ဒီဂီယာ နေရာမှာ အ စားထိုးဖို့ အေဂျက် ဂိုးသမားကို ပစ်မှတ်ထားလာတဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ဒီဂီယာ နေရာမှာ အ စားထိုးဖို့ အေဂျက် ဂိုးသမားကို ပစ်မှတ်ထားလာတဲ့ မန်ချက်စတာယူနိုက်တက်
—————————–



[unicode]

The Sun ရဲ့ အဆိုအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမယ် လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီဂီယာ နေရာမှာ အ စားထိုးဖို့ အတွက် အေဂျက်စ်ဂိုးသမား အိုနာနာကို ပစ်မှတ်ထားနေတယ်လို့ သိရပါ တယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်စ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ရောက် အောင်စွမ်းဆော င်ပေး ထားနိုင် ခဲ့သူဖြစ်ပြီး အေဂျက်စ်အသင်းအတွက် ၄၆ ပွဲကစားထားပြီး ပေးဂိုးမရှိ ပွဲပေါင်း ၂၀ ရရှိအောင် စွမ်းဆောင်ပေးထား နိုင် သူတစ်ယောက် လည်းဖြစ်ပါတယ်။ပြီးခဲ့ရက်ပိုင်းအတွင်းက မန်ချက်စတာယူနိုက်တက် ဟာ အက်သက်လက်တီကိုမက်ဒရစ် ဂိုးသမား အိုဘက်လက်ခ်ကို စိတ်ဝင်စားနေ တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ ကစားသမားကိုယ်တိုင်က လည်း ငယ်ဘဝက အားပေးခဲ့ရတဲ့ အသင်းကို ပြောင်းရွှေ့ကစား ချင်တဲ့အကြောင်း ပြောဆိုထားဖူးတာရှိပါတယ်။ သို့ပေမယ့် အော့ဘလက်ခ် ကို ပေးချေရမယ့် တန်ဖိုးထက်စာရင်အိုနာနာရဲ့ တန်ကြေး ဟာ သန်း ၄၀ ဝန်းကျင်သာပေးချေရမှာဖြစ်တာမို့ ပြောင်းလဲပစ်မှတ်ထားခဲ့တာဖြစ် တယ်လို့ လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *