္းလွမ္းရာမွာ ေပါင္ သန္း(၄၀) နဲ႔ ကမ္းလွမ္းမႈကို ခရစၥတယ္ပဲေလ့စ္ အသင္းကပယ္ခ်သြားခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ လာမယ့္ရာသီအတြက္ ကစားသမားသစ္ေခၚယူမႈ ျပဳလုပ္ဦးမွာျဖစ္တယ္လို႔ အတည္ျပဳထားတာျဖစ္ၿပီး ေနာက္ခံလူတစ္ ေယာက္ မျဖစ္မေန ေခၚမယ့္ အေျခအေနမွာလည္းရွိေနပါ တယ္။

ခုေနာက္ဆံုးထြက္ေပၚလာတဲ့ သတင္းေတြအရ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဝမ္ဘစ္ဆာကာကို ေခၚယူဖို႔ အဆင္မေျပခဲ့ပါက ေနာ့ဝစ္ခ်္ အသင္းရဲ႕ ညာေနာက္ခံလူငယ္ကစားသမားေလး မက္စ္ေအရြန္စ္ကုိ ေခၚယူဖုိ႔ ျပင္ဆင္လာေၾကာင္း သိရွိ ရပါတယ္။ အသက္ (၁၉) ႏွစ္အ ရြယ္ အဆုိ ပါ ကစားသမားေလးဟာ ၿပီးခ့ဲတ့ဲ စက္တင္ဘာလကမွ လိဂ္ ပြဲဦးထြက္ ကစားခ့ဲျခင္း ျဖစ္ၿပီး PFA ကထုတ္ျပန္တ့ဲ တစ္ႏွစ္တာ လိဂ္ခ်န္ပီယံ ရွစ္ အေကာင္းဆံုးအသင္းမွာလည္း ပါဝင္ခ့ဲပါတယ္။ လူငယ္ေတြ အမ်ားစုနဲ႔ အသင္းကို ျပန္လည္တည္ေဆာက္ ဖို႔ျပင္ဆင္ေန တဲ့ ဆိုးလ္ရွား အတြက္ မက္စ္ေအရြန္စ္ က  မန္ခ်က္စတာယူႏိုက္တက္ဆီ ေရာက္ရွိလာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ ရမွာျဖစ္ပါ တယ္။

[unicode]

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ညာနောက်ခံလူ ဖြစ်သူ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ အဆင်မပြေ သေးဘဲ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ သူတို့ရဲ့ နောက်ခံလူအတွက် ပေါင်သန်း(၆၀) အလိုရှိနေတာဖြစ်ပြီး ယူနိုက်တက် က ကနဦး စ တင်ကမ်းလှမ်းရာမှာ ပေါင် သန်း(၄၀) နဲ့ ကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေ့စ် အသင်းကပယ်ချသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်ဦးမှာဖြစ်တယ်လို့ အတည်ပြုထားတာဖြစ်ပြီး နောက်ခံလူတစ် ယောက် မဖြစ်မနေ ခေါ်မယ့် အခြေအနေမှာလည်းရှိနေပါ တယ်။ခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပါက နော့ဝစ်ချ် အသင်းရဲ့ ညာနောက်ခံလူငယ်ကစားသမားလေး မက်စ်အေရွန်စ်ကို ခေါ်ယူဖို့ ပြင်ဆင် လာကြောင်း သိရှိ ရပါတယ်။ အသက် (၁၉) နှစ်အ ရွယ် အဆို ပါ ကစားသမားလေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ လိဂ် ပွဲဦးထွက် ကစားခဲ့ခြင်း ဖြစ်ပြီး PFA ကထုတ်ပြန်တဲ့ တစ်နှစ်တာ လိဂ်ချန်ပီယံ ရှစ် အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ လူငယ်တွေ အများစုနဲ့ အသင်းကို ပြန်လည်တည်ဆောက် ဖို့ပြင်ဆင်နေ တဲ့ ဆိုးလ်ရှား အတွက် မက်စ်အေရွန်စ် က မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိလာမလားဆိုတာကိုတော့ စောင့်ကြည့် ရမှာဖြစ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *